အပိုင်း (10) Uni/Zawgyi

7.4K 278 10
                                    

ရင်ထဲက ဆွေး
အပိုင်း(10)
ဆွေး အိပ်ရာနိုးသည်နှင့် အာရုံထဲပေါ်လာသည်ကမနေ့ ကသူမ ကျူးစစ်ကိုပြောခဲ့သည့်စကားများ
ထို့နောက် သူမ ဖက်ခဲ့သည်ကို
"ကျစ် ငါဘာလို့ ဖက်လိုက်မိတာပါလိမ့် "
သူမ မျက်နှာသစ်ဖို့ထွက်သွားပြီးနောက်
ထို့နောက် အ၀တ်စားလဲနေစဉ်
"ဆွေးရေ  မာန် ရောက်နေတယ်ဟေ့ "
မေမေလှမ်းအော် နေတာကြောင့်
"ဟင် မာန် ကဘာလုပ်တာပါလိမ့် မနက်ကြီးကို"
သူမ အင်္ကျီဝတ်ပြီးသော် ခပ်သွက်သွက်ပင် အပြင်ထွက်လာခဲ့သည်။
"ဟဲ့ မာန်သုတ နင်ကဘာလာလုပ်တာလဲ"
"ဘာလုပ်ရမှာလဲ မနက်စာလာစားတာ"
ဆိုပြီး မီးဖိုခန်းထဲတွင် ခပ်တည်တည်၀င်ထိုင်လေသည် ။
"နင့်အိမ်ကနင်စားပါလား"
"အိမ်မှာဘယ်သူမှမရှိဘူး မမဆွေးရဲ့ ကျွန်တော်တစ်ယောက်တည်းပြန်လာတာ"
"ဟေ ဟုတ်လား ညနေလည်းအန်တီတို့ဆီပဲလာစားလေ တစ်ယောက်တည်းမဟုတ်လား"
မေမေ ကပျူပျူငှာငှာ ခေါ်နေလျှင်
သူမ မဲ့ရင်း
"မေမေ ကလည်း "
"မမဆွေး ကျွန်တော်ကတော့လာစားမှာပဲ အန်တီနု ကိုယ်တိုင်ခေါ်နေတာ မမမခေါ်လည်းရတယ်"
"အံမယ် ငါနဲ့ မမယု နဲ့ရှိသေးတယ်နော် ငါတို့မခေါ်လို့မရဘူး"
"ကဲ ဆွေး ရေ ရန်လုပ်မနေနဲ့ ဒီမှာ မုန့်တီလာစား ရော့ မောင်လေး "
မမယု ကမုန့်တီ နယ်ပြီးလျှင် မာန်ကိုလည်းတစ်ပန်းကန်ထိုးပေးလိုက်၏ ။
"ဝါး မမယု ရဲ့လက်ရာမစားရတာကြာလို့နေမှာ စားလို့ကောင်းလိုက်တာ"
"အေးပါအေးပါ ညနေ ကျလာစားဦးမှာဆိုတော့မြှောက်ထားပေါ့"
"ယု ရေ ဆွေးတို့ကျောင်းသွားရင် အိမ်တံခါးပိတ်ပြီးလိုက်ခဲ့နော် မေမေ ဆိုင်သွားနှင့်မယ်"
မေမေကပြာယာပြာယာနဲ့ ခြင်းတောင်းကြီးကိုင်ပြီး မမယုကိုမှာကြားနေလျှင်
"မမကဒီနေ့စောစောစီးစီးပါလား "
"အေးဆွေးရေ orderတွေရှိတယ် သမီးရဲ့ မေမေသွားပြီနော် ယု သော့သေချာခက်နော်"
"ဟုတ်ကဲ့မေမေ စိတ်ချပါ သမီးလိုက်ခဲ့ပါမယ်"
မေမေ သွားပြီးမကြာပါဘူး ဆွေးလည်း မြန်မြန်သွက်သွက်စားပြီး
"မမယု မေမေ့ကိုကူလုပ်ရဦးမယ် မလား ဆွေးတို့ကကျောင်းကိုစောရောက်လည်းကိစ္စမရှိဘူး သွားလို့ရတယ်"
"အေးအေး မေမေတစ်ယောက်ထဲဖြစ်နေလိမ့်မယ် သွားရအောင်လေ"
မမယု ကအိမ်သော့ကိုင်၍ ခြံရှေ့မှစောင့်လေ၏ ။
ဆွေးနဲ့မာန်လည်း ယူစရာရှိတာယူ၍ထွက်လာခဲ့သည် ။
သူတို့၂ယောက်ခြံရှေ့ရောက်လျှင်
တံခါးသော့ခက်၍
"ကဲ သွားနှင့်မယ်နော် "
"ဟုတ်"
မမယုက ဆိုင်သို့ခြေလျှင်သာသွားသည်။
ဆိုင်ကလည်းသိပ်မဝေးဘဲ Busမှတ်တိုင်နဲ့ အိမ်နဲ့ကြားထဲမှာဖြစ်၏။
မမယုသွားပြီးလျှင် သူမစဉ်းစားမိသည်က
bus မှတ်တိုင်မှာကျူးစစ်များစောင့်နေမလား ဆိုသောအတွေး
အခု ဆွေးက မာန်ရဲ့ကားနဲ့သွားမည်မဟုတ်လား
သို့သော် မနေ့ကသူမ လုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး မျက်နှာပူလှသည် ။
တစ်ဖက်လူနားမလည်နိုင်တဲ့စကားတွေပြောပြီး ထိုလူကိုဖက်ကာ ငိုခဲ့တယ်လေ
သူမအထင်တော့ ရှက်ဖို့ကောင်းသား သူက သူမရဲ့ချစ်သူလည်းမဟုတ် ထိုသို့မဖြစ်မည်ကပဲ မပတ်သတ်ချင်ဘူး ဝေးဝေးနေ ဆိုပြီးပြောခဲ့သေးသည်မဟုတ်လော
မျက်နှာပူသည့်အပြင် သူနဲ့လည်း ဝေးဝေးနေချင်မိတာကြောင့် မာန် နဲ့ပဲသွားရန်ဆုံးဖြတ်လိုက်၏။
"မမဆွေး ဘာတွေရပ်ပြီးစဉ်းစားနေတာလဲ ကျွန်တော်ကားပေါ်ရောက်တာ၇မိနစ်လောက်ရှိပြီ"
ကားထဲမှ လှမ်းအော်လိုက်တာကြောင့်
"အာ... ဟုတ် ဟုတ်လား အေး အေး"
သူမကမန်းကတန်းကားပေါ်တက်လိုက်သည် ။
သူမ Busမှတ်တိုင်ဘက် အကွေ့တွေ ကျူးစစ် စောင့်နေမလားလို့ အာရုံစိုက်၍သေသေချာချာကြည့်လိုက်သော်လည်း busအလာနဲ့တိုးသောကြောင့်ကွယ်သွားလေ၍ သူမ ဘာကိုမှမမြင်လိုက်ရပါ ။
"ဟင်း..."
သက်ပြင်းချ၍ ကားနောက်မှီကို မှီချလိုက်သည် ။
"ဘာဖြစ်တာလဲမမဆွေးရဲ့"
"ဘာမှဖြစ်ပါဘူး ဒီလိုပါပဲ"
"မမဆွေး မနေ့က မမသွန်းလာလား"
"ဟင့်အင်း ငါတစ်ယောက်တည်း"
"ဟိုကျူးစစ် ဘာလုပ်သေးလဲ"
သူမဘာဖြေရမှန်းမသိတော့
"အာ...... ဘာမှမလုပ်ပါဘူး ဘာမှမဖြစ်ဘူး"
သူမတို့ ကျောင်းသို့တန်းတန်းမတ်မတ်ရောက်သွားသော်လည်း
busမှတ်တိုင်တွင် နာရီကြည့်ရင်းစောင့်မြဲဖြစ်သောကျူးစစ်
စိတ်ရှည်သည့်ပုံစံမပေါ်တော့ပေ ။
"ကျစ်.."
ဒီချိန်ဆိုရင်ကျောင်းတောင်တက်နေပြီမဟုတ်လား
သူမအခုထိရောက်မလာတော့ ဒီနေ့ကျောင်းမလာဘူးဆိုသည့်သဘောလား
ဒါမှမဟုတ် ငါမသိအောင် ငမှေး နဲ့များသွားတာလား
"တောက်.."
မာန်အကြောင်းတွေးတိုင်းဒေါသထွက်သည်ကဧကန်ပဲ။
သူဦးတည်လမ်းလျောက်နေတာက
ဆွေးရဲ့ မေမေတို့ဆိုင် ကျူးစစ် ဆိုင်တံခါးဖွင့်၍ဆိုင်ထဲ၀င်လာလိုက်လျှင်
"ကြိုဆိုပါတယ် ဘာသုံးဆောင်မလဲမသိဘူး"
ယု ကကြိုမေးလေ၏။
မနက်ခင်း ဖြစ်တာကြောင့် ဆိုင်ထဲတွင်လူ များသည်
ကျူးစစ် ဘယ်နေရာတွင် ၀င်ထိုင်ရမှန်းတောင်မသိသဖြင့် ဟိုကြည့်သည်ကြည့်နှင့်
တစ်ဝိုင်းမှာ လွတ်သွားတာကြောင့် ထောင့် စားပွဲတွင်ဝင်ထိုင်လိုက်၏ ။
ယုကကျူးစစ် ထိုင်သည့်စားပွဲသို့ အ၀တ်ဖြင့် စားပွဲကိုသုတ်ပေးရင်း
"ဘာစားမလဲမသိဘူးရှင့်"
ကျူးစစ် မော့ကြည့်လိုက်လျှင်
နားကပ်တွေရယ်ဆံပင်ပုံစံခပ်ဆန်းဆန်းကြောင့် သူ့မျက်နှာမှတ်မိသည်။
ငယ်ငယ်ချောချောကောင်လေးဖြစ်တာကြောင့်ပါမည် ယ
"အာ.....ဆီချက်ခေါက်ဆွဲ"
ယု ပြုံးလိုက်မိပြီး
သူပထမတစ်ခါလာတုန်းကလည်း ဒီလိုပဲ မဟုတ်လား
"ခဏစောင့်ပေးပါနော်"
ကျူးစစ် ဟိုကြည့်သည်ကြည့်ဖြင့် သူမ ကိုရှာလေလျှင်
အရိပ်လေးတောင်မတွေ့ပါ
သူဘာလို့ဆိုင်မှာမရှိတာလဲ ကျောင်းသွားတာလား ဒါမှမဟုတ်အိမ်မှာလား
ဟင်းချိုလာချပေးသည်ကိုတော့သတိထားမိလိုက်သည်။
သူနေမကောင်းလို့များလား မနေ့တုန်းကတောင်ငိုနေတာဆိုတော့ ဘယ်လောက်တောင်များ၀မ်းနည်းစရာရှိလို့လဲ အရမ်းခံစားနေရတာများလား ဖျားသွားတာလား
အငွေ့တထောင်းထောင်းဟင်းချိုရည်တစ်ဇွန်းကိုမ မှုတ်ပဲခပ်သောက်လိုက်ရာ
"အ..."
အနည်းငယ်များကျယ်လောင်သွားလေသလား ဘေးစားပွဲမှလူတွေဝိုင်းကြည့်ကြလျှင်
နည်းနည်းရှက်သလိုတော့ခံစားရ၏ ။
ဘယ်လောက်တောင်များဆွေးကိုစိတ်ပူသွားသည်မသိဟင်းချိုရည်တောင်မှုတ်ဖို့မေ့သွားသည် ။
ဒေါ်နုနုခိုင် ဆိုသည့် သူမရဲ့မေမေလည်း ထိုကောင်လေး ကိုသဘောကျမိ၏ ။
"ဟားဟား  သမီးယု ဒီကောင်လေး ထပ်လာတာလား ကောင်လေးက ချစ်စရာလေးပါကွယ် "
"မေမေကလည်း လမ်းသရဲလေးပါ"
"အဲ့လိုပုံစံကြောင့်ပါ သူ့ရဲ့မျက်လုံးနဲ့ ပကတိရုပ်လေးက ဖြူစင်တယ်သမီးရဲ့ "
"ဟုတ်ပါပြီ သမီးကမေမေလောက် လူအကဲမခက်တတ်ပါဘူး"
ယုက ခေါက်ဆွဲပန်းကန်ပါသည့်ဗန်းကိုကိုင်ကာ ကျူးစစ်ထိုင်ရာ စားပွဲသို့လာချပေးလေသည် ။
"ဆီချက်ခေါက်ဆွဲရပြီနော်"
ကျူးစစ်လည်း မပြုံးတပြုံးမျက်နှာဖြင့် မော့ကြည့်လိုက်သေးသည် ။
ကျူးစစ် အားပါးတရစားပြီးသော်
"အစ်မ ၁၀၀၀နော်"
"ဟုတ်ကဲ့"
ယုကို ပိုက်ဆံလာယူလေ၏ ။
ပိုက်ဆံရှငိးပြီးသော်
ကျူးစစ် အပြင်အထွက်တွင်
"အန်တီနု အန်တီနု"
ခေါက်ဆွဲထုတ်တွေကိုင်၍ပြေး၀င်လာသောကောင်လေးတစ်ယောက်ကိုမြင်လိုက်ပြီး
ကျူးစစ်အပြင်မှာစောင့်နေလေ၏ ။
"ဪ ခေါက်ဆွဲလာပို့ပြီလား သမီး ယုရေ ပိုက်ဆံရှင်းပေးလိုက်ဦးနော်"
ယုက ပိုက်ဆံရှင်းပေးပြီးလျှင်
"ကျေးဇူးပဲနော် မယုရောအန်တီနု ရော"
"အေးအေး"
ထိုကောင်လေးအပြင်ပြန်ထွက်လာလျှင်
"ဟိတ်"
လှမ်းဆွဲလိုက်၍
"ဒီဆိုင်ပိုင်ရှင် အန်တီ နာမည်ကဘယ်သူလဲ"
"ဒေါ်နုနုခိုင်တဲ့"
"သူတို့အိမ်ကဘယ်နားမှာလဲ"
"ဒီအနောက်ဖက်ကို တည့်တည့်သွား ပြီးရင်ညာဘက်ကိုချိုးလိုက် တံခါးပေါက်အစိမ်းနဲ့တစ်ထပ်တိုက်လေးပဲ"
"အင်း "
"ဟာ ဘာလဲ ကျေးဇူးတင်စကားတောင်မပြောဘူး"
ကျူးစစ် နောက်ကိုတောင်ပြန်လှည့်မကြည့် ထိုခေါက်ဆွဲပို့သည့်ကောင်လေး ညွှန်ပြရာ သူမအိမ်သို့သာ သွားလေ၏ ။
အိမ်ရှေ့ရောက်လျှင် အိမ်တံခါးသော့ခပ်ထားသောကြောင့် သူမ မရှိမှန်းသိလိုက်ရသည် ။
ခြံတံခါးကို ကျောမှီ၍ ၁၅မိနစ်လောက်ရပ်စောင့်နေသေးသည် ။
သူမ အိမ်မှာမရှိမှန်းသိရက်နဲ့ သူမအငွေ့အသက်လေးရှိနေသည့်နေရာကိုနှစ်သက်တာကြောင့်ဖြစ်၏ ။
ကျောင်းကိုလည်းမသွားချင်တော့ဘဲ
အိမ်ပြန်မည်ဟူ၍ပင် အပြန်လမ်းရွေးလိုက်သည် ။
ကျူးစစ်ကဒီလိုချိန်နေ့လည်ခင်းကြီးအိမ်ပြန်လာတယ်ဆိုတအရမ်းကြီးထူးစမ်းမနေဘူးလား
ဦးခန့်ညားမရှိသော်လည်း ဒေါ်နေခြည်နဲ့အိမ်တော်ထိန်းအဒေါကြီးတွေရှိသည် ။
"ဟယ် ကျူးစစ် နင်ကဒီချိန်ကြီးဘာလို့အိမ်ပြန်လာတာလဲ"
"ကိုယ့်အိမ်ကိုဘယ်ချိန်ပြန်လာလာ မရလို့လား"
စကားပြန်ပြောဖို့လုံးဝမျှော်လင့်မထားသော်လည်း ကြားလိုက်ရသောစကားသံကြောင့် နှုတ်ခမ်းကိုခပ်ရွဲ့ရွဲ့ရယ်လိုက်၏ ။
"မဟုတ်ပါဘူး ဒါပေမဲ့ မပြန်လာသင့်လို့ပါ"
"တောက် ခင်ဗျားကိုသိပ်ကြည်တာမဟုတ်ဘူးနော် အေးဆေးနေ"
ဧည့်ခန်းထဲတွင်ဖြစ်၍
အလှတင်ပန်းအိုးလေးတင်ထားသည့်စားပွဲခုံသေးသေးကိုလှမ်းကန်လိုက်တာကြောင့်
ခွမ်း
ပန်းအိုးလေးကျကွဲသွားလေသည် ။
ဒေါ်နေခြည်ထိတ်လန့်မိတာအမှန်ပင်
ထို့နောက် ဘာမှဆက်မပြောပဲ အိမ်ပေါ်တက်သွားလေ၏ ။

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now