''ဟျောင့်တွေဘာလိုလိုနဲ့ကျောင်းနောက်ဆုံးနေ့တောင်ရောက်ပြီကွာ.....''
ထွန်းထွန်းကစကားစလိုက်သော်လည်းတာရာနဲ့ကျော်သူမှာအသက်မပါသောသူများကဲ့သို့ပင်မျက်နှာသေကြီးနဲ့ငူငူကြီးထိုင်နေကြတယ်.......
''မင်းတို့နှစ်ကောင်ကလဲကွာ.....မျက်နှာကလဲ....ကျောင်းပီးတာပျော်နေကြရမှာကိုသေတွင်းထဲကျမှာကြောက်နေတဲ့မျက်နှာတွေနဲ့''
ထိုအခါကျော်သူမှ
''မင်းမသိတာတွေအများကြီးရှိပါတယ်ထွန်းထွန်းရာ''
''ငါသိပါတယ်ကျော်သူရာမင်းကနိုင်ငံခြားမှာကျောင်းဆက်တတ်ကမှာမလားငါသိပါတယ်ကွာ...ငါလဲစိတ်မကောင်းပါဘူးဒါပေမယ့်လဲမတတ်နိုင်ခဲ့ဘူးကွာ...''
''အေးပါ.....တာရာမင်းအိမ်အစောကြီးပြန်မှာလား''
ကျော်သူခေါ်တော့မှသတိပြန်ဝင်ဟန်ရှိတဲ့တာရာက
''ဟမ်!....အမ်....အော်....မပြန်ပါဘူး...နည်းနည်းနောက်ကျမှပြန်မယ်လေ....ဘာဖစ်လို့လဲ''
''ငါမင်းကိုပြောစရာရှိလို့တာရာ...အဲ့ဒါလေ''
''အင်းပြောလေ''
''မဟုတ်ဘူး ဟိုငါတို့နှစ်ဘဲရှိတဲ့ချိန်ပြောချင်တာ''
ထိုအခါထွန်းထွန်းမှ
''မင်းတို့ကလဲကွာ....ခွဲခြားခွဲခြားနဲ့....ရပါတယ်ငါအရင်သွားနှင့်မယ်ကျောင်းထိပ်ကစောင့်နေမယ်''
ထွန်းထွန်းလည်းပြောပြီးတာနဲ့ထွက်သွားခဲ့သည်။
''မင်းဘာပြောမို့လဲကျော်သူ''
''ဟိူ..ငါပြောရင်မင်းစိတ်ဆိုးမှာကြောက်လို့ပါကွာ''
''မင်းကဘာကိစ္စပြောမလို့အဲ့လောက်တောင်စကားပလ္လင်ခံနေရတာလဲ....ဟား''
တာရာ...ကျော်သူအားစကားပြောရင်းခေါင်းခါပီးရီမိသည်။ထိုအခါကျော်သူလဲရှက်ရှက်ဖြင့်လိုက်ရီကာ
''ဟိုငါမင်းကို....ချစ်တယ်...တာရာ''
တာရာတစ်ကိုယ်လုံးတောင့်ခဲသွားပြီးလှမ်းနေသောခြေလှမ်းတွေပါရပ်တန့်ကုန်သည်။
ČTEŠ
Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)
Romance.....ငါမင်းကိုမချစ်ဘူးဒါပေမယ့်ဘာကြောင့်ငါစိတ်တွေကမင်းဆီမှာဘဲရှိနေရတာလဲငါနာမလည်ဘူး...... # သိုက်မင်းဆက် ................................... .......ကျွန်တော်အမြဲတမ်းကိုကို့ကိူကြည့်ခဲ့တယ်အမြဲတမ်းလဲနာလည်ပေးခဲ့တယ...