နိုးလာတာမကြာသေးတာကြောင့် Mingyu သေချာလှုပ်ရှားလို့မရ အစာမာမာတွေလည်းစားလို့မဖြစ်တာကြောင့် Seokmin ရဲ့မေမေထည့်ပေးလိုက်တဲ့ ဆန်ပြုတ်ကိုဘဲအားကိုးနေရသည် ။ သူငယ်ချင်းလေး Seokmin ကတော့ Mingyu ဘေးနားကနေ တစ်ဖ၀ါးမှမခွာဘဲ ဆန်ပြုတ်တွေတစ်ဇွန်းပြီးတစ်ဇွန်းခွံ့နေသည်။
" Kim Mingyu နောက်တစ်ခါမင်းစိတ်တိုင်းကျမလုပ်နဲ့နော် နောက်ကလိုက်ရှင်းရမယ့်ငါကမလွယ်ဘူးကွ ..ဟွန်း ..."
"အေးပါ နောက်မဖြစ်စေရဘူး ...
" ဟက်.. ပြောလိုက်ရင် အဲ့တိုင်းကြီးဘဲ ပြီးရင်လုပ်ချင်တာလုပ်တာဘဲကို ကျက်သရေကိုမရှိဘူး .."
Seokmin စိတ်ချမ်းသာအောင်ပြောပေမဲ့ သူ့အကြောင်းကိုသိနှင့်ပြီးသားဘဲမလား.....
ထိုအချိန်တွင် Mingyu ကိုဆေးသွင်းပေးရန်အတွက် nurse ရောက်လာသည်။ nurse၏အနောက်မှာတော့ သူသတိရခါစကတွေ့လိုက်ရသည့် Dr.Jeon .....
"ဆန်ပြုတ်တောင်သောက်နိုင်နေပြီဘဲ တဖြည်းဖြည်းသက်သာလာမှာ စိတ်မပူနဲ့နော် ...."
ကရုဏာအပြည့်နဲ့ပြောနေတဲ့ Dr ရဲ့မျက်နှာကို Mingyu စိုက်ကြည့်နေမိသည်။ သူနဲ့ရင်းနှီးနေသည့်မျက်နှာပင်....သို့သော်ဘယ်လိုမှပုံဖော်ကြည့်လို့မရ...ဆေးသွင်းနေရင်း အရေးပေါ်လာခေါ်တာတာကြောင့် Dr Jeon ကအရင်ထွက်သွားသည်။ Nurse ကိုမေးကြည့်မှဖြစ်မယ်....
" ဟိုလေ ဆရာမ ခုနက Dr ကကျွန်တော့်ကိုကုပေးခဲ့တာလား ..."
" Dr.Jeon လား ? ဟုတ်တယ်လေ သူကဒီဆေးရုံမှာအတော်ဆုံးခွဲစိတ်ဆရာ၀န်ဘဲ..
ဒီကလူနာလဲနေတုန်းကဆို Dr ကတအားစိတ်ပူနေတာလေ ပုံမှန်ထက်ပိုပြီးတော့ ဟိ .."
" ဒါနဲ့ အဲ့ Dr နာမည်ဘယ်လိုခေါ်လဲဗျ ? ကျွန်တော့်ကိုအများကြီးစိတ်ပူပေးထားလို့နာမည်တော့သိသင့်တယ်ထင်လို့ပါ ..."
" Dr နာမည်က Jeon Wonwoo လေ အရမ်သဘောကောင်းတဲ့ဆရာပေါ့ "
" Jeon....Jeon Wonwoo ....တဲ့လား !! မဖြစ်နိုင်တာ ငါဒီလောက်မုန်းနေတဲ့သူလား သူက..သူကငါ့ကို ...ကယ်ပေးလိုက်တာလာ..?? "
မဖြစ်နိုင်လောက်ဘူးတွေးနေပေမဲ့ တကယ်ဘဲ Jeon Wonwoo ဖြစ်နေခဲ့တာပေါ့ ၁၃ နှစ်ကျော် ဝေးကွာနေခဲ့တော့ Wonwoo ရဲ့ရုပ်ကိုသူမမှတ်မိခဲ့တာ ပြန်တွေ့ရတော့လည်း သူ့ပုံစံက သနားစရာကောင်းလွန်းနေပြန်တယ်။
YOU ARE READING
Stay By My Side
ФанфикшнHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu
