အပိုင်း (1)Uni/Zawgyi

22.4K 559 15
                                    

ရင်ထဲက ဆွေး
အပိုင်း(1)
ည12 နာရီဖြစ်၍ သန်းခေါင်ယံအချိန်က ပတ်၀န်းကျင်သည်တိတ်ဆိတ်လွန်းသည်။
မြို့ပြရဲ့ အလယ်ခေါင်တွင် မီးရောင်စုံများဖြင့်လှပလျှက်ရှိသော်လည်းအချို့သောနေများသည် မှောင်မိုက်လှ၏ ။
ခပ်မှောင်မှောင် တိုက်အိုကြီး၂လုံးကြားမှ လမ်းကျဉ်းလေးတွင် လမ်းမီးတိုင်မှ မှိန်ပြပြ အလင်းလေးအနည်းသာလွှမ်းသည်။
ထိုလမ်းသည် လူခြေတိတ်လွန်းလှသော်လည်း
ခပ်ငယ်ငယ်ကျောင်းသား ၅ ဦးလောက်သည် အသက်၁၈နှစ်ခန့်သာရှိဦးမည်။
သူတို့လက်ထဲက သစ်သားတုတ်တွေဟာဆိုရင် သူတို့ဝတ်ထားသောကျောင်းဝတ်စုံနှင့်မလိုက်ဖက်လှပါ။
"ဟက် ဒီကောင် ခုထိမလာမှတော့ ငါတို့နဲ့ရင်မဆိုင်ရဲတာဖြစ်မှာ ဟေ့ကောင်တွေ လစ်စို့ကွာ"
အာကျယ်ကျယ် ကောင်လေးတစ်ယောက် ထို၅ ယောက်ရဲ့ခေါင်းဆောင်ဖြစ်လိမ့်မည်။
အနောက်လှည့်၍ပြန်မည်အပြုတွင်
"ဘယ်သူကမလာဘူးလို့ပြောလို့လဲ ငါလာမယ်လို့မင်းတို့ကိုပြောခဲ့တယ်မဟုတ်လား"
တည်ငြိမ်ပျက်သားလွန်းပြီးအံကြိပ်ထားသလိုဖြစ်တဲ့အသံက ရုတ်တရက်ဆို ကြက်သီးထစေနိုင်လောက်သည်။
သူတို့ပြန်လှည့်လာတော့ လက်ထဲတွင်ဘာမှမပါပဲ  ဂျက်ကင်အင်္ကျီအနက်ရောင်နဲ့ တစ်ယောက်က ဘောင်းဘီတွင်လည်း ခေတ်နဲ့အညီအပြဲတွေပါသေးသည်။
"ဟက် မင်းကတစ်ယောက်တည်းလား  ကျွတ် ကျွတ် ကျွတ် စိတ်တောင်မကောင်းဘူးကွာ"
"ငါက လက်တွေ့ကိုပဲကြိုက်တာ  မင်းအတွက်စိတ်မကောင်းပြန်ဖြစ်ပေးမယ်တော့မထင်နဲ့ "
ထိုလမ်းထဲတွင် ဆူဆူပူပူဖြစ်သွားပြီး
ဂျက်ကင်အင်္ကျီအနက်နဲ့ကောင်လေးသည် ရှေ့ဆံပင်အနည်းငယ်ရှည်သည်။
သို့သော် အနောက်သို့သပ်တင်၍ စီးထားသည် မှောင်နေတော့ဝိုးတဝါးသာ မြင်ရသည်။
ပထမဆုံးရှေ့ဆုံးမှတစ်ယောက်ကို ဒူးဖြင့်တိုက်လိုက်ပြီး စောင့်ကန်လိုက်တာကြောင့် နောက်လူလည်းအထိနာရသည်။
ထို့နောက် တုတ်တစ်ချောင်းကိုကောက်ကိုင်လိုက်ပြီး ပစ်ရိုက်လိုက် သူ့ကိုရိုက်ဖို့ချိန်ရွယ်နေသောကောင်ခေါင်းထိသွားပြန်သည်။
တစ်ယောက်တည်း ၅ယောက်နဲ့ခံချတယ်ဆိုတာ ရုပ်ရှင်တွေထဲတွင်သာဖြစ်မည်ဟုထင်ထားခဲ့သော်လည်း ဒီနေ့ညမှာတော့ ထိုကောင်လေးက လက်တွေ့ ပြလိုက်သည်။
"ငါပြောခဲ့တယ် မဟုတ်လား မင်းအတွက်ပြန်ပြီးစိတ်မကောင်းပေးမှာမဟုတ်ဘူး ငါကမညှာတတ်ဘူး "
ခေါင်းဆောင်လို့ထင်ရတဲ့ ခုနက လေကျယ်ကျယ် ကောင်လေးကို လည်ပင်းအားညှစ်၍ နံရံသို့ကပ်ထားကြောင့် ကျန် ၅ ယောက်ထဲမှာ အချို့ကထွက်ပြေးကြသည်။
အချို့ကပြန်၍ပင်မထနိုင်ကြပါ။
"အဟွတ် အဟွတ် တောင်းပန်ပါတယ် အဟွတ် နောက် နောက် မလုပ်တော့ပါဘူး အဟွတ် အသက်တော့မသေပါရစေနဲ့"
ဗုန်း....
သူက လည်ပင်းညှစ်ထားရာမှပစ်ချလိုက်သည်မှာ ညင်သာမှုမရှိသလို ကြမ်းတမ်းလွန်းလေသလား
"ငါ လူမသတ်တတ်ဘူး "
ပြော၍ လှည့်ထွက်သွားသည်က နောက်သို့ပြန်လှည့်မကြည့်ပေ။
လမ်းကြားထဲမှ ထွက်အလာတွင် မျက်နှာသို့မီးထိုးတာကြောင့် လက်ဖြင့်ကာကြည့်လိုက်သည်။
ဖြူစွတ်စွတ် ထိုကောင်လေးသည် ခုနက တိုက်ခိုက်ခဲ့တဲ့ကောင်လေးမှဟုတ်ရဲ့လား "တောက်  ကျစ်"
ရဲကားဖြစ်တာကြောင့် တခြားလမ်းသွယ်ထဲသို့၀င်ပြေးလေ၏။

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now