အပိုင်း (16) Uni/Zawgyi

6.7K 258 6
                                    

ရင်ထဲက ဆွေး
အပိုင်း(16)
မနေ့က ကျူးစစ် တစ်နေ့လုံးပျောက်နေခဲ့တာက
သူအိမ်ကထွက်လာခဲ့၍ မနေ့က ဆွေးရဲ့ခေါင်းပေါ်ကိုပန်းအိုးခွဲချခြင်းကိုသတိရမိသည် ။
သူပထမဆုံးတွေးလိုက်မသည်က နှစ်သစ်
ထို့ကြောင့် သူကျောင်းကိုမသွားဘဲ
သူ့ကိုချိန်းခဲ့တဲ့Clubကို သွားခဲ့သည် ။
နေ့ခင်းဖြစ်နေတာကြောင့်clubက ပိတ်ထားပေမယ့် တံခါးဖွင့်ထားတာကြောင့် ကျူးစစ်၀င်လာခဲ့၏။
clubသာပြောတာ နေ့ခင်းကျတော့
ယောကျာ်းတွေချည်းသာ
လူမိုက်တွေလို့ပဲပြောရမလား
ဘားရဲ့အစွန်းမှာထိုင်နေသည့် နှစ်သစ်
"မင်းရောက်လာမယ်ဆိုတာကြိုတွေးပြီးသားပါ"
ထိုအသံကြောင့် ကျူးစစ် လိုက်ရှာနေရင်း နှစ်သစ်ကိုတွေ့သွားသည် ။
"မင်း မဟုတ်လား "
မေးခွန်းက မပြည့်စုံသော်လည်း
နှစ်သစ် ပန်းအိုးကိစ္စကိုမေးမှန်းသိသည် ။
"ဟက် တွေးတတ်သားပဲ"
"နောက်ထပ် ဆွေးကိုထိဖို့မကြိုးစားပါနဲ့ ငါငြိမ်ခံနေမှာမဟုတ်ဘူး "
"အဲ့တာမင်းအပိုင်း ငါ့အပိုင်းက ငါ့အလုပ်ငါ့လုပ်ရမှာပဲ"
"မင်းကိုနောက်ကွယ်ကကြိုးကိုင်နေတဲ့သူရှိနေတယ်မလား"
နှစ်သစ်မျက်နှာအနေအထားကိုကြည့်၍အကဲခက်နိုင်သည်။
"မင်းထင်လို့ပါ "
"ငါ ဆွေးနားမှာရှိနေသရွေ့မင်းဘယ်တော့မှ ဆွေးကိုထိလို့ရမယ်ထင်နဲ့ "
ကျူးစစ် နှစ်သစ်ရဲ့ပုခုံးကိုတိုက်ဖယ်၍ ထွက်လာခဲ့သည်။
ကျူးစစ်ထွက်သွားပြီးနောက် နှစ်သစ် ဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
"ဘာလိုသေးလို့လဲ ငါမင်းကိုငွေပေးပြီးပြီလေ"
"မဟုတ်ဘူး အမေ ကျူးစစ်က အချဉ် မဟုတ်ဘူး ကျွန်တော့်နောက်မှာ အမေ ရှိတယ်ဆိုတာကို သူသိနေတယ်"
"ငါဆိုတာသူမသိပါဘူး နှစ်သစ်ရယ် အဓိကက ငါ့သား ခန့်မင်းသစ်အတွက် ဟိုမိန်းကလေး ပြန်ပေးဆပ်ဖို့နဲ့ ကျူးစစ် ကို ဦးခန့်ညား အမွေဖျက်ဖို့ပဲ"
"ဟုတ်ကဲ့ပါ ကျွန်တော်လည်းကြိုးစားနေပါတယ် ဒါပေမဲ့ ကျူးစစ် ကလွယ်လွယ်နဲ့ရမယ့်ပုံမပေါ်ဘူး"
"ရကိုရရမယ် နှစ်သစ် မင်းအစ်ကို နဲ့ တို့ဘ၀ချမ်းသာဖို့အတွက် လုပ်ကိုလုပ်ရမယ်"
"ကျွန်တော် ဖုန်းချလိုက်တော့မယ် တခြားလူတွေလာနေပြီ"

@@@@@@@@@@@@@@@@@
ဆွေး မနက်၆နာရီလောက်မှာ နိုးလာ၍
"ဝှား.....အင်း...."
စောင်ပုံထဲမှ ထထိုင်ရင်း လက်ကလေးနှစ်ဘက်မြှောက်ကာ အကြောဆန့်လိုက်၏ ။
"အမေ့ ..."
သူမ မြင်လိုက်သည်က မှန်တင်ခုံဘေးမှဆိုဖာအရှည်ပေါ်တွင် စောင်ပါးပါးတစ်ထည်ကတခြားလူတခြားအိပ်ပျော်နေသည့်ကျူးစစ်
သူမ ကုတင်ပေါ်ကနေချက်ချင်းဆင်း၍
"ကျူးစစ် ကျူးစစ် .... ထတော့ ကျူးစစ် .... နင်ပြန်ရတော့မယ်"
သူမ သူ့အပေါ်မှအုပ်မိုး၍ သူ့ပုခုံးကိုပုတ်ကာ နှိုးလေလျှင်
"အင်း...."
ကျူးစစ် မျက်လုံးပွင့်ပွင့်ချင်းမြင်လိုက်ရသည်က သူမရဲ့အိပ်မှုန်စုတ်ဖွားမျက်နှာလေး
သူ့အပေါ်မှာမိုးလျှက် အကြည့်ချင်းစုံခိုက် သူမ ချက်ချင်းလွှဲပစ်လိုက်၍
"အဟမ်းး ထ  ထတော့ မေမေ တို့မမြင်ခင် နင် ပြန်တော့"
"အင်း ပါ"
ကျူးစစ် ထ ၍ သူမ ဖွင့်ပေးသည့်ပြတင်းပေါက်မှခုန်ကျော်ရင်း
"ဆွေး"
သူမသူ့ဘက်အလှည့်မှာ သူမရဲ့ပါးလေး နူးညံ့တဲ့အထိအတွေ့တစ်ခု ခံစားလိုက်ရသည် ။
ပူနွေးနွေး သူ့ရဲ့နှုတ်ဖျားမှ မနက်ခင်းအနမ်းလေးက ချိုမြိန်သလိုရှိ၏။
ကျူးစစ် ခြံကိုကျော်ချသွားပြီးလျှင်
သူမ ပြတင်းပေါက်ပြန်ပိတ်၍ ကျောမှီကာ သူမရဲ့ပါးလေးကိုကိုင်ပြီး ပြုံးလာမိသည် မနေ့ညက အနမ်းကိုလည်းသတိရမိ၏။
ငါ သူ့အနမ်းတွေဘာလို့မရှောင်တိမ်းခဲ့နိုင်တာလဲ
မသိစိတ်ကဘယ်လိုပဲငြင်းငြင်း
နှလုံးသားကတောင့်တလာလျှင် ငြင်းနိုင်မှာမှမဟုတ်ပဲ
သူမမျက်နှာသစ်ရန်အပြင်ထွက်သွားလေ၏ ။
ကျူးစစ် ခြံခုန်ပြီးခိုက်
"ဟိုက် ....."
ကိုယ့်နှဖူးကိုယ်ပြန်ရိုက်လိုက်၍
"မင်းတော့သွားပြီ"
ကိုယ့်ကိုယ်ကိုယ်ပြန်ပြောမိသည့်စကား
၁၀လှမ်းလောက်အကွာအဝေးမှာ စျေးခြင်းတောင်းနဲ့ ပန်းယုချို တဖြည်းဖြည်းနှင့်နီးလာပြီဖြစ်၍ ဘာလုပ်လို့လုပ်ရမှန်းမသိတော့
"ဟေ့ မင်း ... ငါမြင်ဖူးသလိုပဲ"
အိမ်ရှေ့မှယောင်လည်လည် ကောင်လေးတစ်ယောက်သည်ကြည့်ရတာလည်းအခုမှအိပ်ယာထတဲ့ပုံစံနဲ့
ပန်းယုချိုကို ပြုံးပြ၍
"အ...အ ဟုတ်ကဲ့ ကျွန်တော်......"
"ဪ တို့ဆိုင်ကိုခေါက်ဆွဲလာစားတဲ့ကောင်လေးမဟုတ်လား"
"ဟုတ် ဟုတ်ကဲ့"
"ဒါနဲ့ တို့အိမ်ကိုဘာလာလုပ်တာလဲ"
"အာ ..... ကျွန်တော်ခေါက် ခေါက်ဆွဲလာစားတာ ဆိုင်ဆိုင်က ပိတ် ထားလို့ အဲ့တာ လမ်းလျှောက်ရင်းဒီဘက်ရောက်လာတာ"
ပါးစပ်ထဲပေါ်လာရာ ပြောလိုက်သော်လည်း ဆင်ခြေ တစ်ခုတော့ရသွားသည် ။
" ဆိုင်ကပိတ်တာမဟုတ်ဘူး မောင်လေးရဲ့ ခနနေမှဖွင့်မှာ ဒီမှာ စျေးကခုမှပြန်လာတာ"
"ဟုတ် ကဲ့ "
"ကဲ လာပါ အစ်မရဲ့အမေကလည်း မင်းကိုခင်တာပဲ ခေါက်ဆွဲစားချင်လို့မဟုတ်လား လာ အိမ်ထဲလိုက်ခဲ့ "
"ဗျာ....အ..... ဟုတ်ကဲ့"
ယောင်လည်လည်နဲ့အခုမှထွက်လာတဲ့အိမ်ထဲကိုအခုပြန်၀င်လာခဲ့သည် ။
"မေမေ ရေ မေမေ"
မမယုက မေမေ့ကိုလှမ်းခေါ်ရင်း ကျူးစစ်ကိုလည်းအိမ်ထဲ၀င်လာစေသည် ။
"ဟေ  ဘာဖြစ်တာလဲယုရဲ့"
"ဒီမှာ ဧည့်သည်ပါလာတယ်"
မေမေက အနောက်မှထွက်လာရင်း ကျူးစစ်ကိုမြင်တော့
"ဪ ဟိုကောင်လေး ယုနဲ့ဘယ်လိုလုပ်တွေ့လာတာလဲ"
"အ... ကျွန်တော်..."
"ဒီလိုမေမေရေ အိမ်ရှေ့တွေ့တာနဲ့ ခေါ်လာတာ သူကဆိုင်ကိုခေါက်ဆွဲလာစားတာတဲ့ ဆိုင်မဖွင့်သေးလို့ ဒီရောက်လာတာ"
"ဪ အန်တီတို့ခေါက်ဆွဲကိုအဲ့သလောက် ကြိုက်တာလား ရပါတယ် အန်တီ လုပ်ကျွေးမယ် ခဏနော် ထိုင်ဦး ကောင်လေး"
မီးဖိုချောင်ထဲက ထမင်းစားစားပွဲမှာ ကျူးစစ် ထိုင်နေ၏ ။
"မေမေ ဒီနေ့ဆွေး စောကြီးနိုးတယ် breakfastကောင်းကောင်းလေးစားရမလားလို့"
ဆွေးက မျက်နှာသစ်၍ မီးဖိုချောင်ထဲ၀င်လာလိုက်လျှင်
"ဟင်....နင်...."
မျက်လုံးပြူးမျက်စံပြူးနဲ့ လန့်သွား၏ ။
"ရှူး...."
ကျူးစစ်က မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
"ဆွေးခဏနော် ဒီမှာဧည့်သည်ရောက်နေတယ် မေမေတို့ဆိုင်ရဲ့ဖောက်သည်လေးပေါ့"
မေမေက ခေါက်ဆွဲပြုတ်တွေရေငှဲ့ရင်း ပြောနေသည် ။
"ဟုတ်ကဲ့ ဟင်းဟင်း"
ဆွေးလည်း ကျူးစစ်နဲ့မျက်နှာချင်းဆိုင်မှာ၀င်ထိုင်လိုက်သည် ။
မမယုက ကျူးစစ်အတွက် ခေါက်ဆွဲပန်းကန်ချပေးပြီး
"ကဲ ရော့ အားမနာနဲ့နော် များများစား"
ဒီနေ့တော့Breakfastက ဆီချက်ခေါက်ဆွဲဖြစ်သွားသည်။
"ကဲ ကောင်လေး မင်းနာမည်လေးပြောပါဦးအန်တီကို"
"ကျူးစစ် ...."
ထွက်လာတာကဆွေးဆီမှ ပြီးမှ မှားမှန်းသိ၍ ပါးစပ်ပိတ်လိုက်၏ ။
"ဟင် သမီးနဲ့အသိတွေလား"
"ဟုတ်ကဲ့ဗျ ဆွေးနဲ့ကျွန်တော်က..."
"သူငယ်ချင်းတွေ ဟဲဟဲ ကျောင်းမှာမျက်မှန်းတန်းမိရုံလောက်ပါ နာမည်သိရုံလောက်ပေါ့ နော အခုမှ ကောင်းကောင်းသိတာ ဟုတ်တယ်မလားကျူးစစ် ဟင်းဟင်း"
ကျူးစစ် ကို မျက်လုံးပြူးပြရင်း
"အ..အာ.....ဟုတ်ကဲ့"
အောက်မှရကျူးစစ်ခြေထောက်ကိုလှမ်းကန်လိုက်၏ ။
"ဪ ဆွေးတို့ကျောင်းကပဲလား"
"ဟုတ်ကဲ့ "
မေမေက မေးလျှင် မေးသည့်မေးခွန်းသာ တစ်ခုတည်းဖြေသည်မှာ အပိုအလို ပြောသည်မရှိ
"ဆွေးက ဂီတ ကဆိုတော့ သားကရော"

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now