ep-18

415 26 1
                                    

''ဖွားဖွားရေပြန်လာပါပြီ''

''အမယ်လေး လာပါရှင့် သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရဲ့လားပြောပါအုံး''

တာရာလေးအိမ်ပြန်ရောက်တာနဲ့အဖွားဖြစ်သူကိုအော်ခေါ်ကာအိမ်ထဲသို့ဝင်လာသည်။အဖွားဖြစ်သူကလဲတာရာကိုမချစ်ရှာဘူးဆိုတော့တာရာကိုဧည့်ခန်းထဲမှာခေါ်ပြီးကိုဖက်ပြီးကိုစကားပြောနေတာ....ဘေးနားမှာရှိတဲ့သိုက်ကမသိရင်သူစိမ်းကြနေတာဘဲ မသိတဲ့သူတွေတွေ့ရင် တာရာနဲ့အဖွားနဲ့ကမြေးအရင်းကိုယ်နဲ့ကြတော့မြေးအရင်းမဟုတ်တဲ့အတိုင်းဘဲ ခုလဲကြည့်ဘေးမှာကိုယ်ရှိတာတောင်သတိထားမိရဲ့လားမသိ...ဟွန့်!

''သေချာပေါက်ပျော်ခဲ့မှာပေါ့ ​ကြယ်တာရာ''

လူကိုမထီသလိုကြည့်ပြီးပြောနေသော ကိုကိုကြောင့် တာရာ ဘာပြောရမလဲမသိ....

''ဟဲ့မြေး ငါမေးနေတာ တာရာလေ နင်ကဘာတွေဝင်ပြော''

''ရပါတယ် အဖွားရယ်''

''သူတော်ကောင်းဝင်လုပ်မနေနဲ့မင်း! တော်ပြီဗျာကျွန်တော်အပေါ်တတ်တော့မယ်''

ပြောပြောဆိုဆိုနဲ့ထပြီး အပေါ်ထပ်ကိုတတ်သွားသောကိုကိုကြောင့် တာရာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိ....ခုဘဲသူနောက်ကိုလိုက်ရတော့မလို ဒါမှမဟုတ်အဖွားနဲ့ဘဲနေခဲ့ရမလို...ကိုယ်ဗျာများနေတာ အဖွားကသိတော့ တာရာလက်ကလေးကိုအသာလာကိုင်သည်။

''မြေး တာရာ သူကိုစိတ်ထဲမထားနဲ့အဲ့မြေးကအဲ့အတိုင်းဘဲ မနိုင်စိန် ထားလိုက် အဖွား မြေးကိုပြောစရာရှိလို့''

''ဟုတ်ကဲ့ အဖွား''
...............  ..................
သိုက်အခန်းထဲမှာရှိတဲ့အလုပ်စာပွဲမှာထိုင်ရင်းအလုပ်လုပ်နေတာဖြစ်ပြီး....အခန်းထဲကိုမျက်နှာမကောင်းစွာနဲ့ဝင်လာသောကောင်လေးကိုစိုက်ကြည့်နေမိသည်။

''အဲ့တာ ဘာဖြစ်နေတာလဲ ရုပ်က အစကတည်းကဆိုးရတဲ့ကြားတည်း''

သူပြောလိုက်တော့ဟိုကနှုတ်ခမ်းကပိုတောင်ဆူလာသေးကိုယ့်တောင်လာထိုးမိတော့မယ်။

''အဟမ်း! ငါမေးနေတယ်လေ''

''ဘာဖြစ်လို့လဲ ဘာမှမဖြစ်ဘူး''

Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)Where stories live. Discover now