" Hyung ဘေးမှာ ကျွန်တော်ရှိမှဖြစ်မှာ "

523 62 4
                                        

Wonwoo ပြန်မသွားချင်တဲ့အတိတ်ကို ခဏတာရောက်သွားမိသည်။ နိုင်ငံခြားမှာရှိနေတဲ့အချိန်ခဏအတွင်း Seungcheol hyung ရဲ့ မိတ်ဆက်ပေးမှု​နဲ့ Seo Yujin ဆိုတဲ့အမျိုးသမီးကိုစတွေ့ခဲ့သည်။ Seungcheol hyung တို့နဲ့ လုပ်ငန်းပါတနာဆိုတဲ့ အဆိုပါအမျိုးသမီးက Wonwoo ရဲ့စိတ်အာရုံကို အပြည့်အ၀ဖမ်းစားနိုင်ခဲ့သည့် ပထမဆုံးသောသူ
အချစ်ဆိုတဲ့အရာကို ပထမဆုံးထိတွေ့ဖူးသည့် Wonwoo တစ်ယောက် Seo Yujin နှင့်ပတ်သက်လာရင် ဆတ်ဆတ်ထိမခံ အရာအားလုံးကို သူမအတွက်သာ ပုံအပ်ခဲ့သည်။
ရိုးသားလွန်းသည့်သူဖြစ်လေတော့လည်း Seo Yujin ပြောသမျှကို ယုံကြည်ခဲ့သည်။

*Flash back*

" Yujin မင်းဟိုတစ်နေ့က ယောကျာ်းတစ်ယောက်နဲ့ hotel ထဲ၀င်သွားတာ တွေ့လိုက်တယ်...

" အလုပ်ကိစ္စပြောဖို့ပါ ကိုရဲ့ "

" ည ၁၀ နာရီကျော်နေပြီကို Hotel မှာပဲပြောမှဖြစ်မှာလား ဟမ် ?? "

Wonwoo ဒါမျိုးတွေကြားနေရတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ကိုယ်တိုင်မြင်မှပဲ ယုံတော့သည်။ Seungcheol ကိုယ်တိုင်ကလည်း လုပ်ငန်းပါတနာဖြစ်နေပေမဲ့ Seo Yujin အကြောင်းကို သေချာသိနေတာကြောင့် Wonwoo ကို သတိပေးသော်လည်း နားမ၀င်ခဲ့။

" ကျွန်မက အကို့ကိုပဲချစ်တာလေ ဒါတွေက အလုပ်သဘောအရပါ အကိုလည်း သိရဲ့သားနဲ့ နိုင်ငံရပ်ခြားမှာအလုပ်လုပ်ရတာ လွယ်တာမှမဟုတ်တာ "

" မင်းဘယ်လို မိန်းမလဲ ?? ဘာလို့ ဘာမှမဖြစ်သလိုပြောနိုင်ရတာလဲ ??
ဒီတိုင်းဆို ငါတို့ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူး။ သည်းခံနိုင်တယ်ဆိုတာလဲ အတိုင်းအတာရှိတယ် "

" ရတယ်လေ ဒီမှာ Jeon Wonwoo ကျွန်မကလည်းရှင့်ကို တကယ်ချစ်တယ်ထင်လို့လား ?? ကျွန်မကို ငမ်းငမ်းတက်ဖြစ်နေတဲ့ ရှင့်ပုံစံက သနားစရာကောင်းလို့ ကျွန်မက ကယ်တင်ပေးလိုက်တဲ့သဘောပဲ...နားလည်လား ရှင့်ပုံစံကသနားစရာကောင်းနေလို့ "

_______________________________________

Wonwoo ခေါင်းကိုခါထုတ်လိုက်ရင်း လည်ချောင်းထဲကို ခပ်ရှိန်းရှိန်းအရည်တွေ စီးဆင်းစေလိုက်သည်။ မဲ့ပြုံးတစ်ခုနဲ့ ကိုယ့်ဘ၀ကိုယ်လှောင်ရယ်နေမိသည်ပေါ့
Seo Yujin ဘာအကြံအစည်တွေရှိနေပြန်ပြီလဲ ??
_______________________________________

Stay By My Side Where stories live. Discover now