အပိုင်း (9) Uni/Zawgyi

7.3K 285 10
                                    

ရင်ထဲက ဆွေး
အပိုင်း(9)
"ဆွေး ဆင်းနှင့်မယ်"
တယောအိတ်ကိုကောက်ဆွဲကာ သူမ Busကားပေါ်ကနေဆင်းလေလျှင်
"ဟင် မာန် နင်ကဘာလုပ်နေတာလဲ"
မာန်ဆိုသောအသံကြားသည်နှင့် ကျူးစစ်သည် ကားပေါ်မှခပ်သွက်သွက်ဆင်းလာခဲ့၏ ။
"မမဆွေးကိုစောင့်နေတာပေါ့"
ဆိုပြီးအကြည့်ကသူမအနောက်ကိုရောက်သွားတာကြောင့် လှည့်ကြည့်လျှင် ကျူးစစ်ကရှိနေသည်။
သူမ မသိသလိုသာနေလိုက်ရင်း
"မာန် သွားမယ်လေ "
မာန်သုတရဲ့လက်မောင်းကိုဆွဲ၍ ခေါ်သွားခဲ့၏ ။
"သွန်းရော"
"ဒီနေ့မမသွန်းမလာဘူးတဲ့ "
"ဟုတ်လား ဒါဆိုနင်နဲ့ငါနဲ့၂ယောက်ထဲပျင်းစရာကြီး"
"မမဆွေး ကျွန်တော့်ကိုစောင့်ဦးလေ"
သူမအတန်းထဲသို့သာ တည့်တည့်မတ်မတ်၀င်သွားလေ၏။
မာန်ကို လုံးကြည့်မရတာက ကျူးစစ် ဖြစ်သလို ကျူးစစ်ကို မမြင်ချင်တာကလည်းမာန်သုတပင် ။
မာန် အတန်းထဲမှပြန်ထွက်လာလျှင်
တိုင်ကိုမှီကာရပ်နေတဲ့ကျူးစစ် မျက်ခုံးတစ်ချက်ပင့်ပြလိုက်ရင်းသူ့အနားလာနေသယောင်။
နားတစ်ဖက်ထဲကို နားပေါက်၂ခုဖြင့် နားကပ်၂ခု၀တ်ထားသည်ကိုလည်း မာန်ကြည့်မရ ။
နားထင်နားကခေါင်းမှာရှိတ်ထိုးထားသည့် အကြောင်း ၂ခုနဲ့ ဆံပင်ကိုလည်း ကတုံးတုံးပေးချင်မိသည် ။
လည်ပင်းမှာဆွဲ ထားသည့် စတီးရောင် ဆွဲကြိုးတွေနဲ့ လက်မှာစွပ်ထားသည့်လက်စွပ်တွေကိုလည်း မမြင်ချင်။
မာန်ရဲ့မျက်လုံးထဲမှာ ကျူးစစ် ကိုမကောင်းဆိုးဝါးတစ်ကောင်လိုမြင်နေ၏ ။
"ကျူးစစ် မင်းဘာလိုချင်လို့လဲ"
မာန် လည်းခေသူမဟုတ်ပါ
ဆိုးပါတယ် ကြောက်စရာကောင်းပါတယ်လို့ပြောထားတဲ့ကြားက ဘုကလန့် စကား ကိုမှရွေးပြောနေသည် ။
"ငါလိုချင်တာမင်းဆီမှာရှိရင် မင်းဒီချိန် ဆေးရုံရောက်နေလောက်ပြီ ငမှေး "
နာမည်ကလည်းမသိ မျက်စိကမှေးတာကြောင့် ကျူးစစ် ကြုံသလိုခေါ်လိုက်သည် ။
"ဘာ ငမှေး မင်းဘယ်လိုခေါ်လိုက်တယ် ဒီမှာ ဒူးရင်းသီးကောင် ငါ့မှာနာမည်ရှိတယ် မာန်သုတ "
"ကျစ် ဒိုးစမ်းကွာ ငါ့ရှေ့မှာကြောင်တောင်တောင်နဲ့"
ကျူးစစ်က မာန့်ကိုကျော်၍ထွက်သွားလျှင်
"ဒူးရင်းသီးကောင် မင်းတစ်နေ့နေ့ ငါနဲ့တွေ့ဦးမှာပါ"
အမိအရ လှမ်းအော်လိုက်သေးသည် ။
အရင်ကဆို ထိုကောင် နှဖူးပေါက်နေလောက်ပြီ
သို့သော် ဆွေးနဲ့ပတ်သတ်နေတာကြောင့်လို့ပဲပြောရမလား သည်းခံခွင့်လွှတ်လာခဲ့၏ ။
"ဟေ့ကောင်"
ဖြတ်သွားရင်း မြင်လိုက်ရတဲ့မင်းမြတ်က နှုတ်ဆက်ပေမဲ့ ကျူးစစ်ကမကြား
"ဟေ့ကောင် မင်းမျက်နှာကဘာဖြစ်နေတာလဲ ငါ့ကိုတောင်မမြင်ဘူးလား"
"ဟင် ဒီလိုပါပဲ ဒါနဲ့ ဒီနေ့ ခင်ဗျားတို့ ကစားပွဲလေးဘာလေးမရှိဘူးလား"
"ဘာလုပ်မလို့လဲ "
"ဆော့မလို့ပေါ့ဗျာ "
"ရှိတော့ရှိတယ်ကွ ဒါပေမဲ့ အဲ့ဒီပွဲကပြီးလို့နိုင်ရင် ဆက်ပြိုင်ရမှာ တရုတ်ကိုသွားရမယ့်ပွဲကွ"
"ခင်ဗျားက ကျွန်တော့်ကိုမယုံလို့လား"
"ယုံလွန်းလို့ ခက်နေတာ ကျူးစစ်ရ မင်းဆော့ပေးရင်နိုင်မှာသေချာတယ် ဒါပေမဲ့ မင်းကကျောင်းမှန်တာလည်းမဟုတ်ပြောစကားနားထောင်တာလည်းမဟုတ် တရုတ်ထိသွားရမှာ မင်းကမလိုက်ဘူးဆိုရင် အလုပ်ရှုပ်မှာ"
"ဟင်း..... ဘာကြီးလဲဗျာ ဒီနေ့တစ်ရက်ထဲကစားလို့မရဘူးလား"
"မရဘူး ဒီနေ့ကစားရင် နောက် ပွဲတွေရောကစားပေးရမယ်"
"ဒီနေ့ပွဲကဘယ်မှာလုပ်မှာလဲ "
"ဒီကျောင်းမှာ ကိုယ့်နိုင်ငံအချင်းချင်းပဲ၃ခါပြိုင်ရမှာနိုင်သွားရင် နိုင်ငံတော်အားကစားကွင်းမှာ တခြား နိုင်ငံနဲ့ယှဉ်ရမယ် ၃ခါယှဉ်ပြီးရင် တရုတ်မှာ သွားကစားရမယ် "
"ကျွန်တော်သွားပြီဗျာ"
"ဟာ ဟေ့ကောင် ဘယ်လဲ ငါပြောလို့မပြီးသေးဘူး မင်းကဆော့မှာလားမဆော့ဘူးလား "
လှမ်းအော်သော်လည်း လက်မ တစ်ချောင်းထောင်ပြရင်း ထွက်သွားလေ၏ ။
"ဘာလဲကွာ ဒီကောင်က"
မင်းမြတ်လည်း cheerအဖွဲ့ကိုဖွင့်ပွဲအတွက် သွားပြောလေသည်။
"အဟမ်း"
"ပန်ထွာ ရှေ့မှာလူလာနေတယ်"
ခတ္တာက သတိပေးလိုက်တာကြောင့်
ပန်ထွာ အခန်းရှေ့သို့ထသွားလျှင်
"အာ...အားကစား ကနည်းပြမဟုတ်လား"
"အင်း နေ့လည် ဖွင့်ပွဲအတွက်ပြင်ဆင်ထား ဒီကျောင်းမှာပဲ "
"အဲ့  ခနနေဦး ကျူးစစ် ရော လာမှာလား"
မင်းမြတ်လှည့်ထွက်သွားခါနီးမှလှမ်းအော်မေးလိုက်၏ ။
"မသိဘူး ပြိုင်ပွဲရှိတယ်ဆိုတာတော့ သူသိတယ် "
"Ok!"
မင်းမြတ် ပြန်မသွားခင်သူမ ဆံပင်များခါနေအောင်ရမ်း၍ သူတို့အခန်းထဲပြန်၀င်သွားသည် ။
"ကျစ် ဘာလဲကွာ ကျူးစစ် ညီမ လို့မပြောရဘူး "
မင်းမြတ်လည်း သူပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်လေသည် ။
"ဟေ့ ဒီနေ့ တို့တွေ ဖွင့်ပွဲအတွက် အက တိုက်ရမယ်နော် တစ်ခါလောက်ဆိုရင်လုံလောက်ပါတယ် ကနေကျပဲ "
"ပန်ထွာ ဒီနေ့ အားကစားပွဲရှိတာလား"
"အင်း ရှိတယ် "
"ကျူးစစ်ရောလာမှာလား"
"ခတ္တာကလည်း မေဆွေးခ လာကြည့်ရင် လာမှာပေါ့ဟ"
သက်ထား စကားကြားလိုက်ရင်
ပန်ထွာ မတ်တပ်ထရပ်လိုက်၍
"ဒီမှာ ငါနင်တို့ကိုဘယ်နခါပြောပြရမလဲ ကျူးစစ်နဲ့ အဲ့ဒီမေဆွေးခ နဲ့ကဘာမှမပတ်သတ်ပါဘူးလို့ ငါကိုယ်တိုင် မေဆွေးခ ကိုမေးခဲ့ပြီးပြီ "
"အေးပါ ငါတို့က...."
"နောက်တစ်ခါ ကျူးစစ်နဲ့သူနဲ့တွဲနေတယ်လို့ ငါ့ရှေ့မှာပြောရဲပြောကြည့်"
"မပြောတော့ပါဘူး အခုအမှန်သိသွားပြီပဲ ဟုတ် ဟုတ် တယ်မလားခတ္တာ"
"အင်း အင်း ဟုတ်ပါတယ် ပန်ထွာရယ် စိတ်ထိန်းပါ လာပါငါတို့အကတိုက်ရအောင်"

ရင်ထဲက ဆွေး(Completed)OCWhere stories live. Discover now