ep-22

444 27 4
                                    

သိုက် ရုံးမဆင်းတာ တစ်ပတ်ရှိပြီ။ တာရာ ကလဲ နေလုံးလုံး ပြန်မကောင်းသေးတာလဲပါတယ်။ပြီးတော့ မေမဒီက ဟိုသွားမယ် ဒီသွားမယ် လုပ်နေတော့သူကိုတစ်ယောက်တည်းထားခဲ့ဖို့ကျတော့လဲမဖြစ်ပြန်....အဲ့တာကြောင့်ဘဲ သိုက် ရုံးမတတ်တာ တစ်ပတ်ဖြစ်သွားတယ်။ဒါပေမယ့်လည်း အလုပ်ကိစ္စအတွက် အရမ်းစိတ်မပူရပါဘူး....ထူးခြားက သူအများကြီးလုပ်ပေးထားတယ် လက်လွှဲထားလို့လဲရနေပြီလေ။ ဒါပေမယ့် သိုက် ဒီနေ့တော့ ရုံးပြန်တတ်မှရမယ်...နိုင်ငံခြားဧည့်သည်တွေနဲ့ချိန်းထားတာကြောင့်.....

သိုက်ရေမိုးချိုးပြီး...အကျီ်အဝတ်အစားဝတ်နေစဉ် အခန်းထဲသို့ တာရာဝင်လာခဲ့သည်။အကျီ်လဲ နေသည့် သူ့ကို တာရာ ကြည့်ကာ...

''ဒီနေ့ရုံးပြန်တတ်မို့လား''

''အင်း...ဘာဖြစ်လို့လဲ''

''အော်...မဟုတ်ပါဘူး ဒီတိုင်းလေးမေးကြည့်တာ''

''မင်းအပြင်သွားစရာရှိလို့လား ''

''မရှိပါဘူး အိမ်မှာဘဲနေမှာ''

သိုက် လည်းဘာမှဆက်ပြောမနေတော့ဘဲ အကျီ်ကို သေသေချာချာဝတ်ကာ အခန်းထဲမှထွက်လာခဲ့သည်။လှေကားနားမှာ မတ်တပ်ရပ်စောင့်နေသော မေမဒီ ကို သိုက် တွေ့တော့

''မဒီ မင်း ဘာရပ်လုပ်နေတာလဲ''

''သိုက် ကိုစောင့်နေတာလေ  သိုက်မနက်စာစားသွားမယ်မလား မဒီလေ အကုန်ပြင်ဆင်ပြီးပြီ''

''အင်း စားတာတော့စားမှာပါ မင်းလုပ်ပေးစရာမလိုပါဘူး နားနားနေနေ နေ့ပါ။''

''ဘာလဲ သိုက် က ညိုညင်တာလား မဒီက စားစေချင်လို့ လုပ်ပေးတဲ့ဟာကို....''

မိန်းမမာယာဆိုတဲ့အတိုင်း သိုက်ကို ရုံးပတေသီးကိုရှာစောင်းနဲ့ရောထားတဲ့အသံနဲ့ ချွဲပြီးကိုပြောတာ ပြီးတော့ မျက်နှာကလည်း ဆူပုတ်ပုတ်ပုံစံမျိုးနဲ့ပြောတော့ သိုက် က မေမဒီကိုကြည့်ပြီး ထရီတယ်။

''ဟား ဟား ဟား! ကွာ....မင်း ချွဲတာကိုတောင်မတွေ့တာကြာပြီ ငါလွမ်းနေခဲ့တာ''

မေမဒီမျက်နှာကို စေ့စေ့ကြည်ကာ ပြောတော့ မေမဒီမှာ ရှက်ကိုးရှက်ကန်းနဲ့ပေါ့....

Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)Opowieści tętniące życiem. Odkryj je teraz