ep-23

427 21 6
                                    

သိုက် ဒီနေ့တော့စောစောအိမ်ပြန်ဖြစ်တယ်။ဘာလို့ဆို ဒီနေ့ စိတ်ထဲမှာ ထေ့ထေ့ငေါ့ငေါ့ကြီးဖြစ်နေတာလဲပါတာပေါ့။ပြီးတော့ အလုပ်တွေအကုန် ထူးခြားကလုပ်ပေးထားတော့ အလုပ်တွေကမပုံနေ.....။

''ထူခြားရေ! အခန်းထဲဝင်လာခဲ့အုံး''

သိုက် သူရုံးခန်းထဲကနေ ထူးခြားကို လှမ်းခေါ်လိုက်တယ်။သိုက် ရဲ့ရုံးခန်းနဲ့ ထူးခြားရုံးခန်းနဲ့က တစ်ဆက်တည်းပေမယ့် အခန်းကန့်ထားတာဖြစ်သည်။အပြက်ဘက် အဝင်အထွက်အပေါက်ဘက်မှာ ထူးခြားကရုံးထိုင်ရတာဖြစ်ပြီး သိုက်ကတော့ အတွင်းဘက်ပေါ့ ရုံးဝန်တန်းများ အခန်းထဲဝင်လျှင် ထူးခြားအခန်းကိုအရင်ဖြတ် ပြီးမှ သိုက်အခန်းကိုရောက်တာဖြစ်သည်။ 

''ဟုတ်ကဲ့ Boss အမိန်ရှိပါ....''

''ငါဒီနေ့ အချိန်ဇယားက ဘာရှိသေးလဲ''

''ဘာမှတော့မရှိတော့ဘူး Boss မနက်ဖန်မှ စောစောလေး Stars ကုပဏီ CEOနဲ့တွေ့ရမှာ...boss''

Stars ကုပဏီက ကြယ်တာရာတို့ ကုပဏီမလား။CEOဆိုတော့ တာရာအဖေနဲ့တွေ့ရမှာပေါ့....

''boss....boss boss!''

''ဟေ...ဟမ် ဘာလဲ ဘာလို့အော်နေတာလဲ''

''ဘာတွေတွေးနေလို့ ကျွန်တော်ခေါ်တာတောင်မကြားရတာလဲ။ဘာလဲ အိမ်က ယောကျာ်ကိုလွမ်းနေပြီလား ဒီနေ့မှရုံးစတတ်တာကို Boss တို့ကတော့ ပိုတာလွန်ရော...ဟီးဟီး ''

''တိတ်စမ်း! မင်းဘာတွေလျှောက်ပြောနေတာလဲ အရည်မရအဖတ်မရတွေ ''

သိုက် ပြောလိုက်တော့ ထူးခြား သူပါစပ်ကို သူလက်ကလေးနဲ့ပိတ်ကာ ခေါင်းလေးပုဝင်သွားသည်။

''လုပ်စရာမရှိတော့ရင် ပြန်မယ် 5နာရီခွဲနေပြီ''

''ဘယ်အချိန်ကတည်းက အိမ်ပြန်ချိန်တွေမှန်သွားရတာလဲ''

ထူးခြား သူဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။

''ဘာပြောတယ်....!''

''ဟီး....ဘာမှမဟုတ်တော့ဘူး Boss လာကျွန်တော်လိုက်ပို့မယ် ဟီး''

''အင်း''

သိုက် ကားပေါ်ရောက်တော့ ထုံးစံအတိုင်းပေါ့ရိုးရာမပျက် မျက်လုံးတွေကိုမှိတ်လက်ကြီးကိုပိုက်ပြီး နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားသည်။တည်ကြည်နေပေမယ့် ချောမောမှုခန့်ညားမှုကတော့မလျော့......။
..............  ...............
တာရာ မေမဒီနဲ့မျက်နှာချင်းမဆိုင်ချင်တာနဲ့ ကိုယ်ဘာသာအခန်းထဲမှာဘဲ နေနေလိုက်တယ်။ဖုန်းပွတ်လိုက် စာဖတ်လိုက်နဲ့ တစ်နေကုန်ဒါဘဲလုပ်နေရတာ ပျင်းတာတော့တော်တော်ပျင်းလာသည်။ကိုကို ကအခုထိပြန်မလာသေးဘူးလားမသိဘူး.....ကိုယ်ကသာမျှော်နေရတာ သူက ကိုယ်ကိုသတိရောရပါ့မလား။ တာရာ ခေါင်းအသာခါပြီးတော့ စာဘဲဆက်ဖတ်နေလိုက်တယ်။

Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)Où les histoires vivent. Découvrez maintenant