အပိုင်း (14) Uni/Zawgyi

6.5K 252 22
                                    

ရင်ထဲက ဆွေး
အပိုင်း(14)
ဆွေး ဒီနေ့ အိပ်ယာစောစော၀င်ခဲ့သည် ။
မီးပိတ်၍ သူမရဲ့ကုတင်ပေါ်သို့ လှဲလိုက်ပြီး မျက်လုံးများမှိတ်သော်လည်း
အတွေးထဲကို လာလာနှောက်ယှက်နေသူကျူးစစ် ကြောင့် အိပ်မပျော်
သူမဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ဖြင့်
စိတ်ရှုပ်နေသည့်အဆုံး ထထိုင်လိုက်ရင်း
"ကျစ် ဘာလို့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတာလဲ  ငါသူ့ကိုပြောလိုက်တာလွန်သွားလို့လား  ဟင့်အင်း ဘာလို့ လွန်ရမှာလဲ သူအရင်မာန့်ကိုစထိုးတာလေ အဲ့တာက မဖြစ်သင့်တာကြီးကို ကျစ် ပြီးတော့......"

"ဆွေး....ကိုယ် မင်းကိုသဘောကျတယ်"
"မင်း မုန်းတာထက် ကိုယ်ပိုချစ်တယ် မင်းဘယ်လောက်ရွံ့တယ်ပြောပြော ကိုယ်နောက်ဆုတ်မှာမဟုတ်ဘူး မင်းနဲ့အနီးဆုံးမှာရှိနေပြီး မင်းရဲ့အမုန်းတွေ အချစ်အဖြစ်ပြောင်းလဲလာအောင်  လုပ်ယူပြမယ် "

သူမနားပိတ်လိုက်၍
"အား ငါဘာလို့ အဲ့တာတွေပဲပြန်ကြားနေတာလဲ သူကလည်း အဲ့လောက်လူတွေများနေတာကိုဖွင့်ပြောရတယ်လို့ ကျစ် တကယ် စိတ်ရောမှန်ရဲ့လား"
သူမ ပြန် လှဲလိုက်ပြန်သည် ။
မျက်လုံးများမှိတ်ထားပေမယ့်
"နှာခေါင်းလည်းချွန်တယ် နှုတ်ခမ်းကပါးတယ် သူ့အကြည့်တွေကဆွဲဆောင်မှုရှိတယ် မျက်ခုံး မျက်လုံး ..."
သူမ ပြန်ထထိုင်လိုက်၍
"ဟာ ရူးချင်တယ် ကျူးစစ် ဘာလို့ ဖွင့်ပြောရတာလဲ"
မျက်လုံးထဲမှာပေါ်ပေါ်လာတဲ့ ကျူးစစ် မျက်နှာကို ဘယ်လိုဖျောက်ဖျက်ရမှန်းမသိ
သူမ ဒီညအိပ်မပျော်နိုင်ပါ ။

@@@@@@@@@@@@@@@@@
ကျူးစစ် မနေ့ည ဘယ်ချိန်က အိမ်ပြန်ရောက်တယ်မသိ
မနက် ကျတော့ အနီရောင်တောက်တောက် လက်ရှည် အင်္ကျီက သူနဲ့ကွတ်တိမဖြစ်သော်လည်း ခပ်ပွပွပေမဲ့ ကြည့်လို့ကောင်းသည်။
ထို့နောက် သိပ်မ၀တ်ဖြစ်တဲ့ဘောင်းဘီ အဖြူကိုထုတ်၀တ်ခဲ့၏ ။
ရှေ့သို့ကျနေသည့်ဆံပင်တွေကိုနောက်သို့သပ်တင်ပြီး နားကပ်တွေပြန်၀တ်
ဆွဲကြိုးတွေလက်စွပ်တွေအားလုံးစုံအောင်၀တ်ဆင်ပြီးမှ မှန်ထဲတွင်မဲ့ပြုံးလိုက်ရင်း ထွက်လာခဲ့သည် ။
အိမ်သားများ သူမနေ့ကပြန်လာမှန်းမသိခဲ့ကြ
"ဟင် အစ်ကို မနေ့ညက ကျူးစစ်ပြန်ရောက်ခဲ့တာလား"
"ငါဘယ်သိမလဲ ဒေါ်အေးတင် မနေ့ကကျူးစစ် ဘယ်ချိန်ပြန်လာလဲ"
"ကျွန်မလည်းမသိလိုက်ပါဘူး သူဌေး ည၁၂နာရီထိတော့ ကျွန်မ အသံမကြားမိဘူး အဲ့နောက်ပိုင်း အိပ်ပျော်သွားလို့"
"ဒေါ်အေးတင် ဘယ်လို ကျူးစစ် ပြန်လာတယ်ဟုတ်လား"
ပန်ထွာ ခပ်သွက်သွက်လာမေးသည် ။
"ဟုတ်ကဲ့"
ချက်ချင်းပဲပန်ထွာအိမ်ရှေ့ပြေးထွက်သွားရင်း
ကျူးစစ် အိမ်ပေါက်၀တွင်ငုပ်တုပ်ထိုင်၍ ဖိနပ်ကြိုးချည်နေတာမြင်တာကြောင့်
ပြေးလာခဲ့ရာ
"အမေ့ "
သူမရှေ့အရောက်နဲ့ ကျူးစစ် မတ်တပ်ထရပ်တာနဲ့ဆုံသောကြောင့် သူမ၀င်တိုက်ရင်း အရှိန်သွားသည် ။
ကျူးစစ် သူမလက်မောင်းကိုဆွဲလိုက်တာကြောင့် မှောက်ရပ် မလဲခြင်းပါ ။
သူမ ရဲ့အသားကိုထိပါဆိုလို့တောင်မထိတဲ့သူက အခုသူမ လက်မောင်းကိုကိုင်ဆွဲ၍ သူမကိုကူညီပေးခဲ့သည် ။
ပန်ထွာ ကျေးဇူးတင်စကားပြောဖို့တောင်နေ့သွား၏
မထင်မှတ်တဲ့အရာတွေဖြစ်လာတာနဟူတ်လား
ကျူးစစ် စကားတစ်ခွန်းမှမပြောပဲ သူမရှေ့မှထွက်သွားခဲ့သည် ။
ခြံအပေါက်၀နားရောက်မှ
"ကျူး ကျူးစစ်"
သူမလှမ်းခေါ်လိုက်သော်လည်း ကျူးစစ် လှည့်မကြည့်
"ကျေး ကျေးဇူးပဲနော်"

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now