ep-13

411 24 2
                                    

တာရာအိပ်ယာမှနိုးလာတော့ဘေးကိုစမ်းကြည့်တော့ဘယ်သူမှမရှိအိပ်ယာကလဲအေးဆက်လို့...တာရာမျက်လုံးချက်ချင်းပြူးလာပြီးဘေးဘီကိုကြည့်မိတော့လဲဘယ်သူမှမတွေ့တာရာအိပ်ယာမှချက်ချင်းထလာပြီးမျက်နှာတောင်မသစ်နိုင်အောက်ထပ်ကိုချက်ချင်းပြေးဆင်းလာမိသည်။အောက်ထပ်ရောက်တော့ထမင်းစားခန်းဧည့်ခန်းတွေကြည့်မိတော့လဲဘယ်သူမှမရှိ....ဒီလိုနဲ့တာရာသက်ပျင်းချပြီးအပေါ်ထပ်ပြန်တတ်ဖို့လုပ်ချိန်တွင်.....

''အကိုလေး!''

''ဟင်!.....ခင်မ...ဘာဖြစ်လို့လဲ''

''မနက်စာမစားဘူးလားအကိုလေး....ခင်မအကိုလေးအတွက်ထမင်းကြော်ပေးထားတယ်ကော်ဖီပူပူလေးနဲ့တွဲစားလို့ရအောင်''

''မဟုတ်ဘူး....ငါရေမချိုးရသေးလို့ပါရေချိုးပြီးပြန်ဆင်းလာခဲ့မယ်''

တာရာ...ခင်မကိုပြောပြီးအပေါ်သို့ပြန်တတ်လာခဲ့တယ်လမ်းတစ်ဝက်လောက်ရောက်မှခင်မကိုပြန်လှည့်ကြည့်ကာ

''ခင်မ''

''ရှင်...အကိုလေး''

''ဟို...ကိုကိုကောမတွေ့ပါလား....သူဘယ်သွားတာလဲ''

''ကိုကိုကြီးလား''

''ကိုကိုကြီးကအစောကြီးကတည်းကကိစ္စရှိတယ်ဆိုပြီးပြောပြီးထွက်သွားတာ''

''ဘယ်သွားတာတုန်း''

''အဲ့တာတော့မပြောသွားဘူးအကိုလေး...ေအာ်!...ပြီးတော့နောက်ကျမယ်လို့တော့ပြောသွားတယ်အကိုလေး''

''ဟုတ်လား....ဟင့်...ဒီနေ့ရုံးပိတ်ရက်ကြီးကို''

''အကိုလေးကိုဘာမှမပြောသွားဘူးလား''

တာရာခေါင်းသာခါပြလိုက်သည်။ပြီးတော့ခေါင်းလေးငုံကာအပေါ်သို့လေးလံစွာပြန်တတ်သွားသည်။တာရာအခန်းထဲသို့ရောက်တာနဲ့အကျီ်တွေချွတ်ကာရေချိုးခန်းထဲသို့ဝင်ကာရေအေးအေးလေးနဲ့စိမ်ချိုးနေလိုက်သည်။
................  ................
ကျွီး.......!

ခင်မအိမ်ရှေ့မှာကားသံကြားတာနဲ့ဘယ်သူလဲဆိုပြီးပြေးကြည့်လိုက်တော့....

''ကိုကိုကြီး''

ခင်မကိုကြည့်ယုံသာကြည့်ပြီးအပေါ်ထပ်သို့တတ်သွားလိုက်သည်။အခန်းထဲသို့ဝင်ပြီးခုံပေါ်မှာတင်ထားတဲ့ဖုန်းကိုယူပြီးပြန်ထွက်ဖို့လုပ်ချိန်ရေချိုးခန်းထဲမှရေကျသံသဲ့သဲ့နဲ့သီချင်းဆိုသံကိုကြားလိုက်ရတယ်။အသံချိုချိုလေးနဲ့သီချင်းလေးကိုငြီးနေတာအလွန်နားထောင်လို့ကောင်းပြီးနာဝင်ချိုလွန်းသည်။သိုက်လည်းရေချိုးခန်းနားသို့လျှောက်သွားပြီးနားလေးစွင့်ကာနားထောင်နေလိုက်သည်။မကြာခင်မှာဘဲရေချိုးခန်းတံခါးပွင့်လာသည်။တာရာရေချိုးခန်းထဲမှသီချင်းလေးငြီးပြီးထွက်လာသည်။တာရာကမိမွေးတိုင်းဖမွေးတိုင်းလေးဘာမှမဝတ်ဘဲရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။သိုက်ကလဲသီချင်းသံကြားလို့အခန်းရှေ့တွင်ရပ်နေသည်။တာရာကအခန်းရှေ့တွင်သိုက်ကိုတွေ့ရော....

Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)Where stories live. Discover now