''ဟာ...ဖေဖေရုံးမသွားသေးဘူးလား....''
တာရာအပေါ်ထပ်မှပြေးဆင်းလာပြီအဖေဖြစ်သူကိုအထူးအဆန်းကြည့်ကာပြောလိုက်သည်။''ဟုတ်တယ်သား....မင်းအဖေကမင်းကိုပြောစရာရှိလို့တဲ့အဲ့ဒါကြောင့်သားဆင်းလာတာကိုစောင့်နေတာ''
အမေ့ဖြစ်သူရဲ့စကားကိုတာရာခေါင်းငြိမ့်ပြီးဧည့်ခန်းထဲတွင်ဝင်ထိုင်လိုက်သည်။ဖေဖေနဲ့မေမေမျက်နှာကလဲမကောင်းတာကိုတာရာရိပ်မိသည်။ဒါပေမယ့်ဘာပြောမလဲဆိုတာသိချင်တာကြောင့်.....
''ဖေဖေကသားကိုဘာပြောစရာရှိလို့လဲဟင်....''
''သား...ဖေဖေတောင်းပန်ပါတယ်''
''ဟမ်....ဖေဖေကဘာကိုတောင်းပန်တာလဲဘာဖြစ်လို့တောင်းပန်တာလဲ''
တာရာအံသြသွားသည်။အဖေကဘာကိစ္စနဲ့ငါကိုတောင်းပန်နေတာလဲ။ပီးတော့ရုံးကိုအမြဲတမ်းအစောကြီးသွားနေတဲ့သူကဒီနေ့ကြမှသူကိုပြောစရာရှိလို့ဆိုပြီးရုံးမသွားဘဲစောင့်နေတယ်....ပြီးတော့လဲပြောတဲ့စကားကတောင်းပန်တယ်တဲ့လား။ဖေဖေမျက်နှာကိူကြည့်တော့လဲမျက်နှာကမကောင်းမေမေလဲထိုနည်းတူပင်....တာရာခေါင်းရှုပ်လာကာခေါင်းကိုခါထုတ်လိုက်သည်။
''သားကိုနာလည်အောင်ပြောပါ...ဖေဖေ''
''အင်း.....သား...ဖေဖေတို့လောဘကြီးသလိုများဖြစ်နေမလားမသိပေမယ့်....သား''jj''ကုပဏီကိုကြားဖူးလားသား''
''ကြားဖူးပါတယ်သတင်းထဲမှာခဏခဏပါတယ်လေ...ပီးတော့ဖေဖေတို့နဲ့လဲသိတယ်ဆိုဖေဖေဘဲပြောပြထားပီးတော့''
နှုတ်ခမ်းဆူကာစဉ်းစားနေဟန်ပြောနေသည့်တာရာအလွန်ချစ်ဖို့ကောင်းနေသည်ဆိုမှာမလွဲပင်။အဖေဖြစ်သူကလဲသားဖြစ်သူကိုကြည့်ကာခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်......
''ဟုတ်တယ်သား.... ဖေဖေမနေ့ကအဲ့ကုပဏီပိုင်ရှင်ဉက္ကထနဲ့တွေ့ခဲ့တယ်သား....သူကပြောတယ်ဖေဖေအခုလုပ်မယ့်project မှာသူကဝင်ကူညီပေးမယ်တဲ့...ပြီးတော့သူအကူအညီလဲအဖေတကယ်လိုအပ်တယ်...ဘာလို့လဲဆိုတော့....ဒီ projectကိုလိုချင်နေတဲ့စီပွားရေးသမားတွေကအများကြီးသားသူတို့ကလိုချင်တာမရရင်နောက်ကနေငွေနဲ့လူအင်အားနဲ့လိုက်ကြမှာ...ဖေဖေတို့မှာငွေအင်အားအဲ့လောက်မရှိဘူးသားသူတို့တိုက်ခိုက်တဲ့အခါခုခံဖို့လူအင်အားလဲမရှိဘူးသား...အဲ့ဒါကြောင့်.....''
STAI LEGGENDO
Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)
Storie d'amore.....ငါမင်းကိုမချစ်ဘူးဒါပေမယ့်ဘာကြောင့်ငါစိတ်တွေကမင်းဆီမှာဘဲရှိနေရတာလဲငါနာမလည်ဘူး...... # သိုက်မင်းဆက် ................................... .......ကျွန်တော်အမြဲတမ်းကိုကို့ကိူကြည့်ခဲ့တယ်အမြဲတမ်းလဲနာလည်ပေးခဲ့တယ...