အပိုင်း (6) Uni/Zawgyi

7.8K 313 9
                                    

ရင်ထဲက ဆွေး
အပိုင်း(6)
"ဆွေး ဆွေး "
သွန်းက ကျောင်းပေါက်၀တွင်ကြောင်တောင်တောင်ရပ်နေတဲ့ ဆွေး ဆီသို့ ပြေးလာ၏ ။
"ဟင် အင်း ဘာလဲ သွန်း"
"နင်နဲ့ကျူးစစ်နဲ့ကတွဲနေတာလား"
"ဟမ်... ဘယ်ကလာ သွန်းရယ် ဘာလို့တွဲရမှာလဲ"
"ဟင် နင်နဲ့သူကအခုကျောင်းကိုအတူတူလာတယ်လေ ပြီးတော့ နင့်လက်ကိုလည်းဆွဲတယ် တယောအိတ်လည်းကူသယ်ပေးတယ်လေ"
"အဲ့တာ ငါ့သဘောမပါဘူး သူဘာသာလုပ်တာ ငါ ကြောက်လို့ ဘာမှမပြောပဲ နေတာ"
"အဲ့လိုကြီးလား သူက နင့်ကိုစိတ်၀င်စားပုံပေါ်တယ်နော်"
"သူစိတ်၀င်စားလည်း ငါမကြိုက်ပါဘူး သွန်းရယ် "
"ဟင်း ထားပါ လာသွားမယ် "
သွန်းက တဖန်သူမရဲ့လက်ကိုဆုတ်ကိုင်ပြီး ကျောင်းထဲသို့ပြေး၀င်သွားလေသည် ။
သူမ ၀င်လာလျှင် အားလုံးနီးပါးသူမကိုသာကြည့်နေကြလေသည် ။
"သူလား  ကျူးစစ် နဲ့တွဲနေတာက "
"ဟုတ်တယ် မနေ့က သူ့ကြောင့်ပဲ ကောင်လေးတစ်ယောက်အရိုးကျိုးသွားတယ်"
"ဘယ်သူပြောလဲ ကျူးစစ် ကသူနဲ့တွဲနေတယ်လို့ "
ကောင်မလေးအချို့စကားပြောနေသည့်ကြားထဲသို့ ပန်ထွာ၀င်လာရင်းခပ်ကျယ်ကျယ်အော်လိုက်လျှင်အသံတိတ်သွားသလိုရှိသည် ။
"ဒီမှာ ဒီကျောင်းမှာ ကျူးစစ်ကဘယ်မိန်းကလေးကိုမှစိတ်၀င်စားမှာမဟုတ်ဘူး
ဟက် မေဆွေးခ လို အေးတ်ိအေးစက် မိန်းကလေးမျိုးကို သူကစိတ်၀င်စားပါ့မလား နင်တို့စဉ်းစားဥာဏ်မရှိဘူးလား"
အပြောအဆိုအနည်းငယ်ရိုင်းဆိုင်းသော်လည်း သူမကို ပြန်မပြောကြပေ ။
cheerleader ဖြစ်နေကြောင့် ရှိန်ကြ၏ ။
ပြီးတော့ ကျူးစစ် နဲ့မောင်နှမ ဆိုတာကိုလည်းသိထားကြတာကြောင့်ဖြစ်သည်။

@@@@@@@@@@@@@@@@@
နေ့လည်ပိုင်းသို့ရောက်လျှင်
ကျူးစစ် တစ်ယောက် ကျောင်းရဲ့ မြောက်ဘက်က အုတ်ပုံပေါ်တွင် ထိုင်နေလေသည် ။
ထိုင်နေတာထက် ဆွေးကိုစောင့်နေတာကပိုမှန်လ်ိမ့်မည် ။
သို့သော်သူမက သွန်းနဲ့ သာ ကန်တင်းသို့ရောက်လာလေ၏ ။
"ဆွေး မနက်ဖြန်နင်တို့ ဂီတ ကိုကျောင်းသားသစ်လာမယ်တဲ့"
"အင်း ငါသိတယ်လေ"
"ဟင် ဘယ်လိုသိတာလဲ"
"သူက ငါ့သူငယ်ချင်းလေ ငါ့ထက်၂နှစ်ငယ်တယ် စင်ကာပူကိုပြောင်းသွားတာ ၅နှစ်လောက်ရှိပြီ အခုမှပြန်ရောက်တာ"
"ဟုတ်လား နင်နဲ့တော်တော် ရင်းနှီးတယ်ထင်တယ် အသေးစိတ်သိနေတော့"
"အင်းရင်းနှီးတာပေါ့ ငယ်ငယ်တည်းကငါနဲ့ဆော့ဖော်ဆော့ဖက်လေ"
သူမ တို့ဘေးဝိုင်းမှာထိုင်နေသော ပန်ထွာ က သူမနှင့်အကြည့်ချင်းစုံလိုက်လျှင်သူမက ပြုံးပြမည်ပြုသော်လည်း ပန်ထွာကမျက်စောင်းထိုးလေ၏ ။
"ဟဲ့ ဒီမှာ နင်ကြောင့်မနေ့က ကျောင်းသားတစ်ယောက် အရိုးကျိုးသွားတယ်နော် ပြဿနာတွေသိပ်မရှာနဲ့ "
ခနဲ့တဲ့အသံနဲ့ပြောတာကြောင့် သူမ စိတ်ထဲဘ၀င်မကျရှိသည် ။
သူမကြောင့်တဲ့ ကျူးစစ် ကြောင့်ကျိုးသွားတာမဟုတ်လား
သူ့ကိုကယ်ဖို့တောင် ကြောက်ကြောက်နဲ့ကျူးစစ် ကိုစကားပြောခဲ့ရတာ
ကိုယ်ကောင်းတဲ့အရာကိုကျမမြင်ပဲ ထင်ရာမြင်ရာစွပ်စွဲနေသည့် သူတို့ကို သူမ စိတ်ကသိကအောက်ဖြစ်မိ၏ ။
အနေအေးသူမို့ ရန်မရှာပဲ အေးဆေးသာနေလေသည် ။
"အင်း ဆွေးဂရုစိုက်ပါ့မယ်"
"ဟက်"
ခပ်မဲ့မဲ့နဲ့သူမတို့အနားမှထွက်သွားလျှင်
"ဟဲ့ဆွေး အဲ့တာ ကျူးစစ်ရဲ့ညီမလေ ပန်ထွာခွန်း ပဲ "
"နင်တစ်ခါပြောဖူးတယ်လေငါမှတ်မိပါတယ်"
"အင်း လူတိုင်းကနင့်ကို ကျူးစစ် နဲ့တွဲနေတယ်လို့ပဲထင်နေကြတာ"
သူမနားသို့ဒိုင်းကနဲ၀င်ရောက်လာသည့် ကျူးစစ် ဆိုသောအမည်
"ကျူးစစ် ဟာ ..."
နေ့လည် ကျောင်းမြောက်ဘက်ကိုလာဖို့ပြောထားတယ်မဟုတ်လား
နာရီ၀က်တောင်နောက်ကျနေပြီ ။
"ဘာဖြစ်တာလဲ ဆွေးရဲ့"
"ငါ ငါသွားတော့မယ်နော်သွန်း ညနေမှတွေ့တာပေါ့"
ဆွေး ခပ်မြန်မြန်လေးပြေး၍ တယောလေးကိုကိုင်ကာ ကျူးစစ်ရှိရာသို့ အပြေးလေးပင်ရောက်လာ၏ ။
အုတ်ပုံပေါ်တွင် ထိုင်နေသော ကျူးစစ်ရဲ့မျက်လုံးများက စိတ်တိုနေသယောင် ။
"ကျူး  ကျူးစစ်"
သူမအသံက မောဟိုက်နေသလိုပင် ။
ဖျက်ကနဲ လှည့်ကြည့်လိုက်လျှင်
သူမကိုတွေ့တာကြောင့် အုတ်ပုံပေါ်မှဆင်းလာပြီး
"ကိုယ်မင်းကို ဘာပြောခဲ့လဲ"
"ဆွေး ..ဆွေးမေ့သွားလို့ပါ "
"ကိုယ်မင်းကိုမမေ့နဲ့လို့မှာထားခဲ့တယ်မဟုတ်လား"
"အခု ဆွေးရောက်လာပြီပဲ "
ကျူးစစ် သူမလက်ကိုဆွဲ၍ အုတ်ပုံပေါ်သို့
"ဒီမှာထိုင်"
"ဟင်"
အူလည်လည်လုပ်နေသောသူမအား စိတ်မရှည်စွာနှင့် ခါးကနေမြှောက်ချီပြီး အုတ်ခဲပုံကြီးပေါ်သို့တင်ပေးလိုက်သည်။
ထို့နောက်သူလည်းဘေးမှ၀င်ထိုင်ပြီး
"ဆွေး ကိုယ့်ကိုတယောထိုးပြ"
"ဟင်"
ခပ်ဆိုးဆိုးလူးဆိုးကောင်လေးက သူမကိုပြုံးပြပြီးကလေးတစ်ယောက်လိုတယောထိုးပြဖို့ပူစာနေသည်အား ဆွေးက အံ့သြမိ၏ ။
သူကစိတ်ရဲ့မှန်ရဲ့လား လို့တောင်တွေးမိသည် ။
သူမရဲ့ ပုခုံးပေါ်သို့တယောလေးတင်လိုက်ပြီး
မျက်လုံးများမှိတ်ကာ
သူမကိုယ်တိုင်ပင် ထွက်ပေါ်လာတဲ့သံစဉ်တွေကိုခံစားနားထောင်ရင်း
ရုတ်တရက် သူမပေါင်ပေါ်သို့ရောက်လာသည့် ကျူးစစ်ရဲ့ခေါင်းကြောင့် တံယောသံရပ်မသွားပေမယ့် ငုံ့ကြည့်လိုက်သည်။
မျက်လုံးများမှိတ်ကာ အိပ်ပျော်တော့မည့်ပုံဖြင့်
သူမပေါင်ကိုခေါင်းအုံးလုပ်၍ အုတ်ပုံပေါ်တွင်အိပ်ပျော်သွားသည့် ကျူးစစ် ကို သူမ မနှိုးရဲဘဲ သီချင်း ၃ပုဒ်လောက်ပြီးသည်ထိမထတာကြောင့် တကယ်အိပ်ပျော်နေတာကိုသိလိုက်ရသည်။
ထို့ကြောင့် ကျူးစစ် ကိုမနှိုးတော့ပဲ
ကောင်းကငါကြီးကိုသာမော့ကြည့်နေတော့သည်။
တကယ်ဆို သူမ ဒီနေရာလေးကိုအရမ်းနှစ်သက်သည်။
တိတ်ဆိတ်ပြီးအေးချမ်းနေသော ဒီနေရာလေးဟာ သူမလို အေးအေးဆေးဆေး​နေတတ်​သော ဂီတသမားတစ်​ယောက်အတွက်အသင့်​တော်ဆုံးဖြစ်မည်ထင်သည်။
သူ့ကြောင့်ကြောက်လို့ မလာရဲပေမဲ့
အခုသူကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာလေ
မိုးအုံ့သွားလိုက်နေသာလာလိုက် ဖြစ်နေသောရာသီဥတုကို တွေ့ကြုံနေရသည့်အပြင်
မကြာမီ မိုးရွာလာတော့မည်ဆိုတာကိုသိသော်လည်း သူမ ဘာမှမပြင်ဆင်ဘဲ
ပုံမှန်အတိုင်းသာထိုင်နေခဲ့သည်။
သူမရဲ့အတွေးနဲ့စိတ်တွေက ပျံ့လွင့်နေခဲ့သည်မှာ တစ်ချိန်က ပျော်ရွှင်ဖူးတဲ့အချိန်တွေကိုသာတမ်းတနေမိ၏ ။

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now