ဇာတ်သိမ်းပိုင်း Uni/Zawgyi

22K 400 49
                                    

ရင်ထဲက ဆွေး
အပိုင်း(30) ဇာတ်သိမ်းပိုင်း
ဒီနေ့ ကျူးစစ်ထွက်သွားတာ ၅လရှိပြီ
ထင်ခဲ့သည်က ကြာလာရင် သူ့ကိုမေ့သွားမည်လို့ ဒါပေမဲ့ ဟုတ်မနေခဲ့ပါဘူး
သူ့ကို မေ့နေတဲ့အချိန်ဆိုတာ၁စက္ကန့်တောင်မရှိခဲ့ဘူး
အချိန်တိုင်းသတိရနေခဲ့တာ
သူ့နဲ့အဆက်အသွယ်ဖြတ်လိုက်တာ ကြာလာရင် အဆင်ပြေလောက်မည်လို့ထင်ခဲ့မိတယ်
အခုထိအဆင်ပြေခဲ့တာ၁ရက်တောင်မပြည့်တောင်ခဲ့ဘူး

@@@@@@@@@@@@@@@@@
"ကျူးစစ်"
"ဘာလဲ"
"ငါဘယ်လိုနေလဲ လှလား"
ပြင်သစ်မှာပဲမင်္ဂလာဆောင်မည်လို့စဉ်းစားထားသည်။
Wedding dress ရွေးနေသော်လည်း
ကျူးစစ် တစ်ထည်မှ၀တ်မကြည့်
ဒီကိုပါလာတာကလည်း ၀တီက လိမ်ခေါ်ခဲ့တာကြောင့်ဖြစ်သည်။
သူမ ၀တ်စုံတွေ၀တ်ကြည့်တာ၅စုံမြောက်သို့ရောက်ခဲ့ပြီ
ကျူးစစ် ထိုင်ရာမှမထရသေးပါ။
"ခဏလောက်အပြင်ထွက်ပေးပါ"
ဆိုင်၀န်းထမ်းအချို့ကိုအပြင်ထွက်ပေးရန်တောင်းဆိုလိုက်သည်။
၂ယောက်တည်းရှိနေချိန်၌
"ကျူးစစ် နင် ငါ့ကိုနည်းနည်းလေးတောင်မစဉ်းစားမိဘူးလား ဒီကိုရောက်လာတယ်ဆိုတာက နင်နဲ့ငါ လက်ထပ်ဖို့လေ ငါထင်တာက ဟိုမိန်းကလေးကိုမေ့သွားပြီလို့ ဒါပေမဲ့ နင်ပြင်သစ်ကိုသာရောက်လာခဲ့တာ အမြဲတမ်း သူမရဲ့ပြိုင်ပွဲတွေကိုပဲရှာကြည့်တယ် ဒီကိုရောက်တာ၅လရှိပြီ နင်ငါရှိတယ်လို့ရောစဉ်းစားမိရဲ့လား"
မင်္ဂလာ၀တ်စုံဂါ၀န်ဖြူဖြူကြီးနဲ့ သူ့ရှေ့တည့်တည့်မှာခံစားချက်တွေပွင့်ထွက်လာပြီး  ငိုနေတဲ့ ၀တီကို ကြည့်၍ သက်ပြင်းအခါခါချမိ၏။
သူ သူမရှေ့သို့ထလာခဲ့ပြီး
"၀တီ ငါပြောတာကိုခဏလောက်နားထောင်ပေးပါ"
ကျူးစစ် သူမရဲ့ပုခုံးနှစ်ဖက် ဆုပ်ကိုင်လိုက်ပြီး
"ငါမင်းကိုမချစ်ဘူး ၀တီ "
"မကြားချင်ဘူး မပြောနဲ့"
"ငါ ဆွေးကိုပဲချစ်တာ ဆွေးကိုပဲလက်ထပ်ချင်တယ် မင်းလည်းငါ့အခြေအနေကိုသိနေတာပဲ"
"ဟင့်အင်း ကျူးစစ် ငါမကြားချင်ဘူးလို့ပြောနေတယ်လေ"
"ငါတောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ် ၀တီ ငါမင်းကိုလက်မထပ်နိုင်ဘူး "
"ဟင့် အီးဟီး "
"မင်းကိုမချစ်တဲ့သူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုတာမလွယ်ဘူး ၀တီ ငါ မင်းကိုသူငယ်ချင်းတစ်ယောက်လိုပဲခင်ပေးလို့ရမယ် ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး တောင်းပန်ပါတယ် "
"တော်ပါတော့ ဟင့် နင် တစ်ကိုယ်ကောင်းဆန်တယ် ငါနင့်ကို မကျေနပ်ဘူးကျူးစစ် "
မျက်ရည်တွေပိုးပိုးပေါက်ပေါက်နဲ့သူမကို ပွေ့ဖက်လိုက်ရင်း
"တောင်းပန်ပါတယ် ၀တီ မင်းကိုသူငယ်ချင်းလိုတစ်သက်လုံးခင်သွားမှာပါ "
"ဟင့်  ဟင့်  ဟီး...အီး... အကျင့်မကောင်းတဲ့ကောင် အရူးကောင် ခွေးကောင်"
သူမ ၀မ်းနည်းနည်းနဲ့ ဆဲချင်သလိုပစ်ဆဲနေမိတော့သည် ။
ဒါပေမဲ့ ကျူးစစ် ခွင့်လွှတ်ပေးခဲ့သည်။
သူမ သူ့ကိုတင်းကြပ်စွာဖက်ထားရာမှ
"သဘောကျတယ် ငါနင့်ကိုဒီလိုဖက်ထားရလိမ့်မယ်လို့ မမျော်လင့်ထားပေမယ့် အခုလို ဖက်ထားခွင့်ရတာ သဘောကျတယ်"
"ငါ အဖေ့ကိုလက်မထပ်ဘူးလို့ ရအောင်ပြောပါ့မယ် နင့်ဘက်ကလုံး၀မနစ်နာအောင်ပြောပေးမယ်"
"ဟင့်အင်း မလိုဘူး ငါ့ဘာသာဖြေရှင်းမယ် နင့်ဘက်က ငါ့ကိုလက်မထပ်ဘူးလို့ငြင်းရင် ငါကအငြင်းခံရသလိုဖြစ်မှာပေါ့ ငါ့ဘက်ကပဲငြင်းမယ် "
သူမ အင်္ကျီလဲ၍ထွက်လာခဲ့တော့
"ငါလိုက်ပို့ပေးမယ်"
"ဟင့်အင်း ရတယ် လာကြိုလိမ့်မယ် ဒီနေ့ သူ့ရဲ့ Final ပွဲမဟုတ်လား နင်liveကြည့်ပြီး အားပေးသင့်တယ် "
"အင်း ကျေးဇူးတင်ပါတယ် "
သူမ လာကြိုတဲ့ကားပေါ်တက်သွား၍
မျက်ရည်တွေကိုသုတ်ကာဖုန်းထုတ်လိုက်ပြီး
"ဟယ်လို"
"သမီးဘာဖြစ်လို့လဲ"
"ဒယ်ဒီ သမီး ကျူးစစ်နဲ့လက်မထပ်နိုင်ဘူး"
"ဘာ နောက်တစ်ပတ်ပဲစီစဉ်ပြီးသားကို"
"တော်ပြီဒယ်ဒီ သူလည်းသမီးကိုကြိုက်တာမဟုတ်ဘူး သမီးလည်း မကြိုက်တော့ဘူး "
"ဘာ သမီးပဲ အရမ်းလိုချင်ပါတယ်ဆို"
"ဟင့်အင်း စိတ်ပြောင်းသွားပြီ လက်ထပ်ပွဲကိုဖျက်ပေးပါ"
"ကျစ် ယွန်း၀တီ နင် ငါနဲ့ ဦးခန့်ညားကို မျက်နှာပျက်အောင်လုပ်နေတာလား"
"မသိဘူး သမီး ကျူးစစ် နဲ့လက်မထပ်ချင်ဘူး ဒါပဲ "
ဖုန်းချပြီးပြီးချင်း ရှိုက်ကြီးတငင်ငိုကြွေးခါ
နင်ပျော်မှာပါကျူးစစ် ငါနင့်ကိုချစ်တယ် ကိုယ်ချစ်သူပျော်ရွှင်ဖို့ ကိုယ်စွန့်လွှတ်သင့်တာစွန့်လွှတ်ရမှာပေါ့ ငါနင့်ကို ပျော်စေချင်လို့ လက်ထပ်ပွဲဖျက်ပေးခဲ့ပြီ  နင်ချစ်တဲ့သူနဲ့ပျော်ရွှင်မယ်လို့ငါမျှော်လင့်ပါတယ်

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now