Wonwoo နဲ့ Mingyu နှစ်ယောက်ထဲကျန်ခဲ့တဲ့ပတ်၀န်းကျင်အခြေအနေကတကယ့်ကိုအေးစက်စက် တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းဆုံမိမှာစိုးလို့ တမင်တကာ မျက်နှာလွှဲထားတဲ့ Wonwoo ကြောင့် Mingyu ပိုနာကျင်ရသည်။ မျက်မှန်၀ိုင်းလေးတွေထဲက မျက်လုံးမှေးမှေးလေးကိုမရမကလိုက်ကြည့်နေမိတာကိုက Wonwoo hyung ကိုအနေရခက်နေစေနေတာလား
" Mingyu-yah အခန်းထဲမှာဘဲနေရတာ ပျင်းတယ်ဆိုရင် အပြင်ထွက်ရင်ထွက်လေ
ဒီနားဟိုနား လမ်းလျှောက်တာလောက်တော့ရပါတယ် ..."
Wonwoo hyung ဘက်ကစကားစပြောလာလို့ပျော်ရတယ်ဆိုပေမဲ့ ဘာလို့ ကျွန်တော့်ကို တစ်ချက်လေးတောင်လှည့်မကြည့်တာလဲ
အပြစ်လုပ်ထားတဲ့လူလိုမျိုး ဘာလို့ကျွန်တော်နဲ့ မျက်လုံးချင်းမဆုံနိုင်ရတာလဲ
" ကျွန်တော်လည်းအခန်းထဲမှာနေရတာ မွန်းကြပ်တယ်... အပြင်ထွက်ချင်ပေမဲ့ ဟိုကောင် Seokmin က Dr.Hong နဲ့ပါသွားတယ်လေ ..."
" အာ... ဟုတ်သားဘဲ Seokmin shii က Dr.Hong နဲ့ပါသွားတာကိုး ဒါဆို သူပြန်လာရင်သွားပေါ့ အကြာကြီးတော့မနေနဲ့နော် .."
ဟင့် တုံးလိိုက်တာ Jeon Wonwoo Seokminnie မရှိရင် Hyung လိုက်ပို့ပေါ့
သူများလိုက်ပို့မလားလို့ စကားခေါ်တာကို
ဘာဆိုဘာမှမသိတဲ့ Jeon Wonwoo ဘဲ ဟက် ....
" Seokmin shii မရှိတော့ ငါလိုက်ပို့ပေးလိုက်ရမလား အာ... မဟုတ်သေးပါဘူး သူငါ့ကိုစိတ်ဆိုးနေတာမလား "
ဒီကောင်လေးသူ့ကိုစိတ်ဆိုးနေအုံးမှာကို သူလိုက်ပို့မယ်ပြောရင် ခါးခါးသီးသီးကိုငြင်းမှာပေါ့ Kim Mingyu ခေါင်းကတော်ရုံတန်ရုံမာတာမှမဟုတ်တာ ဒါပေမဲ့ Mingyu ပြောလိုက်တဲ့စကားကြောင့် Wonwoo ရုတ်တရက် ကြောင်သွားသည်။ သူနားသူမယုံနိုင် သူတကယ်ကြားလိုက်တာရော ဟုတ်ရဲ့လား
" ဒါဆို Hyung လိုက်ပို့ပေးမလား ?? "
Hyung ဆိုတဲ့ နာမ်စားကိုသုံးပြီး ခွေးပေါက်လေးတစ်ကောင်လို မျက်လုံးကြည်ကြည်လေးတွေနဲ့ သနားစရာကောင်းအောင်ပြောနေတဲ့ ကောင်လေးက Mingyu ရောဟုတ်ရဲ့လား
~ ~ ~ ~ ~ ~ ~
Wonwoo hyung ကိုလိုက်ပို့ပေးဖို့ပြောပြီး ကျွန်တော်ရဲ့စိတ်ရင်းကိုအမှန်တိုင်းပြောပြသင့်ပြီလို့ထင်တယ် ဘယ်လိုဘဲဖြစ်ဖြစ် Wonwoo hyung ကိုတောင်းပန်ရမယ် ကျွန်တော့်ကြောင့်နဲ့ Wonwoo hyung က သူ့ကိုယ်သူအပြစ်တင်ပြီးနေနေမှာကို ကျွန်တော်မမြင်ချင်တော့ဘူး အထူးသဖြင့် သူကျွန်တော့်ကို ဂရုမစိုက်တော့လို့
YOU ARE READING
Stay By My Side
FanfictionHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu
