တာရာ နဲ့ သိုက်နဲ့ စကားမပြောတာ ဒီနေ့နဲ့ဆို ၃ရက်ရှိသွားပြီး။ကိုကိုက အိမ်ပြန်ရောက်လို့တာရာကိုတွေ့တာနဲ့ သူ့မှာရှိရင်းစွဲနဂိုအပြုံးတွေကိုပါ ဖြောက်ဖြစ်ကာ ခပ်တည်တည်သာဆက်ဆံတယ်။တာရာ့ကိုစကားလဲမပြောဘူး အကြည်ချင်း အမှတ်တမဲ့ ဆုံရင်တောင် သူဘက်ကနေ အရင်စပြီးအကြည့်လွှဲသွားတယ်။ကိုကိုရယ် မေမဒီကိုအဲ့လောက်တောင်မှချစ်တာလား ကိုကို။တာရာ တောင်းပန်ပါတယ်....ကိုကို။ကိုကို့ ကိုတာရာမြင်မြင်ချင်းချစ်ခဲ့တာပါ....ဒါပေမယ့် တာရာလက်ထပ်ရမယ့်သူက ကိုကိုဖြစ်နေမယ်လို့ တာရာတကယ်မတွေးထားတာအမှန်ပါ.....ကိုကို သိလား...တာရာလေ တာရာ့ရဲ့အိမ်ထောင်ရေးကိုမပြိုကွဲချင်ဘူး....တာရာမှာ သာယာနိုင်တဲ့အိမ်ထောင်ရေးမဟုတ်ရင်တောင် တာရာ ဘက်ကအတတ်နိုင်ဆုံး အလျော့ပေးပြီးနေဖို့ဆုံးဖြတ်ထားပြီးသားပါ.....ကိုကိုနဲ့မှမဟုတ်ပါဘူး တာရာ ဘယ်သူနဲ့ အိမ်ထောင်ကျကျ တာရာ ဒီလိုဘဲဆုံးဖြတ်မှာပါ....။
............... ...............
ဒီနေ့ တနဂ်နွေ နေ့ဆိုတော့ သိုက်ရဲ့ ရုံးပိတ်ရက်ဖြစ်တယ်။သိုက် မနက်အစောကြီးအိပ်ယာမှ နိုးလာမိတယ်.....ပြန်အိပ်တာ အိပ်လို့လဲမရတော့ဘူး....ဒီနေ့ကရုံးပိတ်ရက်ဖြစ်လို့ အပြီအပြင်အိပ်မယ်လို့တွေးထားတာကိုကွာ....မျက်လုံးကလာကြောင်နေတယ်။မနေ့က စနေနေ့ကလဲ ရုံးပိတ်ပေယ့်မနားရ မေမဒီ shopping ထွက်ချင်တယ်ဆိုလို့ လိုက်ပို့ပေးရ တယ်....ပြီးတော့မုန်စားချင်တယ်ဆိုလို့လဲလိုက်ကျွေးရတယ်....တစ်ကိုယ်လုံးကိုညှောင်းချိနေတာဘဲ....ပြန်လာလာချင်း ရေချိုးပြီးတန်းအိပ်ပလိုက်ရတယ်။သိုက် အိပ်ယာပေါ်မှာ အတွေးခန်းဝင်နေစဉ် တာရာ ရေချိုးခန်းထဲမှ မျက်နှာသစ်ပြီးထွက်လာခဲ့တော့ အိပ်ယာပေါ် မျက်လုံးကြီး ပြူး ပြီး လူသေကြီးလိုဆန့်ဆန့်ကြီး နေနေတယ်။
''ကိုကို...ကိုကို''
တာရာ ခေါ်လိုက်တော့မှ သတိဝင်လာသည့်ဟန် တာရာဘက်ကိုလှည့်ကြည့်သည်။ပြီးတော့ ဘာလဲဆိုသည့် သဘောဖြင့်မေးငေ့ပြသည်။
''ဟို....ဘာမှမဟုတ်ပါဘူး....ကိုကို က မျက်လုံးကြီးဖွင့်လျက်သားနဲ့ မလှုပ်မယှက်နေနေတော့ သတိများလစ်နေတာလားလိုပါ....🙂''
YOU ARE READING
Default Title - Started with hatred(အမုန်းဖြင့်အစပျိုးသော)
Romance.....ငါမင်းကိုမချစ်ဘူးဒါပေမယ့်ဘာကြောင့်ငါစိတ်တွေကမင်းဆီမှာဘဲရှိနေရတာလဲငါနာမလည်ဘူး...... # သိုက်မင်းဆက် ................................... .......ကျွန်တော်အမြဲတမ်းကိုကို့ကိူကြည့်ခဲ့တယ်အမြဲတမ်းလဲနာလည်ပေးခဲ့တယ...