အပိုင်း (25) Uni/Zawgyi

7.1K 209 13
                                    

ရင်ထဲက ဆွေး
အပိုင်း(25)
ကျူးစစ် နေ့လည်ကျောင်းနားမှ ဆွေးကိုသွားတွေ့ရမည်ဆိုပေမယ့် သူမနေမကောင်းဘူးဆိုသောကြောင့် စိတ်ပူနေသည် ။
ထို့အပြင်စိတ်ထဲမှာခုလို့ခုလုဖြစ်နေ၏။
ဆွေးတစ်ခုခုဖြစ်မှာကိုသာဆိုးရိမ်နေသဖြင့်
ဖြစ်နိုင်ရင် ကျောင်းမြန်မြန်ဆင်းချင်၏။
"ကျူးစစ်"
အသံကျယ်ကျယ်တစ်ခု စိုးရိမ်မှုတစ်ခု ပါလာ၏။
အတန်းထဲတွင်ထိုင်နေသောကျူးစစ် လှည့်ကြည့်လိုက်စဉ်ပန်ထွာက ပြေးလာတာကြောင့်အရမ်းမောနေသည်။
ဘာဖြစ်လို့ပါလိမ့် တစ်ခါမှဒီလိုငါ့ကိုလာမရှာဖူးပါဘူး
ကျူးစစ် အတန်းရှေ့သို့ထွက်သွားပြီး
နံရံကိုမှီလိုက်ကာ
"ဘာလဲ လာရှာရတဲ့အကြောင်းအရင်းက"
"တောင်းပန်ပါတယ် အစောကတည်းကပြောရမှာကို ငါမပြောပြနိုင်ခဲ့တာ ဒါပေမဲ့ နင့်အတွက်အန္တရာယ်အရမ်းများတယ် ပြီးတော့ နင်သူ့ကိုသွားမကယ်ပါနဲ့ "
"မင်းဘာတွေပြော...... ဘာလဲ မင်းသိထားတာလား"
ကျူးစစ် သံသယ၀င်သွားသည်က ဆွေးရဲ့ကိစ္စကိုသူမသိထားသည်လား
"တောင်းပန်ပါတယ် ကျူးစစ် မသွားပါနဲ့ နင်တစ်ခုခုဖြစ်လိမ့်မယ် "
"မဖြစ်ဘူး မင်းတောင်းပန်စရာမလိုဘူး ကျေးဇူးတင်တယ် ပြောပြပေးလို့ "
ကျူးစစ် ချက်ချင်းပဲပြေးထွက်သွားသည်။
"ကျူးစစ် မသွားပါနဲ့ ကျူးစစ် ကျူးစစ် "
သူမသူ့အနောက်မှပြေးလိုက်ရင်း ကျောင်းအပြင်သို့ရောက်သွား၏။
သို့သော် ကျူးစစ် အရမ်းအပြေးမြန်နေတာကြောင့် သူမ အနေနဲ့ဘယ်လိုမှလိုက်လို့မမှီ
ထို့ကြောင့်Taxiငှားလိုက်၏။
ငါ ကျူးစစ်နောက်ကိုလိုက်ခိုင်းရင် မာမီ့ကိစ္စတွေအားလုံးပေါ်သွားမှာ မဖြစ်ဘူး
"ဦးလေး ..... ကိုမောင်းပါ"
သူမ အိမ်လိပ်စာကိုသာပြောလိုက်ပြီး
မာမီ့ကိုအရင်ဆုံးတားရမည်ဟုဆုံးဖြတ်လိုက်သည်။
သူမအရမ်းအလျှင်လိုနေသည်။
"ဦးလေး အမြန်ဆုံးသာမောင်းပေးပါ"
သူမအိမ်ရောက်ရောက်ချင်း
"မာမီ မာမီ "
အကျယ်ဆုံးသာအော်ပြီး အိမ်ထဲပြေး၀င်သွား၏။
"ဘာလဲ သမီး ဒီချိန်ကြီးဘာဖြစ်လာတာလဲ"
ပန်ထွာ ဒေါ်နေခြည်လက်ကို အတင်းဆွဲ၍ ဒေါ်နေခြည်ရဲ့အခန်းထဲသို့ခေါ်သွားပြီး
တံခါးပြန်ပိတ်လိုက်ကာ
"မာမီ အ အခု မာမီခိုင်းထားတာတွေကိုရပ်လိုက်ပါနော် မာမီနော် သမီးတောင်းပန်ပါတယ်နော်"
"ကျစ် အဓိပ္ပာယ်မရှိတာတွေပြောဖို့ အိမ်ကိုပြန်လာတယ်ဆိုရင် အခုပဲကျောင်းကိုပြန်လိုက်တော့ပန်ထွာ"
"ဟင့်အင်း မာမီ ဟင့် ဟင့် အဲ့လို ရက်စက်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့နော်"
"ပန်ထွာ ဒါတွေက သမီးနဲ့ သမီးအစ်ကိုအတွက်လေ"
"ဘယ်တုန်းကမှသမီးမှာအစ်ကိုမရှိခဲ့ဘူး ကျေးဇူးပြုပြီးရပ်ပေးပါ"
သူမငိုယိုကာတောင်းဆိုသော်လည်း
"အာရုံနောက်တယ်ပန်ထွာ ကျောင်းကိုသာပြန်လိုက်တော့"
ဒေါ်နေခြည် သူမကိုကျောခိုင်းကာ အခန်းတံခါးဖွင့်၍ထွက်သွားမည်လုပ်သော်
"အခု မေဆွေးခကိုကယ်ဖို့ ကျူးစစ် ထွက်သွားပြီ မာမီ"
ထိုစကားသံသည်မာ ၍ပြတ်သားလာ၏ ခုနက ပန်ထွာအသံနဲ့မတူ ဒေါ်နေခြည်အံ့သြ၍ ပြန်လှည့်လာခဲ့ရာတံခါးကအဆုံးထိမပိတ်ခဲ့
အိမ်ရှေ့မှကားသံတစ်ခု
သို့သော် သူမတို့မကြား အရမ်းအရေးအကြီးတဲ့ကိစ္စကိုပြောနေတာကြောင့်ဘာကိုမှအာရုံမရ
"မောင်ထွန်းအောင် ဒီချိန်ကြီးဘာကစ္စရှိလို့လဲ"
"ဟုတ်ကဲ့ သူဌေးက သူ့အခန်းထဲက fileတစ်ခုနဲ့ နာရီမေ့နေခဲ့လို့ပါတဲ့"
"ဪ အခန်းထဲမှာထင်တယ်မမကြီးက "
"ဟုတ်ကဲ့ဗျ"
ထွန်းအောင် သူဌေးအခန်းတံခါးခေါက်မည်အပြုမှာတံခါးကဟနေ၏။
"ဘာ နင်ဘာပြောလိုက်တယ် ပန်ထွာ"
စကားသံကြားလိုက်တာကြောင့် တံခါးမခေါက်တော့ဘဲ နားထောင်လိုက်လျှင်
"ကျူးစစ် မေဆွေးခကိုသွားကယ်တယ်"
"နင် နင် ပြောပြလိုက်တာပေါ့"
"ဟင့်အင်း သမီးကသူ့ကိုမသွားဖို့ပြောတာ အန္တရာယ်ရှိတယ် သမီးသိတယ်မာမီ မာမီတို့ ဆွေးကိုရှင်းပစ်မယ်ဆိုတာ"
"တော်စမ်း ပန်ထွာ နင် အမေတစ်ယောက်လုံးကိုတောင်သစ္စာဖောက်တယ်"
သူမရဲ့ပါးပြင်ပေါ်သို့ရောက်လာတဲ့ အမေဖြစ်သူ၏လက်ဖဝါးက သူရဲ့ပါးပြင်ကိုသာမက အသည်းထဲထိပါနာကျင်စေ၏။
ပါးလေးရဲတက်သွား၍မျက်ရည်တွေကျလာမှ ဒေါ်နေခြည်သူမကိုရိုက်မိသည်ဟုသိလိုက်ရသည်။
"ပန် ပန် ထွာ"
"ထင်မထားခဲ့ဘူး မာမီ သမီး ကိုတောင် ဒီလို လုပ်လိုက်မယ်လို့"
"အခုလောလောဆယ် အဲ့တာတွေမပြောနဲ့ ကျူးစစ် ဘယ်လောက်ထိသိသွားလဲ"
"ကြိုးကိုင်တာမာမီ ဆိုတာတော့မသိသေးဘူး ဒါပေမဲ့ သမီးပြောရင်ပြောရမှာပဲ"
"ဘာ ပန်ထွာ"
ထွန်းအောင် ချက်ချင်းပဲ ကုမ္ပဏီသို့ပြန်ရန်ဆုံးဖြတ်လိုက်ပြီး ကားဆီသို့ပြေးသွားလေ၏။

ရင်ထဲက ဆွေး(Completed)OCWo Geschichten leben. Entdecke jetzt