Mingyu ဆေးရုံကဆင်းသွားတာ ၁ လနီးပါးရှိတော့မယ်။ လူဆိုးလေးက စိတ်ဆိုးပြီး သွားတာဆိုတော့ တွေ့တောင်မတွေ့လိုက်ရဘူး။ ဒီတိုင်းသာဆို Mingyu နဲ့ထပ်ပြီးအဆက်အသွယ်ပြတ်သွားအုံးမယ်နဲ့တူပါရဲ့
" ကျေးဇူးပြုပြီး နောက်တစ်ခေါက်ထပ်မဖြစ်ပါရစေနဲ့ "
~ Ph vibrate ~~
" Jun-ahh ~~ yahh မင်းကငါ့ကို ph မဆက်တာတော်တော်ကြာပြီနော် "
" ငါဒီမှာအလုပ်တွေရှုပ်နေလို့ပါကွာ အမေနဲ့ အဖေကဆေးရုံသစ်ဖွင့်ဖို့ ကိစ္စကို ငါ့ကိုတာ၀န်ပေးထားလို့ဟေ့... ဒါနဲ့ နောက်တစ်ပတ်ကျရင် ငါတို့ Korea ကိုလာမလို့ ..."
" အလုပ်တွေကျန်သေးလို့လား ? "
" အလုပ်တွေလည်းရှိသေးတယ် Mingyu ကိုလည်းတစ်ချက်လာကြည့်ရင်းပေါ့ ဒီကောင်လေးအလုပ်များတယ်နဲ့တူပါရဲ့ ငါတို့ကို ph တောင်မဆက်အားဘူး။ "
ကြည့်ရတာ Mingyu ကိစ္စတွေကို Junhui တို့မသိဘူးနဲ့တူတယ် အေးဆေးဖြစ်နေပုံထောက်ရင်တော့ Mingyu တစ်ယောက် အိမ်ကလူတွေစိတ်ပူမှာစိုးလို့ဘာမှမပြောတာဖြစ်မယ်
" ငါပြောမလို့ နောက်တစ်ပတ်ပြန်လာရင် အိမ်မှာငါတို့ညစာအတူစားကြမယ်လေ အဖေနဲ့အမေကလည်း မင်းကိုတွေ့ချင်နေတာ အဆင်ပြေတယ်မလား ?"
" အင်း ရတယ်လေ ရတာပေါ့ နောက်တစ်ပတ်မလား ရတယ် ငါလာခဲ့မယ် ငါလည်း ဦးလေးတို့ကိုတွေ့ချင်နေတာဆိုတော့ အတော်ဘဲ "
Wonwoo ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။ သူ့ရဲ့ အရှုပ်ထုပ်လေးနဲ့တွေ့ရမယ့် မဟာအခွင့်အရေးကြီးကို လက်လွှတ်လို့တော့မဖြစ် ဒါပေမဲ့ Kim Mingyu ဆိုတဲ့ ပေကပ်ကပ်လေးက သူလာမယ်မှန်းသိရင် အိမ်ကိုလာပါ့မလား?? ဘာဘဲဖြစ်ဖြစ် သူ့အဖေရဲ့ တစ်ချက်လွှတ်အမိန့်ကိုလွန်ဆန်ရဲမှာမဟုတ်ဘူး။
" ဒါနဲ့ ငါတစ်ယောက်ထဲလား Jisoo ကိုရော?"
" အမလေး !! ဟုတ်ပါ့ Hong jisoo တစ်ယောက်လုံးကိုမေ့နေတာ သူ့ပါခေါ်ရမှာပေါ့ကွ ငါ့မှာပြေးကြည့်မှ ဒီသူငယ်ချင်းနှစ်ယောက်ထဲရှိတာကို ..."
" ဟဟ အေးပါ Jisoo ကိုပါခေါ်လာခဲ့မယ် "
" ငါသူ့ကိုမေ့သွားတာ သွားမပြောနဲ့နော် တော်ကြာငါ့ကိုစိတ်ကောက်နေအုံးမယ် ဟူး ~ "
" ....................."
YOU ARE READING
Stay By My Side
FanfictionHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu