Unicode//
ဒီနေ့က စနေနေ့
ဂျီမင်းက ပိတ်ရက်မှာ
အချိန်ပိုင်းလုပ်နေတဲ့
စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်နာမည်ကြီးစားသောက်ဆိုင်
တစ်ခုဆိုတော့ နဂိုတည်းက
စားသုံးသူတွေများတော့
ပိတ်ရက်မှာဆို ပိုဆိုးတယ်
အဲ့ဒါကြောင့် သူတို့တွေက
ဒီနေ့လို ပိတ်ရက်တွေမှာ
အချိန်ပိုင်းအလုပ်သမားတွေကို
ခေါ်ထားတယ်
ဂျီမင်းလည်း ကံကောင်းပြီး
အဲ့ဆိုင်မှာ အလုပ်ရသွားတယ်လေ
ညနေကနေ ညဥ့်နက်တဲ့အထိ
လုပ်ရပေမဲ့ ပိုက်ဆံတော့
လုံလုံလောက်လောက်ရသည်ဂျီမင်း ကျန်တဲ့ရက်တွေမှာ
အလုပ်တစ်ခုစီကို အစဉ်လိုက်
လုပ်ပြီး ပိတ်ရက်နှစ်ရက်မှာတော့
မနက်ခင်း အချိန်ပိုင်းတစ်ခုပဲ
ရှာလုပ်ပြီး ညနေ ထိုစားသောက်ဆိုင်
မှာပဲ လုပ်ဖြစ်နေကျပင်...." မောင်လေး စားပွဲဝိုင်း No.34 ကိုသွားချပေး "
" ဟုတ်ကဲ့ "
" ဂျီမင်း ဟိုမှာစားသုံးသူတွေရောက်နေပြီ "
အစားအသောက်တွေသွားချပေးပြီး
နေရာမရောက်သေး
ဝင်ပေါက်ကနေ
ဧည့်သည်တွေက ဝင်လာကြပြန်ပြီ
သူတို့ထိုင်မဲ့ စားပွဲနားထိလိုက်ပြီး
Menuမေးရတယ်" မင်္ဂလာပါ ဘာများသုံးဆောင်ကြမလဲ "
ဧည့်သည်တွေမှာတဲ့အစားအသောက်
တွေကို တစ်ခုချင်းစီလိုက်မှတ်ပြီး
မီးဖိုချောင်ဘက်ကို
သတိပေးရသေးတယ်
ဂျီမင်းတစ်ယောက်
ဟိုပြေးဒီပြေးနဲ့အလုပ်ရှုပ်နေတာ
ဒါတောင် VIP roomတွေကို
တာဝန်မယူရသေးလို့
သူကအချိန်ပိုင်းအလုပ်သမား
တစ်ယောက်ဖြစ်တာကြောင့်
လူကြီးတွေကလည်း
အမှားဖြစ်မှာစိုးလို့ တာဝန်မပေးဘူး
ဂျီမင်းလည်း မသွားချင်ပါ
ဘယ်လောက်အရေးကြီးတာမို့လို့
အကုန်လုံးကို သေချာဂရုတစိုက်
လုပ်ရတာ သူကလည်း
နည်းနည်းရှပ်ပြာရှပ်ပြာလုပ်တတ်တော့
ယုံကြည်မှုမရှိ....." ညီလေး...ဂျီမင်း "
" ဗျာ ဟုတ် "
" ဒီစားသောက်ပွဲတွေကို VIP room no.8ကိုသွားပို့ပေးပါ တခြားသူတွေကမအားကြဘူး "
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )