အပိုင်း (13) Uni/Zawgyi

6.4K 248 14
                                    

ရင်ထဲက ဆွေး
အပိုင်း(13)
ကျူးစစ် ချိန်းတဲ့နေရာသို့ရောက်ခဲ့သော် ဘယ်သူချိန်းမှန်းမသိတာကြောင့် Clubထဲတွင် စူးစမ်းနေစဉ်
သူ့ပုခုံးပေါ်သို့ရောက်လာသောလက်တစ်ဖက်ကြောင့်နောက်သို့ဖျက်ကနဲ့လှည့်လာလိုက်၍
လက်သီးဖြင့်ရွယ်လိုက်ခြင်းဖြင့်
"အဟိုး မင်းကဆန္ဒစောလှချည်လား"
ကျူးစစ် လက်ပြန်ချလိုက်ရင်း
"မင်းလား "
"အင်း သေချာတာပေါ့"
"ဘာအတွက်လဲ မင်းနဲ့ငါနဲ့ကြားမှာ ရန်စ မရှိဘူးလို့ထင်တာပဲ"
သူနဲ့မတ်ိမ်းမယိမ်းလောက်အသက်ရှိမည် တစ်ခါမှမမြင်ဖူးပေ
"ငါလည်း အဲ့လိုပဲထင်ပါတယ် ဒါပေမဲ့ မင်းနဲ့သက်ဆိုင်တဲ့သူ နဲ့ ရန်စ ရှိခဲ့မယ်ဆိုရင်ရော"
"ငါနဲ့ဘာဆိုင်လဲ သူနဲ့သွားရှင်းပေါ့ကွာ "
ကျူးစစ် တစ်ဖက်က ဘားမှ ဝီစကီ တစ်ခွက်ယူ၍ ထိုဘားကိုမှီကာ ရပ်လိုက်၏ ။
"ဟ ဟ မင်း အဲ့လိုပြောလိမ့်မယ်လို့ ထင်မထားလို့ဘူးကွ"
"ဘာလို့လဲ "
"အဲ့တာ တယောထိုးတဲ့ကောင်မလေးဖြစ်နေလို့"
လက်ထဲမှဝီစကီတစ်ခွက်ကိုတရှိန်ထိုးမော့သောက်လိုက်ပြီး
"ဘာ အတွက်လဲ သူနဲ့ငါက မင်းတို့ထင်နေတဲ့ အဆင့်ထ်ိမရောက်သေးဘူး"
"မလိုပါဘူး မင်း သူ့ကိုချစ်ရင်ကာကွယ်မှာပဲမဟုတ်လား"
"မင်းရဲ့စိန်ခေါ်မှုက ဆန်းကျယ်လှချည်လား"
"စိတ်၀င်စားစရာမကောင်းဘူးလား အရမ်းရိုးနေရင်ပွဲကဘယ်ကောင်းမလဲ ကျူးစစ်ရာ"
" လိုရင်းကိုပြောလိုက်တော့"
"မင်းစိတ်မရှည်ရင် မင်းစော် အသက်ရှည်မယ်မထင်နဲ့"
ကျူးစစ် သက်ပြင်းတစ်ချက်ချလိုက်ရင်း
"မင်းနဲ့ဆွေးက ဘာပက်သက်လို့လဲ"
"အချစ်ဟောင်းနဲ့ပတ်သတ်မှု"
"မဆိုင်တာတွေ ပြီးပြီးသားတွေပြန်ဖော်နေလို့ဘာရမှာလဲ"
ကျူးစစ် Clubထဲမှထွက်သွားမည်အပြုမှာ
"မင်းသိမှာ ခန့်မင်းသစ်က မင်းစော်ကြောင့် သေသွားခဲ့တာဆိုတာ"
ကျူးစစ် ခြေလှမ်းရပ်တန့်သွားပြီး
နားစိုက်ထောင်လိုက်သည် ။
"မင်းရော တစ်ယောက်ယောက် ကြောင့် မင်းအစ်ကို သေခဲ့ရင် ဒီတိုင်းကြည့်နေမှာလား"
သိလိုက်ရတာက ခန့်မင်းသစ်ရဲ့ညီဆိုတာပဲ
"ဘာလဲ မင်းလုပ်ချင်ရင် ချက်ချင်းလုပ်ပါ့လား ဘာလို့အခုကျမှ ပြန်စွနေတာလဲ"
"၅လ အတွင်းမှာ အခြေအနေကိုစောင့်ကြည့်ရသေးတာပေါ့ လှုပ်ရှားဖို့အချိန်ရောက်ပြီလို့ထင်လို့ စ ခဲ့တာ"
"မင်းက ဘာကိုလိုချင်တာလဲ "
"နောက်တော့သိမှာပေါ့ကွာ"
"မင်းက ကြိုးရှည်ရှည်နဲ့ဆွဲထားမယ်ဆိုတဲ့သဘောလား "
"ပွဲက ခုမှစမှာကွ မင်းစောင့်ကြည့်ပါကွာ"
"ငါက စောင့်ကြည့်ရတာဝါသနာမပါဘူး"
"ဟေ့ ငါ့နာမည်ကို မှတ်ထား နှစ်သစ်"
ဘာကိုမှပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်က ည ၁၁ထိုးခဲ့ပြီ
ဒေါက် ဒေါက်
ဒေါက် ဒေါက်
ဒေါက် ဒေါက်
"ကျစ်"
ကျူးစစ် အတော်နဲ့တံခါးဖွင့်မလာတာကြောင့် စိတ်တိုတိုနဲ့ တံခါးကိုကန်ရန် ပြုလုပ်စဉ်
တံခါးဖွင့်၍ ထွက်လာသော မင်းမြတ်က အိပ်ချင်မူးတူးဖြင့်
"ဟာကွာ ကျူးစစ် ရာ မင်းကစောစောစီးစီးလည်းမလာဘူး "
သူ့အိမ်လို တံခါးဖွင့်သည်နှင့် အထဲ၀င်သွားကာ
သူ့နေရာဆိုဖာ၌သာ
"မင်း ဖုန်းလေးဘာလေး၀ယ်သင့်တယ်"
"ဘာဆိုင်လို့လဲ ခင်ဗျားကလည်း"
"မင်းဒီလိုချိန်ကြီး တံခါး ခေါက်တော့ ကောင်းလားကွ ဘေးအိမ်တွေရှိသေးတယ် ပြီးတော့မင်းကစိတ်ရှည်တဲ့ကောင်လည်းမဟုတ်ဘူး "
"အဲ့ဒီကျ ဘာဖြစ်လဲ "
"မင်းဖုန်းသာရှိရင်ငါ့ကိုဖုန်းဆက်ပြီးလှမ်းနှိုးလို့ရတယ်လေ"
"ကျစ် ခင်ဗျားဆီလာအိပ်ဖို့ရာ ဖုန်းက ၀ယ်ရဦးမှာလား"
"အဲ့တာဆိုလည်းအိမ်ပြန်အိပ်ကွာ"
"တော်ပြီ အိပ်ပြီ"
"ဘယ်လိုကောင်မှန်းမသိဘူး"

ရင်ထဲက ဆွေး(Completed)OCWo Geschichten leben. Entdecke jetzt