အပိုင်း (28) Uni/Zawgyi

6.9K 201 14
                                    

ရင်ထဲက ဆွေး
အပိုင်း(28)
"ခဏလောက်တွေ့လို့ရမလား"
"မင်းတို့အိမ်နားမှာ"
"ကျွန်မလာခဲ့မယ်"
ဆွေး ဦးခန့်ညားကို ဖုန်းဆက်၍ ချိန်းလိုက်သည်။
ကျူးစစ် နဲ့တွေ့ပြီးပြီးချင်းမို့ ခုထိမျက်များမတိတ်သေး Busပေါ်မှာလည်း တစ်ချိန်လုံးငိုလာခဲ့သည်။
ချိန်းထားတဲ့နေရာရောက်မှ သူမ ကိုယ်သူမ ပြန်ထိန်း၍အတွင်းရေးမှူးထွန်းအောင်လိုက်ပို့တဲ့နေရာသို့လာခဲ့၏။
"ဘာကိစ္စလဲ "
"ကျေနပ်ပြီလား"
"ဘာအဓိပ္ပာယ်လဲ"
"ကျွန်မကျူးစစ် နဲ့လမ်းခွဲခဲ့ပြီ ခင်ဗျားကျေနပ်ပြီမလား "
"ဟက် ဟက်မဆိုးပါဘူး "
"ခင်ဗျား လုပ်ထားတဲ့ကိစ္စတွေလုံးပြန်ပြီးဖြေရှင်းပါ"
ဦးခန့်ညား ဖုန်းကိုဖွင့်လိုက်၍
"ထွန်းအောင် အကုန်လုံး ပြန်စီစဉ်လိုက်"
တစ်ခွန်းပဲပြောပြီးဖုန်းချလိုက်ကာ
"ငါ့ဘက်ကကိစ္စကပြီးပြီ မင်းဆက်ပြီး ငါ့သားနဲ့ဝေးအောင်နေ"
သူမ ချက်ချင်းပဲထပြန်လာခဲ့၏။
အပြန်လမ်းမှာပဲ
"ဟယ်လို ဆရာမပြောပါ"
"သမီးရေ ပြိုင်ပွဲ၀င်ခွင့်ပြန်ရပြီ ပြီးတော့shareတွေလည်းပြန်ရပြီတဲ့"
"ဟုတ်ကဲ့ ၀မ်းသာပါတယ်ဆရာမ"
သူမတကယ်၀မ်းသာပါတယ်
အများလိုအပ်တဲ့အရာကို သူမ တစ်ယောက်အတွက်နဲ့ မဆုံးရှုံးရအောင်ဖြေရှင်းပေးလိုက်နိုင်တယ်
အိမ်အပေါက်၀ပဲရှိသေးတယ်
မမနဲ့မေမေရဲ့အသံကကြားနေရပြီ
"တော်သေးတာပေါ့ယုရယ် စာချုပ်ချုပ်မယ့်သူကမလာတဲ့အပြင် ၀ယ်ဖို့ပါရုတ်သိမ်းလိုက်လို့"
"ဟူးး အခုမှပဲပျော်ရတော့တယ် ဆိုင်လေးပြန်ထွက်လို့ရလို့"
ရယ်ရယ်မောမော နဲ့ပျော်နေတဲ့မေမေနဲ့မမ အသံကိုကြားတော့
ငါ ကျူးစစ်ကိုစွန့်လွှတ်ရကျိုးနပ်ပါတယ်
"မေမေ ဆွေးပြန်လာပြီ"
"အေး သမီးရေ နောက်ကိုလာခဲ့ပါဦး ထမင်းစားရအောင်လေ"
"ဆွေး မစားတော့ဘူး မေမေ အပြင်မှာစားခဲ့ပြီ"
ဒီပုံစံနဲ့ဘယ်သူကထမင်း၀င်မှာလဲ
မေမေမြင်ရင်စိတ်မကောင်းဖြစ်ဦးမယ်
မျက်လုံးတွေရဲနေတာမျက်ခွံတွေအစ်နေတာ မျက်နှာငြိုးနေတာ ဒါတွေကိုမေမေ့ကိုရောမမကိုရောမမြင်စေချင်
"ဒီနေ့ ဆွေးစောစောအိပ်တော့မယ် ကျောင်းမှာပင်ပန်းခဲ့လို့"
အခန်းထဲတန်း၀င်သွားခဲ့၏။

@@@@@@@@@@@@@@@@@
"ဟဲ့ ယု မနေ့ညနေကလည်း ဆွေး ထမင်းမစားဘူး အခုလည်းဘာမှမစားပဲကျောင်းသွားပြန်ပြီ"
"လမ်းမှာစားမလို့နေမှာပါ "
ဆွေးလည်း Bus မှတ်တိုင်သို့ရောက်လျှင် အရင်လိုစောင့်နေတဲ့ အရပ်ရှည်ရှည် အသားဖြူဖြူ နားကပ်တွေနဲ့ကောင်လေး မှတ်တိုင်ကိုမှီနေသည့် ပုံရိပ်တွေ ထပ်ခါထပ်ခါပေါ်နေတာကြောင့်
"အား ငါဘာတွေတွေးနေတာပါလိမ့် ငါက ကျူးစစ်နဲ့အဆုံးသတ်သွားပြီလေ သူကဘာလို့ ဒီမှာစောင့်နေမှာလဲ "
ကိုယ့်ကိုယ်ကိုယ်သတိပေးပြီး ကားပေါ်သို့လိုက်ပါလာခဲ့သည်။
"ဆွေး"
သွန်းက ကျောင်းရှေ့မှလှမ်းအော်သောကြောင့် အသက်မပါနဲ့အပြုံးတစ်ခုဖြင့် သွန်းအနားရောက်လာခဲ့သည်။
"ဘာဖြစ်နေတာလဲဆွေးရဲ့ "
"ဘာဖြစ်လို့လဲ ငါက"
"ဖြူဖက်ဖြူရော်နဲ့ အရင်လိုတက်တက်ကြွကြွလည်းမဟုတ်"
"ဒီလိုပါပဲ"
"ငါ မနက်ဖြန် ကိုကို နဲ့dateမယ်"
"ကိုမင်းမြတ်နဲ့လား"
"ဒါပေါ့ နင်အားကျနေတယ်မလား ကျူးစစ် နဲ့မdateဖြစ်ဘူးလား"
"ဟင့်အင်း ငါတို့အထဲ၀င်ရအောင်လေ "
"ဘာလဲ ဘာဖြစ်နေတာပါလ်ိမ့် "
သွန်းနားမလည်မှုများနဲ့ ဆွေးနောက်ကလိုက်လာခဲ့သည်။
"မမဆွေး"
"ဟင်"
"ခုမှပဲဖမ်းမိတော့တယ် ဘယ်တွေပျောက်နေတာလဲ"
"မပျောက်ပါဘူး "
"ဂုဏ်ယူပါတယ် သွန်း"
မထင်မှတ်တဲ့သူဆီကကြားလိုက်ရတဲ့စကား
ပန်ထွာကလက်ကမ်းပေး၍ပြုံးပြနေသောကြောင့်
"ဘာအတွက်လဲ"
"နင်နဲ့ကိုနည်းပြနဲ့ ချစ်နေကြပြီဆို"
"သတင်းတွေကလည်းမြန်လိုက်တာ"
"ဒီကရှေ့ငါတို့သူငယ်ချင်းတွေလုပ်ကြမယ် ဘယ်လိုလဲ"
"အဆင်ပြေပါတယ် ဟင် ကိုကို"
"အင်း သွန်း"
သူတို့အဖွဲ့ဆီလာနေတဲ့ ကျူးစစ်နဲ့မင်းမြတ်
ကျူးစစ် ဆွေးကိုစိုက်ကြည့်နေသော်လည်း ဆွေးက အကြည့်ချင်းစုံရင်ချက်ချင်းမျက်နှာလွှဲကာ
"ငါသွားနှင့်မယ်နော် သွန်း ပန်ထွာ ငါသွားတော့မယ်"
အားလုံးပဲတစ်ယောက်ကိုတစ်ယောက်ကြောင်ကြည့်နေကြသည်။
"ဘာလဲ ကျူးစစ် နင်နဲ့ဆွေးကဘယ်လိုအခြေအနေလဲ"
ပန်ထွာက မေးလျှင်
"ကျစ်"
မဖြေပဲထွက်သွားတော့
"ဘာလဲ တစ်ခုခုဖြစ်ထားကြလို့လား"
"သွန်းနင်ရောမသိဘူးလား"
ပန်ထွာက သွန်းကိုလက်တို့မေးလိုက်လျှင်
"အင်း မာန်ရောသိလား"
"ငါကမမဆွေးနဲ့အခုမှတွေ့တာ "
"ဟင် "
"ကိုကို လည်းကျူးစစ်ကိုမေးကြည့် သွန်းလည်း ဆွေးကိုမေးကြည့်လိုက်မယ်"
"OK"
သွန်းနဲ့မင်းမြတ် ထွက်သွားလျှင်
"ဒေါက်ဖိနပ်"
"ကျစ် အဲ့လိုမခေါ်နဲ့လို ဘယ်နခါပြောရမှာလဲ"
"မင်း အစ်ကို ရဲ့ပုံစံကဘာလဲ"
"ဘယ်သိမလဲ သူတို့ကိစ္စနဲ့သူတို့ပေါ့"
"မသိချင်ဘူးလား"
"သိတော့သိချင်တာပေါ့ အခုသွန်းနဲ့နည်းပြသွားမေးနေပြီပဲ နင်ကဘာလုပ်ချင်သေးတာလဲ"
"ဘာမှမလုပ်ချင်ပါဘူး "

ရင်ထဲက ဆွေး(Completed)OCDonde viven las historias. Descúbrelo ahora