တာရာစိတ်ညစ်ညစ်နဲ့အိမ်ကထွက်လာပြီးကျောင်းသို့ရောက်လာခဲ့တယ်။ကျောင်းရှေ့တွင်မတ်တပ်ကြီးရပ်ပြီးကျောင်းကြီးကိုသာငေးကြည့်နေမိတယ်။ဘာလို့လဲ......ဘာလို့ငါတစ်ခါမှမမြင်ဘူးမတွေ့ဘူးတဲ့သူနဲ့လက်ထက်ကမယ်တဲ့.....ဟာ.....
တာရာအတွေးတွေကိုလက်စဖျောက်ပြီခေါင်းကိုခါးရမ်းလိုက်တယ်။
''အွန့်...''
ထွန်းထွန်းကတာရာကိုတွေ့တာနဲ့နောက်ကနေသိုင်းဖတ်လိုက်တယ်။တာရာလဲလန့်ပြီးနောက်လှည့်ကြည့်တော့ထွန်းထွန်းဖြစ်နေတယ်။လူကစိတ်ညစ်နေရတဲ့ကြားထဲသူကတစ်မျိုး....
''ဖယ်စမ်းပါကွာ!''
တာရာ ထွန်းထွန်းကိုတွန်းလွှတ်လိုက်သည်။
''မင်းကလဲချေလိုက်တာ''
''အယ်....ငါသူငယ်မျက်နှာမကောင်းပါလား...ဘာဖြစ်နေတာလဲ''
''ပြီးမှပြောပြမယ်....ဟိုကောင်ကျော်သူကော''
''ကန်တင်းမှာဖြစ်မှာပေါ့....လာသွားမယ်''
ထွန်းထွန်းနဲ့တာရာ ကန်းတင်းဘက်သို့ထွက်လာခဲ့သည်။ထင်တဲ့အတိုင်းဘဲကျော်သူစားသောက်ဆိုင်ထဲတွင်စာထိုင်ဖတ်နေသည်။
''ဟေ့ရောင်....!မင်းကလဲနော်ကျောင်းပြီးတာနဲ့နိုင်ငံခြားသွားရမယ်ဆိုတော့စာတွေကြိုးစားနေလိုက်တာများမပြောချင်ဘူး''
''မဟုတ်ပါဘူးကွာ....ဒီလိုပါ....ဟင်...တာရာဘာဖြစ်နေတာလဲမျက်နှာလဲမကောင်းပါလား။ဘာလဲတစ်ခုခုဖြစ်လာခဲ့လို့လား''
ကျော်သူကမေးလိုက်တော့တာရာခေါင်းလေးငြိမ့်ရုံသာပြန်ဖြေသည်။ထိုအခါထွန်းထွန်းမှ
''မင်းပြောတော့ပြောပြမယ်ဆို...ပြောပြအမြဲတမ်းပြုံးပျော်နေတဲ့ငါသူငယ်ချင်းလေးကဒီလိုကြီးမှိုင်နေတော့ငါမနေတတ်ဘူးကွ''
တာရာလဲသက်ပျင်းကို..ဟင်း...ခနချပြီးစကားစလိုက်တယ်
''ငါလက်ထပ်ရတော့မယ်''
''ဘာ!''
ကျော်သူနဲ့ထွန်းထွန်းနှစ်ယောက်ပြိုင်တူအော်လိုက်ချင်းဖြစ်သည်။''မင်း....တကယ်ပြောနေတာလား''
''ဒီလိုကိစ္စမျိုးကိုငါလိမ်မလားကွ''
YOU ARE READING
Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)
Romance.....ငါမင်းကိုမချစ်ဘူးဒါပေမယ့်ဘာကြောင့်ငါစိတ်တွေကမင်းဆီမှာဘဲရှိနေရတာလဲငါနာမလည်ဘူး...... # သိုက်မင်းဆက် ................................... .......ကျွန်တော်အမြဲတမ်းကိုကို့ကိူကြည့်ခဲ့တယ်အမြဲတမ်းလဲနာလည်ပေးခဲ့တယ...