အပိုင်း (22) Uni/Zawgyi

6.8K 224 11
                                    

ရင်ထဲက ဆွေး
အပိုင်း(22)
ညနေ၆နာရီကျော်နေပြီမို့သူမတို့လည်းနေရာတော်တော်စုံအောင်လျှောက်လည်ပြီးပြီ
အိမ်ပြန်လမ်းကိုလျှောက်လာကြရင်း
သူမ ခြေလှမ်းတွေနှေးလာတာကို ကျူးစစ် သတိထားမိ၏။
သူမကိုငုံ့ကြည့်မိတော့ ဒေါက်ဖိနပ်ကိုစီးထားရတာမသက်သာသလိုပင် ။
"မင်း ခြေထောက်တွေနာနေပြီမဟုတ်လား "
"အွန်း နည်းနည်း စီးနေကျမဟုတ်လို့"
"ခါတိုင်းမစီးပဲဘာလို့ဒီနေ့ကျမှစီးလာတာလဲ "
"ဟင် နင့်အရပ်က အရှည်ကြီးပဲလေ ငါက နင်နဲ့ယှဉ်ရင်ပုသွားမှာဆိုးလို့"
"ဟက် အစကတည်းကပုတာပါကွာ"
သူမ မျက်စောင်းထိုး၍ တွဲထားတဲ့လက်ကိုဖြုတ်လိုက်တဲ့ ကျူးစစ်ကို ကြည့်နေခိုက်
"တက်"
"ဟင် ဘာလုပ်မလို့လဲ"
သူမရှေ့မှ နောက်ကျောပေးဒူးထောက်ထိုင်ပေးလိုက်၏။
"မင်းဆက်မလျောက်နိုင်ဘူးမဟုတ်လား ကျောပိုးသွားမယ်"
သူမ ပြုံးလိုက်ကာ ဒေါက်ဖိနပ်ကိုချွတ်လိုက်၍
"ဒီလိုကျတော့ သိပ်ချစ်ဖို့ကောင်းနေပါလား"
ကျူးစစ်ရဲ့လည်ပင်းကိုနောက်မှသိုင်းဖက်လိုက်သည်။
ကျူးစစ် သူမကိုကျောပိုးကာ အိမ်ပြန်လမ်းကိုအေးဆေးစွာသာပြန်လာခဲ့စဉ်
"ကျူးစစ်"
"အင်း"
"ဆွေးတို့ကို နင့်အဖေတွေ့သွားတယ် "
"အင်း"
"နင့်အဖေကိုမကြောက်ဘူးလား ဆွေးစိတ်ထဲမှာ တစ်ခုခု စိတ်ခုနေသလိုပဲ စိတ်ပူနေတယ်"
"ခေါက်ထားလိုက် ဒါတွေကို မှကိုယ်ရင်မဆိုင်ရဲရင် မင်းကိုဘာလို့ကိုယ့်ဘ၀ထဲခေါ်မှာလဲ"
"အင်းပါ ဆွေးလည်း အနားမှာသာ နင်ရှိရင် ဘာမဆိုရင်ဆိုင်နိုင်တယ်"
"အင်း"
"ဘာဖြစ်လို့လဲ ဆွေးက လေးလို့လား"
"ဟက် လူကသာသေးတာ အရိုးကများလေးနေသလားမသိဘူး"
"ဘာ"
"ဟုတ်တယ် လေ"
"တော်ပြီချပေး နင့်ကိုဘယ်သူကကျောပိုးခိုင်းလို့လဲ နင့်ဘာသာ ပိုးတာ "
"ကိုယ်ကမပိုးဘူးလို့ပြောလို့လား မချပေးပါဘူး အိမ်နားတောင်ရောက်တော့မှာ"
"ဟာ ဟုတ်သားပဲ ချပေးတော့ ဆွေးဘာသာပြန်လိုက်တော့မယ်"
ကျူးစစ် ချပေးလိုက်ပြီးသော်သူမရဲ့လက်လေးနှစ်ဖက်ကိုဆွဲကိုင်၍
"ဆွေး"
"မနက်ဖြန်ညနေ ကိုယ် လာခဲ့မယ်"
"အင်း ဆွေးမေမေတို့ကိုပြောထားလိုက်ပါ့မယ်"
"အင်း မနက်ကျရင် ကိုယ်လာခေါ်မယ်နော်"
"ဟင့်အင်း နင့်အိမ်နဲ့ကျောင်းနဲ့ကနီးနီးလေးကို ဒီအထ်ိဘာလာလုပ်မလို့လဲ ကျောင်းကပဲစောင့်ပါ"
"မင်းက ငမှေးနဲ့လာချင်လို့လား"
"ဟင်း မဆိုင်တာတွေပါလာပြန်ပြီ ဆွေးbusနဲ့ပဲလာမှာပါ ၆နာရီခွဲနေပြီ ဆွေးသွားတော့မယ်နော်"
"ခဏ"
သူမလက်ကိုပြန်ဆွဲလိုက်ကာ
"Date လုပ်ခဲ့တာ one kiss တောင်မလုပ်ခဲ့ရင် စိတ်မကောင်းစရာဖြစ်မှာပေါ့"
ဆွေးက မျက်စောင်းလေးထိုးစဉ် ပြိုကျလာတဲ့ ကျူးစစ်အနမ်းများနဲ့ ရောထွေးပါလာတဲ့ ရင်ခုန်သံတွေကို ထိန်းချုပ် ဖို့ခက်ခဲသည် ။
သူမရဲ့ပါးလေးကို နောက်ဆုံးနမ်းလိုက်ပြီး
"အိမ်ထဲ၀င်တော့လေ "
"အင်း တာတာ့"
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ အိမ်ထဲထိ၀င်သွားသည်ကို ကြည့်ပြီးမှ ကျူးစစ်အိမ်ပြန်ရန် လှည့်လာခဲ့စဉ်
အဖေ တစ်ခုခုစီစဉ်တော့မှာသေချာတယ် အဓိက က ခန့်မင်းသစ် ကိစ္စကိုတိတိကျကျမသိဖို့ပဲ

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now