Wonwoo ရဲ့ ခပ်နွေးနွေးအသက်ရှူသံက Mingyu ရဲ့ လည်ပင်းတစ်လျှောက်ကို ဖြေးဖြေးချင်း ထိခတ်နေသည်။ ချွေးအနည်းငယ်စိုနေတဲ့ လည်ပင်းတစ်၀ိုက်မှာ Wonwoo ရဲ့ အသက်ရှူသံသဲ့သဲ့ကြောင့် ခြေက်သွေ့အေးစက်လာသည်။
Mingyu's pov
" Hyung ရဲ့အသက်ရှူသံက ကျွန်တော့်ကို အသက်ရှုရပ်အောင်လုပ်နေသလိုပဲ...တစ်ခါလေးပဲဖက်ထားမိတာ တစ်သက်လုံးမလွှတ်ချင်တော့ဘူး...
ချစ်တယ် hyung ကျွန်တော်ပြောတာ ကြားရဲ့လား?? ချစ်တယ်လို့ ...."
Wonwoo's pov
" ဘာလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ ခွေးပေါက်လေးရဲ့?? ဖက်ထားတာကိုလည်း လွှတ်စမ်းပါအုံး.... တကယ်ရူးတော့မှာပဲ "
တစ်ထွာသာသာတောင်မကွာတဲ့အနေအထားမှာ Kim Mingyu စိတ်တိုင်းကျလုပ်ပစ်လိုက်ချင်သည်။
" Hyung ကကျွန်တော့်အပိုင် " ဆိုပြီး တစ်ခါထဲအမှတ်အသားလုပ်ပေးလိုက်ရင်ကောင်းမလား ......
" yah.... လွှတ်အုံးလေ !! "
" အာ.. sorry ! Hyung ပြုတ်ကျသွားတယ်ထင်လို့ ဟီး... ဟီး.. "
Wonwoo ပြောမှပဲ သူ့လက်ကိုလွှတ်ဖို့ သတိရတော့တယ်။နှစ်ယောက်သား ရှက်ကိုးရှက်ကန်းဖြစ်နေတာကြောင့် အကြည့်ချင်းလွှဲထားကြပြီး တော်တော်ကြာတဲ့အထိ စကားလည်းမပြောဖြစ်ကြ
" Hyung !! အဲ့တာ ငံပြာရည်လေ !! "
" အော်.... ဟုတ်သားပဲ "
Jeon Wonwoo တစ်ယောက် အာခြောက်နေတယ် ထင်ပါရဲ့ ရေပုလင်းထင်ပြီး ငံပြာရည်ပုလင်းကြီးကောက်မော့ဖို့လုပ်နေတာ
သူ့ကလေးပြောမှပဲ....
" ငံပြာရည်တွေသောက်ပြီး တစ်သက်လုံးရေငတ်နေရင်တော့လား... ဟင်း ဟင်း.. "
(" ဟင်း ... ဟင်း.. ကဘာတုန်း ကင်မ်မင်ကယူရဲ့ 🌚)
Wonwoo လည်းဘာမှမပြောပဲ ဧည့်ခန်းထဲကိုလျှောက်လာလိုက်တယ်။ ကြာကြာဆက်နေရင် ပိုပြီးအနေခက်တာပဲရှိမယ်လေ။
Mingyu က ဘာတွေပြောနေမှန်းမှမသိတာ
ဧည့်ခန်းထဲမှာ TV ထိုင်ကြည့်နေတဲ့ သူ့အကိုကို မီးဖိုချောင်ထဲကနေ ချောင်းကြည့်ပြီး Mingyu ကတော့တခွိခွိနဲ့
နေရခက်နေတဲ့ရုပ်နဲ့ တောင့်တောင့်ကြီးက ဘာမှမဖြစ်သလို TV ထိုင်ကြည့်နေတာ
မျက်နှာပေးကို သေချာထိန်းရင်း Wonwoo ဘေးနားမှာ ၀င်ထိုင်လိုက်သည်။
YOU ARE READING
Stay By My Side
FanfictionHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu
