ep-21

435 27 2
                                    

သိုက် ဆန်ပြုတ် ပန်ကန်ကြီးကိုကိုင်ကာ တာရာရဲ့အခန်းထဲသို့ဝင်လာခဲ့တယ်။အခန်းထဲဝင်ဝင်ချင်း အေးခနဲ ဖြစ်သွားမှုကြောင့် သိုက် အဲယားကွန်း ကိုလှမ်းကြည့်မိတော့ အဲယားကွန်းကို အဆုံးထိတင်ပြီးဖွင့်ထားတာကြောင့် အခန်းထဲမှာအေးဆိမ့်နေလေရဲ့.....ကုတင်ပေါ်ကို ကြည့်လိုက်တော့ စောင်လေးချုံကာကွေးနေသောကောင်လေးက နှုတ်ခမ်းဖျားလေးမှာလည်း တစ်ဆတ်ဆတ်တုန်နေလေရဲ့ ဖြူဖျော့နေသောမျက်နှာလေးနဲ့ နှာသီးထိပ်လေးမှာရဲနေလေသည်။ မျက်လုံးဝိုင်းဝိုင်လေးများမှာလည်း မှေးစင်းကာမှိတ်ထားပေမယ့် အထဲကမျက်ဆံလေး များမှာ လှုပ်ရှားနေသည်ကိုတွေ့နေရသည်။ကြည့်ရတာ အဖျားတတ်နေတာလား မသိဘူးကွာ။သိုက် စိတ်ပျက်ချင်းများစွားနဲ့ 'ကျစ်' တစ်ချက်စုတ်ကာ ဆန်ပြုတ်ပန်းကန်လေးကို ဘေးနားကစားပွဲပေါ် တင်ပြီး အိပ်ယာပေါ်တင်မလွဲထိုင်လိုက်ပြီး ခန္ဓာကိုယ်လေးတစ်ဆက်ဆက်တုန်ရီနေသော ကောင်းလေး နဖူး အပေါ် လက်လေးတင်ကာ စမ်းကြည့်တော့ ပူကျစ်နေလေရဲ့......

''ဟာ...ကွာ...အဲယားကွန်းကို ဒီလောက်မိုင်ကုန်ဖွင့်မှတော့ အပူပြန်တတ်ပြီပေါ့...ဒီလောက်တောင်စဉ်းစား ညဏ်မရှိဘူးလားမသိဘူး''

သိုက် ဒေါသဖြစ်စွာနဲ့ဘဲ အပူတွေတတ်ကာအိပ်နေသော ကောင်းလေးကို ကြည့်ကာ ငြီးတွားမိသည်။ကိုယ် ကိုယ်တိုင်လဲ ဘာလို့ ဒေါသဖြစ်နေလဲမသိဘူး။မဟုတ်ဘူး...ငါသူကိုစိုးရိမ်နေတာမဟုတ်ဘူး...ဒီတိုင်း...ဒီတိုင်းလေးဘဲ...ငါသူကိုနေမကောင်းဖြစ်အောင်လုပ်ထားလို့...ဒီတိုင်းလေးဘဲ ဒေါသဖြစ်မိတာ....ဟူး......။သိုက် သူဘာသာ စကားတစ်ပြောပြောနဲ့ အဲယားကွန်းလေတွေလျော့ ကောင်လေးကိုစောင်လေးနဲ့ လုံအောင်ခြုံ ပြီးတာနဲ့ရေချိုးခန်းထဲဝင်ကာ ရေပတ်ဝတ် နဲ့ ရေခွက်လေးယူကာ တာရာလေး ကိုယ်ပူကျစေရန် ရေပတ်ဝတ် ကလေးအုံပေးနေမိတယ်။ဒေါသထွက်တာရော စိတ်လောတာကောရောပြီး ကိုယ့်မှာ ခင်မကိုခေါ်ဖို့တောင်မေ့နေတယ်။

(Half an hour)နာရီဝက်ကြာပြီးနောက်^^^^^

တာရာ ကိုယ်တွေလက်တွေကိုက်ခဲစွာနဲ့နိုးလာခဲ့သည်။ခေါင်းကလဲခုမှ မတရားလာကိုက်နေတယ် အိပ်ထားတာဆိုတော့ လူကနုံးချင်ချင် ဘာမှမစားရသေးတော့ပိုဆိုးပေါ့....တာရာ ခန္ဓာကိုယ်လေး အသာရုံးပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူကိုစားမတတ် ဝါးမတတ်ကြည့်နေတဲ့ သူကိုတွေ့လိုက်တော့ တာရာခဗျာ ကျပြီးသား အပူတွေတောင်ပြန်တတ်ချင်ချင်ဖြစ်လာတယ်။

Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)Donde viven las historias. Descúbrelo ahora