အပိုင်း (26) Uni/Zawgyi

6.9K 195 10
                                    

ရင်ထဲက ဆွေး
အပိုင်း(26)
တစ်ယောက်နဲ့တစ်ယောက် စုံစည်းနေတဲ့ မျက်၀န်းနှစ်ခုကြားထဲက လေဟာနယ်ထမှာအဓိပ္ပာယ်တွေအများကြီးရှိနေသည် ။
ထိုအဓိပ္ပာယ်တွေထဲကတစ်၀က်ကျော်ကျော်ကိုဖုန်းလွှမ်းထားတာက အချစ်
သူ့နှုတ်ခါးပါးထက်ကအပြုံးလွင်လွင်လေးက သူမစိထားတဲ့နှုတ်ခမ်းနှစ်လွှာကိုကူးပြောင်းစအချိန် ထိကပ်ခါစနှုတ်ဖျားတို့
ရုတ်တရက်တံခါးမခေါက်ပဲ ထွက်လာတဲ့တံခါးဖွင့်သံ
"ကျစ်... ဘာလို့တံခါးမခေါက်တာလဲ "
ကျူးစစ် စိတ်တိုတိုနဲ့အော်လိုက်ပြီး ၀င်လာတဲ့ သူကိုမြင်လျှင်မျက်မှောင်ကုတ်ကာအလိုမကျကြည့်လေသည်။
"ကျူး ကျူးစစ် ဆွေး သွားတော့မယ်"
သူမလည်းတော်တော်ရှက်သွားပါလိမ့်မည်
တံခါး၀မှာရပ်နေတဲ့
မိန်းကလေးတစ်ယောက် နက်မှောင်လွန်းတဲ့ဆံပင်တွေကရင်ညွှန့်လောက်ထိရှည်၍ အလယ်ခွဲထားကာ ပုံမှန်ထက်ပိုမိုအိတွဲဖြောင့်ဆင်းနေတာကြောင့် အဖြောင့်စက်ဆွဲထားသည်ကသိသာသည်။
ကုတ်အဖြူနဲ့ဂျင်းဘောင်းဘီအပြာကို၀တ်ဆင်ထားကာ စီးထားတဲ့ ရှူးဖိနပ်က စျေးကြီးတဲ့Brandဆိုတာသေချာ၏။
လွယ်လာတဲ့အိတ်က ခပ်ကြီးကြီးဖြစ်ပြီး ကျူးစစ် ၀တ်တဲ့ အဝတ်ရဲ့brandနဲ့တံဆိပ်တူတူပဲ
ကျူးစစ် သူမကိုကြည့်၍လုံး၀အလိုမကျပေ
"ဘာလဲ မင်းက လူမှုရေးနားမလည်ဘူးလား ခုနကမြင်တာကိုမရှောင်ပေးသင့်ဘူးလား"
ခုမှတွေ့ဖူးတဲ့ သူကိုရန်တွေ့နေပြီး ပြောသင့်မပြောသင့်မသိ စိတ်ရှိတိုင်းပြောချင်ရာပြောတတ်တဲ့ကျူးစစ်ရဲ့ ပုံစံက ကလေးဆန်တယ်လို့ပဲတွေးမိသည်။
"နင့်ကိုတွေ့ချင်လွန်းလို့လာတယ်မထင်နဲ့အဖေက အတင်းလွှတ်လို့လာရတာ"
ကျူးစစ်ပြောသမျှစကားတွေကိုမကြားသလိုပြုမူကာ ကုတင်ဘေးမှခုံသို့၀င်ထိုင်လေလျှင်
"ငါ့ကိုသိလို့လား"
"နင်က ငါ့ကိုမသိဘူးလား"
မေးတာကိုမဖြေပဲ မေးခွန်းပြန်ထုတ်တဲ့သူမကို တကယ် မနှစ်သက်
"ဘာလဲ အာရုံနောက်တယ်"
"ငါနင့်သတို့သမီးလောင်းပဲ "
"ဘာ"
"ဟက် ခုထိမသိသေးဘူးထင်တယ် နင့်အဖေ ကိုယ်တိုင် ငါ့ကိုနင်နဲ့ လက်ထပ်ဖို့ အဖေ့ကိုလာပြောသွားတာ"
"လာနောက်နေတာလား"
"ဟူး နင်မသိတော့လဲ ငါကိုယ်တိုင်ပဲ မိတ်ဆက်ရမှာပေါ့"
သူမ သူ့ကိုစိုက်ကြည့်လိုက်ပြီး
"အဟမ်း Hello DOY အလှကုန်ပစ္စည်းကုမ္ပဏီ ဥက္ကဌ ဦးစိုးလွင်ရဲ့ တစ်ဦးတည်းသောသမီး DOYရဲ့ ဒုတိယဥက္ကဌ ယွန်း၀တီ တွေ့ရတာ၀မ်းသာပါတယ်"
အားလုံးကိုတိတိကျကျဖော်ပြမိတ်ဆက်လိုက်ပင်မယ့် သူ့ကိုရွဲ့လုပ်တယ်ဆိုတာသိလိုက်၏ ။
သူမကမ်းပေးတဲ့လက်ကို ကျူးစစ် ပြန်နှုတ်မဆက်
"အဲ့တော့..."
ကျူးစစ် တစ်ဖက်သို့အကြည့်လွှဲလိုက်ပြီး ဘုကလန့်စကားနဲ့စသည်။
"ဟက် နင်လည်း ငါ့လိုလူပဲ ကန့်လန့်ပါလား အဖေက ကိုယ့်သမီးကိုယ် ဒီလို အရူးမျိုးနဲ့လက်ထပ်ပေးမလို့လား"
"ဘာ အရူး?"
"မဟုတ်ဘူးလား ငါဒီလောက်ပြည့်ပြည့်စုံစုံမိတ်ဆက်ပေးတာကို 'အဲ့တော့´ ဆိုတာ အရမ်းတုံးလွန်းသလားလို့ "
"ကျစ် ထွက်သွား"
"ငါ့ကိုလာကြိုတဲ့ကားမရှိသေးဘူး အပြင်မှာနေပူတယ်"
"မင်းငါ့ကိုလာရွဲ့နေတာလား ဘယ်လိုမိန်းကလေးလဲ"
"နင်နဲ့လက်ထပ်ရမယ့် မိန်းကလေးပဲ "
"ငါမင်းကိုလက်မထပ်နိုင်ဘူး ကြိုက်လည်းမကြိုက်ဘူး"
"ဟုတ်လား ငါလည်း လက်မထပ်ချင်ပါဘူး အဖေ့ကိုအပြတ်ငြင်းပြီးသား ဒါပေမဲ့ နင့်ကိုတွေ့ကြည့်လည်း မဆိုးပါဘူး ငါ့styleပဲ ၀တ်စားပုံ ရုပ်ရည် အကျင့်ရော အားလုံး ငါနဲ့တူတော့ ငါကြိုက်သွားပြီ"
" မင်းဘာပြောပြော ငါစိတ်၀င်စားမှာမဟုတ်ဘူး"
"အဲ့တာနင့်အပိုင်း ငါ့အပိုင်းက အဖေ့ကို ထပ်မငြင်းတော့ဘူး ပြီးတော့ ဒီကရှေ့ နင့်ကိုစောင့်ကြည့်ရမယ် ငါ့လူဖြစ်သွားပြီမို့"
"ဟက် မင်း တော်တော်ထူးစမ်းတာပဲ ဘယ်သူကမင်းလူလဲ ထွက်သွား"

ရင်ထဲက ဆွေး(Completed)OCOù les histoires vivent. Découvrez maintenant