တာရာ ဒီနေ့ တာရာ့ရဲ့ ဖေဖေနဲ့မေမေ အိမ်ကိုအလယ်သွားခဲ့တယ်.....။
''မေမေ...ဟာ....ဘယ်သူမှမရှိကြဘူးလား?''
တာရာ လက်ကကိုင်လာတဲ့ သစ်သီးခြင်းလေးကို ခုံပေါ်တင်ပြီး အိမ်ရဲ့ ဟိုဟို ဒီဒီ နေရာတွေကို လိုက်ကြည့်မိတယ်။ပြီးတော့ မီးဖိုခန်းထဲဝင်တော့မှ ဟင်းချက်နေသောမေမေ တာရာလာတာတောင် သတိထားမိပုံမပေါ် နောက်ကနေသိုင်းဖတ်လိုက်တော့မှ 'အောင်မလေး ဘုရားရေ'ဟုတပြီး နောက်လှည့်ကြည့်လာ ေတာ့သည်။
''သား...သားလေး...ဘယ်လိုလုပ်ရောက်လာတာတုန်း....အမယ်လေး သားလေးရယ် မေမေကလွမ်းနေတာ''
တာရာ့ အမေ့ဖြစ်သူ ဒေါ်နန်သူဇာက သားဖြစ်သူမျက်နှာလေးကိုကြည့်လိုက် ဖတ်လိုက်နဲ့ အလုပ်ရှုပ်နေလေရဲ့.....
''မေမေ ဧည့်ခန်းထဲသွားရအောင် မေမေ ကြိုက်တဲ့ အသီးတွေဝယ်လာတယ်''
''မလိုပါဘူး ငါ့သားရယ်...အေးပါ သွားမယ် ခဏလေး မီးဖိုပိတ်လိုက်အုံးမယ်။''
တာရာ့နဲ့ တာရာအမေ အတူတူ ဧည့်ခန်းထဲကိုထွက်လာခဲ့တယ်။အတူတူ ဆိုဖာမှာထိုင်ကာ.....
''မေမေ သားကလေ မေမေကိုသတိရနေတာ.....ဟွန့်''
''အချွဲလေးဘဲ ယောကျာ်းဘဲရနေပြီ ခုထိကလေးလိုလုပ်နေတုန်းလား...ငါ့သားရယ်''
ဒေါ်နန်သူဇာက ရီးကာပြောတော့ တာရာက နှုတ်ခမ်းလေးကိုဆူကာ ဟွန့် ဟူရျ်ဘဲအသံထွက်လာသည်။
''မေမေကလည်း သား ယောကျာ်းရတာနဲ့ ဘာဆိုင်လို့လဲလို့ ''
''ဟုတ်ပါပီ ဟုတ်ပါပီ ထားပါတော့...... သား ယောကျာ်းနဲ့ကော အဆင်ပြေရဲ့လား ရန်တွေဘာတွေကောဖြစ်သေးလား သား''
ဒေါ်နန်သူဇာက စိုးရိမ်စွာ မေးတော့ တာရာလဲ ဘာပြောလို့ ပြောရမလဲမသိ....အိမ်ထောင်ရေးက ထင်သလောက်အဆင်မပြေဘူးပြောရင်လဲ မေမေက စိတ်ဆင်ရဲအုံးမယ်....။တာရာ အမေဖြစ်သူရဲ့ မျက်နှာကိုကြည့်ကာ ခေါင်းသာခါပြလိုက်တယ်။
အဲ့တော့မှ အမေဖြစ်သူရဲ့ မျက်နှာက ပြန်လန်းလာတော့သည်။တာရာလဲ စိတ်ထဲတွင် (ငါ့အမေက ငါ့အိမ်ထောင်ရေးကိုအရမ်း အဆင်ပြေစေချင်တာဘဲကို သားလဲတတ်နိုင်သမျှ အိမ်ထောင်ရေးကို ကာကွယ်ထိန်းသိမ်းမှာမိူ့ စိတ်မပူပါနဲ့မေမေ)။
YOU ARE READING
Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)
Romance.....ငါမင်းကိုမချစ်ဘူးဒါပေမယ့်ဘာကြောင့်ငါစိတ်တွေကမင်းဆီမှာဘဲရှိနေရတာလဲငါနာမလည်ဘူး...... # သိုက်မင်းဆက် ................................... .......ကျွန်တော်အမြဲတမ်းကိုကို့ကိူကြည့်ခဲ့တယ်အမြဲတမ်းလဲနာလည်ပေးခဲ့တယ...