Wonu hyung ကငါ့ထက်သူ့ရည်းစားကိုပိုချစ်မှာပေါ့

497 66 0
                                    

ဟိုတစ်နေ့က Seokmin ပေးသွားတဲ့ အမှုတွဲဖိုင်ကိုကြည့်နေရင်းနဲ့ Mingyu ဘာဆက်လုပ်ရမှန်းတောာင်မသိတော့ဘူး သက်သေတွေအကုန်လုံးဖျောက်ဖျက်ခံထားရပြီး တရားခံဘယ်သူမှန်းအစရှာမရတဲ့ ဒီအမှုကိုဘာကြောင့်များစိတ်၀င်တစားဖြစ်သွားရတာပါလိမ့်
သူများတွေလက်လျှော့ထားတဲ့အရာမျိုးဆို Kim Mingyu တို့ကရအောင်လုပ်ပြချင်သည်။ အခုလည်းမူးယစ်ဆေး၀ါးတွေတန်ချိန်ပေါင်းမနည်းဖမ်းမိထားပြီး အဲ့တာကလည်း မှောင်ခိုစျေးကွက်မှာပထမဆုံးအကြိမ် ပမာဏအများဆုံးစံချိန်တင်ဖမ်းမိခဲ့တာ ဒါပေမဲ့ တရားခံကဘယ်သူမှန်းသဲလွန်စပိစိလေးတောင်မရှိဘဲ လုပ်သွားတဲ့သူတွေကပိရိလွန်းနေသည်။ ဆက်စဥ်းစားရင်ခေါင်းကိုက်တာဘဲရှိမယ်။ ညလည်းနက်နေပြီဆိုတော့ အိပ်ပျော်အောင်တော့အိပ်ရမှာဘဲ ဒါပေမဲ့ ဒီအမှုတွဲအကြောင်းက Mingyu ကိုမေးခွန်းပေါင်းများစွာနဲ့ အိပ်မပျော်အောင်လုပ်နေပြန်သေးသည် ။

______________________________________

" Aigoo..ငါရဲ့အားကိုးရတဲ့သူငယ်ချင်းလေး Lee Seokmin ဒီတစ်သက်အိပ်ယာကထဖို့အစီအစဥ်ရောရှိရဲ့လား ဟမ် ???"

ဆေးရုံမှာအနားယူနေရတဲ့ Mingyu ထက်ပိုပင်ပန်းနေတာကတော့ အကောင်းစားသူငယ်ချင်းလေး Seokmin ပါ။ Mingyu ဘေးနားမှာတစ်ချိန်လုံးနေနေရတော့ သူလည်း အပြည့်အ၀အနားမယူနိုင်ဘဲ ရတဲ့နေရာမှာ ဖြစ်သလိုဘဲ အိပ်နေရင်း Mingyu ကိုယ်တိုင်အော်ခေါ်ပြီးနှိုးရတဲ့ အဆင့်ထိ

" အမ်.. ဘာလဲ ?? နိုးနေပြီလား ...
ပြန်အိပ်လိုက်အုံး အစောကြီးရှိသေးတယ်
၀ါး ~ ~ ~ "

ဆက်နှိုးနေရင်လည်းထမှာမဟုတ်တာကြောင့်လေကုန်ခံပြီး နှိုးမယ့်အစား ကိုယ့်ဟာကိုနေတာကဘဲပိုကောင်းသည် ။ အစောကြီးနိုးနေတာကြောင့် Mingyu ရဲ့အတွေးတွေကဟိုရောက်ဒီရောက် ...
ပြတင်းပေါက်နားမှာထိုးထားတဲ့ ပန်းလေးတွေကိုတွေ့တော့ Wonwoo hyung ကို
သတိရမိသည် ။ သူ့ရဲ့စာကြည့်စားပွဲနားမှာ အလှပန်းအိုးလေးတစ်အိုးအမြဲတမ်းထားတတ်တာ ဒါမှမဟုတ်လည်း ဘွန်ဇိုင်းပင်လေးတစ်ပင် အပင်လေးတွေရှိတာက စိတ်ကိုကြည်လင်စေတယ်ဆိုပြီးတော့ပေါ့ ဒါပေမဲ့ Mingyu ရောက်သွားတိုင်း ပန်းအိုးကကွဲရင်ကွဲ ဒါမှမဟုတ် အပင်တွေကျိုး တစ်ခုမဟုတ်တစ်ခုကတော့ဖြစ်စမြဲဘဲ ဂနာမှမငြိမ်တာ စာလုပ်နေတဲ့ Wonwoo ပေါင်ပေါ်တက်ထိုင်ပြီး သူသိတာလည်းမဟုတ်ဘဲနဲ့ စာတွေလျှောက်မေး သူမေးသမျှပေါက်ကရမေးခွန်းတွေကိုမငြီးမငြူဘဲ စိတ်ကျေနပ်အောင်ဖြေပေးရတဲ့ Wonwoo မဖြေဘဲနေရင်လည်းစိတ်ကကောက်သေးဆိုတော့
တကယ်တော့ Wonwoo ကို အကိုရင်း Junhui ထက်တောင်ပိုပြီးကပ်ခဲ့တာ

Stay By My Side Where stories live. Discover now