Mingyu ရဲ့တာ၀န်ခံဆရာ၀န် Dr.Hong ကိုတစ်ရက်လောက်တော့စကားပြောကြည့်ချင်မိတယ်။ ဟိုတစ်နေ့က Seokminြ အိပ်ချင်မူးတူးဖြစ်နေတဲ့အချိန် Dr.Hong Mingyu ဆီရောက်လာတုန်း မနက်စောစောပြတင်းပေါက်ကနေခြည်နုနုလေးအောက်မှာသူ့မျက်နှာလေးကို ခိုးကြည့်နေမိတာ ဒီလူသားလှလွန်းသည်။
ဒီနေ့တော့ Seokmin စောစောနိုးနေသည်။ Dr.Hong လာရင်သူ့ရဲ့အိပ်ပုတ်ကြီးတဲ့ပုံစံကိုထပ်မြင်လို့မဖြစ်ဖူးလေ ဒီတစ်ခေါက်တော့သေချာပေါက်စကားပြောကြည့်ရမည်။" Yahh Lee Seok Min ! မင်းဘာဖြစ်နေတာတုန်း ဂနာကိုမငြိမ်ဘူး ထိုင်လိုက်ထလိုက်နဲ့ "
" အာ.. ဘာမှမဖြစ်ပါဘူး "
" အော် သိပြီ Dr.Hong လာမှာစိုးလို့မလား ဟိုတစ်နေ့က မင်းသေနေတဲ့ပုံကိုမြင်သွားလို့လေ ထပ်ပြီးအရှက်ကွဲမှာစိုးလို့ စောစောထနေတာဘဲ "
"မဆိုင်ပါဘူးကွာ ငါ့ဟာငါစောစောနိုးနေတာ "
Seokmin မျက်နှာအနည်းငယ်နီသွားပြီး စကားတွေတောင်ထစ်ကုန်သည်။ Mingyu ပြောသလိုဘဲ Dr.Hong ကိုမျှော်နေတာကိုး သူစောစောထပြီး စောင့်ပါတယ်ဆိုမှ Dr.Hong ကမလာဘူး ရောက်လာရင်တော့ကြံဖန်ဇာတ်လမ်းဆင်ပြီး မရရအောင်စကားပြောရမယ် ဟွန့်
"ဒေါက် ဒေါက် !! "
" Mingyu shii နိုးနေပြီဘဲ "
ဟော ပြောရင်းဆိုရင်း Dr.Hong ရောက်လာပါပြီ Seokmin အစောကြီးထပြီးစောင့်ရကျိုးနပ်တာပေါ့ ဟိဟိ
ဒါပေမဲ့ Dr.Hong နောက်မှာက Wonwoo
Mingyu မျက်နှာမှာပန်းနုရောင်အလင်းတန်းလေးဖြတ်ပြေးသွားသည်။ သူအရမ်းတွေ့ချင်နေတဲ့ Wonwoo hyung ကနောက်ဆုံးတော့ရောက်လာခဲ့ပြီ။သူ့ဘာသူပဲလာတာလား Dr.Hong ခေါ်လာတာလားတော့မသိ ဘာဘဲဖြစ်ဖြစ်ဒီနေ့တစ်ရက်လုံးကိုတော့ပြုံးပြုံးကြီးဖြတ်သန်းရပေအုံးမည်။
သို့သော်လည်းမျက်နှာကိုအနည်းငယ်ပြန်တည်လိုက်ပြီး" ဟုတ်ကဲ့ ကျွန်တော်ကအမြဲတမ်းစောစောနိုးပါတယ် ဟိုကာလနဂါးကသာ မထတာ ဟင်း "
" Yah Kim Mingyu !! "
ငယ််ငယ်တုန်းကကျောင်းသွားဖို့နှိုးရရင် ၁၀နှစ်လောက်ကြာတဲ့သူက ခုတော့အမြဲတမ်းစောစောနိုးပါတယ်တဲ့လား Wonwoo နှုတ်ခမ်းသားလေးနှစ်ခုကိုအသာလေးဖိပြီ ရယ်မိပြန်သည်။ ပြီးတော့သူငယ်ချင်းကိုပါဆွဲထည့်လိုက်သေး
YOU ARE READING
Stay By My Side
FanficHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu