အပိုင်း (27) Uni/Zawgyi

6.9K 205 13
                                    

ရင်ထဲက ဆွေး
အပိုင်း(27)
"ယုရေ ပစ္စည်းတွေစုံပြီလား သေချာကြည့်"
"စုံပါတယ်မေမေရဲ့ သမီး နက်(စ်)မလေး တွေကို သွားပြောလိုက်ဦးမယ်နော် မေမေနဲ့ဆွေးနဲ့ အပြင်ထွက်နှင့်လိုက်"
"အေးအေး ဆွေး လာလေ"
"ဟုတ်ကဲ့"
မေမေနဲ့ဆွေးနဲ့ ဆေးရုံရှေ့ရောက်တော့
မိသားစုကားပေါ်ကဆင်းလာတဲ့ကျူးစစ်
"ဟင် ကျူးစစ် နင်က ရက်ကျန်သေးတယ်မဟုတ်လား ဒီနေ့မဆင်းရသေးဘူးလေ"
"ဒီနေ့မင်းဆေးရုံဆင်းတယ်မလား "
"အင်း"
"ဆေးရုံမှာမင်းမှမရှိတော့တာ ဘာလို့ကိုယ်ကဆက်နေရမှာလဲ"
"ဒါပေမဲ့ နင် နေမကောင်းသေးဘူးလေ"
"ခုထိအကောင်းတိုင်းပဲရှိသေးတယ် ကိစ္စမရှိဘူး  တက် ကားပေါ်"
"ဟမ်"
မေမေ့လက်ထဲကပစ္စည်းတွေကိုဆွဲယူလိုက်၍
"အန်တီ တက်ပါ ကျွန်တော်လိုက်ပို့ပေးမယ်"
"မဖြစ်ဘူးမဖြစ်ဘူး နင်နေမကောင်းသေးဘူး ကားမောင်းလို့လည်းမဖြစ်နိုင်ဘူး"
ဆွေးကမေမေ့ကိုဆွဲထား၍ ကားပေါ်မတက်ပေ
" ကိုယ်မမောင်းဘူး ကားကို"
ကျူးစစ်သက်ပြင်းချရင်း ကားမောင်းသူနေရာကိုမေးငေါ့ပြလိုက်လျှင်
"မေဆွေးခ ကားက ငါမောင်းမှာ မို့စိတ်မပူနဲ့ "
ပန်ထွာကလှမ်းအော်ပြောလိုက်လျှင်
"ဟမ်"
"ကဲပါ တက်ပါတော့ ဆွေးရာ အချိန်ကြာအောင်လို့ ကိုယ်နေပူကြီးထဲရပ်နေရတာ"
မေမေ့ကိုရောဆွေးကိုရော ကားပေါ်အတင်းတွန်းတင်ပြီး
"ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာတုန်း"
"မမယု ကားပေါ်တက် ကျွန်တော်လိုက်ပို့ပေးမယ်"
"ဟေ"
မမယုကိုလည်း အတင်းဆွဲတက်ခိုင်းပြီး သူက ပန်ထွာဘေးတွင်၀င်ထိုင်လိုက်၏။
"ကဲ သွားစို့"
"ဟွန်.... မာန်နဲ့တွေ့ခဲ့တဲ့ကောင်မလေး မဟုတ်လား ကျူးစစ်ညီမ ဆိုတာ"
မမယုက ပန်ထွာကိုနောက်မှကြည့်ရင်းပြောလိုက်လျှင်ပန်ထွာက နောက်ကြည့်မှန်မှလှမ်းကြည့်ရင်း
"အာ... ဟိုအစ်မ "
"ဘာလဲ အသိတွေလား မင်းနဲ့မမယုက"
"ဒီလို ကျူးစစ်ရဲ့ ဆေးရုံကန်တင်းမှာ မာန်က ဒီညီမလေး ကိုထမင်းလိုက်ကျွေးတာ အစ်မနဲ့တွေ့တာလေ"
ကျူးစစ်က ဆွေးကိုလှမ်းကြည့် ဆွေးလည်း ကျူးစစ်ကိုလှမ်းကြည့်၍ ထူးစမ်းနေကြသည်။
ဆွေးနဲ့ပတ်သတ်ပြီး မာန်နဲ့ ကျူးစစ်ကမတည့်သလို ပန်ထွာကလည်းကျူးစစ်ဘက်ကဖြစ်နေတာကို ဘယ်လိုလုပ်ပြီးရင်နှီးကြပါလိမ့်
ထိုအတွေးကို ဆွေးရောကျူးစစ်ရောတွေးနေသည်ထင်ပါ၏။
"ပန်ထွာမင်းက ငမှေးနဲ့ဘယ်လိုသိကြတာလဲ"
"ဟင် ဒီ ဒီ လိုပါပဲ ကျောင်းတစ်ကျောင်းတည်းအတူတူနေတာပဲ မျက်မှန်းတန်းမိနေတာပေါ့"
"မျက်မှန်းတန်းမိရုံနဲ့ ထမင်းလိုက်ကျွေးတယ်လား"
"ကျူးစစ် ရှေ့ရောက်ရင် ဘယ်ဘက်ကွေ့ရမှာလဲ"
ကားထဲမှာGPSပါတာကြောင့် လမ်းသိပေမယ့် စကားလမ်းကြောင်းလွှဲရန် သေချာမေးလိုက်သည်။
"အင်း ညာဘက်ကွေ့"
"ပန်ထွာ ရှေ့က နှစ်အိမ်လောက်ကျော်ရင်ရောက်ပြီ"
ဆွေးကလှမ်းပြောလိုက်လျှင် ပန်ထွာကားရပ်ပေးလိုက်ပြီးအချို့ပစ္စည်းတွေကိုကျူးစစ်က ဝိုင်းသယ်ပေးသည်။
"အိမ်ထဲ၀င်ကြဦးလေ ဟိုကောင်မလေးရော"
"ရပါတယ်အန်တီ သမီးနာမည်က ပန်ထွာခွန်းပါ ကျူးစစ်ရဲ့ညီမ"
"အေးအေး အန်တီက ဆွေးရဲ့အမေ"
"ဟုတ်ကဲ့ "
မေမေနဲ့မမယု အိမ်ထဲ၀င်သွားလျှင်ဆွေးကတော့ ကျန်နေရစ်သေးသည်။
"လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ် "
"ကိုယ်ပြောထားတယ်မလား ကျေးဇူးတင်တယ်ဆိုတဲ့စကား ကိုယ်တို့ကြားမှာမသုံးဖို့"
"ဘယ်သူကနင့်ကိုပြောလို့လဲ ဆွေးက ပန်ထွာကိုပြောတာ"
"အင်း ရပါတယ် ကိစ္စမရှိပါဘူး"
ပန်ထွာ အနေနဲ့နည်းနည်းတော့ခက်မည်။
ဆွေးကို ပြောခဲ့ဆိုခဲ့တာတွေ နောက် ပြီး အမူအယာအနေအထားတွေကိုချက်ချင်းကြီးပြောင်းလဲဖို့ပေါ့။
"အဟမ်း  မေဆွေးခ "
"အင်း"
ဆွေးကပြုံးပြလိုက်လျှင်
"အရင်က ငါနင့်အပေါ် ပြောခဲ့တာတွေ လုပ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပေးပါ"
"ရပါတယ် ငါနားလည်ပါတယ် ပြီးတော့ ဆွေးလို့ခေါ်လည်းအဆင်ပြေပါတယ် နင်တစ်ယောက်ပဲမေဆွေးခ လို့ခေါ်တော့ တစ်မျိုးကြီးဖြစ်နေလို့"
"OK ဆွေး ငါတို့သူငယ်ချင်း လုပ်လို့ရတယ်မလား"
"ဘာလို့မရရမှာလဲ"
"ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိပါဘူး"
"အဟင်း  ပန်ထွာ"
ကျူးစစ်က ကြားဖြတ်၍ ခေါ်လိုက်ပြီး
"မင်း ကားထဲကစောင့်"
"ဟက် ဘာလဲရှောင်ခိုင်းတာလား"
"သိရင်ဘာလို့မေးနေသေးလဲ"
"အင်း မြန်မြန်လာ ဒယ်ဒီ က ငါ ကားယူလာတာမသိဘူး"
ပန်ထွာ ကားပေါ်တက်သွားတော့
"ဘာလို့ရှောင်ခိုင်းတာလဲ ဒီတိုင်း လည်းအဆင်ပြေနေတာကို"
"ကိုယ်ပြောစရာရှိလို့"
"ပြောလေ"
"မနက်ဖြန် Date ရအောင်"
"ဘာ"
"ဘာဖြစ်လို့လဲ"
"အခုမှဆေးရုံကဆင်းတာကို"
"နောက်မှဆိုတာ ရှိချင်မှရှိနိုင်မှာ"
"ဘာတွေပြောနေတာလဲ အဲ့လိုတွေမပြောနဲ့ မနက်ဖြန် ဘယ်နာရီလဲပြော"
ကျူးစစ် ချက်ချင်းပြုံးလိုက်ပြီး
"11နာရီ"
"ကျောင်းက"
"လစ်လိုက် ဆေးရုံကဆင်းခါစလို့ပြောလိုက်ကွာ"
"သိပ်ဉာဏ်များတာပဲ သွားတော့ ပန်ထွာ စောင့်နေတယ်"
"တစ်ခါလောက်ဖက်ပေး"
"ကဲပါသွားပါတော့ မနက်ဖြန်ကျမှ ဖက် "
"အင်း အတိုးချ ဖက်မှာ"
"bye bye"
သူမ ကျူးစစ်ကို ကားဘက်အတင်းတွန်းပို့ပြီး တာတာ့ပြကာ အိမ်ထဲပြေး၀င်လာခဲ့သည်။
"ဟဲ့ ဆွေးဘာဖြစ်တာလဲ အလန့်တကြားနဲ့"
"ဟင့်အင်း"
သူမခေါင်းရမ်းပြီး အခန်းထဲသို့၀င်သွားကာ
တံခါးပေါက်ကိုကျောမှီရင်း
"ဒီတိုင်းသာဆိုရင် ငါဘယ်လိုလုပ်ရမလဲ ငါ့ကြောင့်နဲ့ကျူးစစ် တစ်ခုခုဖြစ်မှာကြောက်တယ်"

ရင်ထဲက ဆွေး(Completed)OCDonde viven las historias. Descúbrelo ahora