ep4

497 29 1
                                    

သိုက်မင်းဆက်၏ဖခင်ဖြစ်သူဉီးအောင်မင်းဆက်သည်အိမ်တော်၏စာကြည့်ခန်းထဲတွင်ထိုင်ကာတစ်ခုခုကိုစဉ်းစားခန်းဖွင့်နေသည်။ဉီးအောင်မင်းဆက်၏မျက်နှာမှာလဲတစ်ခုခုကိုစိုးရိမ်တဲ့အရိပ်အယောင်များကြီးစိုးနေသည်။

''မဖြစ်သေးဘူး....ငါတစ်ခုခုလုပ်မှရတော့မယ်''ဟုနှုတ်ကတစ်တွတ်တွတ်ပြောရျ်လက်ကလဲလက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။

''သိုက်မင်းဆက်....သိုက်မင်းဆက် မင်းဘာလို့နာမလည်နိုင်ရတာလဲ။မေမဒီဆိုတဲ့မိန်းမကဘယ်လောက်အဆိပ်ပြင်းလဲမင်းမသိပေမယ့်ငါသိတယ်သိုက်မင်းဆက်''

ဟုတ်ပါတယ်.....ဉီးအောင်မင်းဆက်နဲ့မေမဒီမိဘတွေနဲ့ကခင်ကြတယ်လို့ပြောလို့ရပါတယ်။အရင်တစ်ချိန်ကပေါ့တစ်ယောက်နဲ့တစ်ယောက်အလုပ်လုပ်တဲ့တစ်လျှောက်ကူညီဖေးမခဲ့ကြပြီးမိတ်ဆွေအရင်းကြီးတွေဖြစ်ခဲ့ကြတယ်။သာသမီးတွေအချင်းချင်းကလဲအလွန်ရင်းနှီးကြတယ်။ဒါပေမယ့်ဉီးအောင်မင်းဆက်ရဲ့ကုပဏီဖြစ်တဲ့''jj''နဲ့မေမဒီတို့ကုပဏီပူးပေါင်းလုပ်ဆောင်တဲ့projectမှာမေမဒီမိဘတွေကဉီးအောင်မင်းဆက်၏နောက်ကျောကိုဓာဖြင့်ထိုးခဲ့သည်။projectတွေကိုခိုးကာတစ်ခြားပိုက်ဆံပိုပေးသည့်ရှယ်ယာလုပ်ငန်းရှင်တွေကိုရောင်းခဲ့သည်။ဉီအောင်မင်းဆက်မှာဒီကိစ္စနဲ့ပတ်သတ်ပီအတော်ကိုစိတ်ဆိုးခဲ့တယ်တခြားသောရှယ်ယာရှင်တွေနဲ့ပြသာနာတွေတတ်ခဲ့တယ်။ဒါပေမယ်ကံကောင်းတယ်ဘဲပြောရမလား။တစ်ခြားဘယ်ကုပဏီမှ ''jj''ကိုအယုံအကြည်မရှိတော့တဲ့အချိန်မှာဘဲ''Stars''ကုပဏီရဲ့CEOနဲ့ခင်ခဲ့ကြတယ်ပြီးတော့အများကြီးသူတို့ကိုအထောက်အပံ့ပေးခဲ့ကြတယ်။အဲ့လို့ကြောင့်''jj''ဟာတစ်ခဏအတွင်းမှာဘဲတစ်ရှိန်ထိုးပြန်အောင်မြင်လာပြီးမြန်မာနိုင်ငံရဲ့Top 10စာရင်းဝင်ကုပဏီဖြစ်လာခဲ့တယ်။မေမဒီမိဘတွေကတော့မှောင်ခိုဂိုဏ်းတွေနဲ့ပူးပေါင်းလုပ်ဆောင်နေရာမှတစ်ခြားသောဂိုဏ်းတွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။မေမဒီဆိုတဲ့ဟာမကလဲသူမိဘတွေအတိုင်းဘဲစိတ်ဓာတ်ကယုတ်ညံချက်ပိုက်ဆံမတ်ချက်ဆိုတာ။မြန်မာနိုင်ငံမှာဆိုလဲသူငှေးမှန်သမျှချမ်းသာသူမှန်သမျှနဲ့မအိပ်ဖူးတဲ့သူမရှိမနေဖူးတဲ့သူမရှိသလောက်ဘဲအခုလဲနိုင်ငံခြားကိုသွားရတဲ့အကြောင်းအရင်းကမြန်မာနိုင်မှာလာရောက်ပီူရင်နှီးမြုပ်နှံသွားတဲ့နိုင်ငံခြားသားကြီးနဲ့ဘာလိုလိုညာလိုလိုအခုလဲလိုက်သွားပီးဖစ်ချင်တိုင်းဖစ်နေတာတွေဆိုတာမြင်မကောင်းဘူး။ဒါကိုသိုက်မင်းဆက်မသိဘူးပြောပြရင်လဲကိုယ်ကသူမိဘတွေကြောင့်သူကမကြည်ဖြူလို့​ပြောတယ်တဲ့။ဒါကြောင့်သိုက်မင်းဆက်ကိုအမွေတွေမလွဲပေးသေးတာ၊ကုပဏီကိုလဲဒုဉက္ကထနေရာကဘဲဉီးစီးခိုင်းထားတာကိုယ်ကဘဲခေါင်ကြီးပေါ့အဲ့ဒါကြောင့်ဟိုကလဲလည့်မကြည့်တာဒါကိုသူကတန်းတန်းစွဲဖြစ်နေတာလေ။

Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)Donde viven las historias. Descúbrelo ahora