Unicode//
ဂျီမင်း နားလည်သွားပြီဖြစ်တဲ့
အလုပ်တချို့ကို လုပ်နေရပြီ
တခြားဌာနကိုပို့ပေးရမဲ့
စာရွက်စာတမ်းတွေ
အထက်လူကြီးရဲ့လက်မှတ်လိုနေတဲ့
ဖိုင်တွဲတွေကို သေချာအမျိုးအစားခွဲပြီး
နေရာတကျဖြစ်အောင် ကူညီပေးရတယ်"ဂျီမင်း မနေ့ကအစ်မတောင်းထားတဲ့ ဖိုင်လေးတချက်လောက်"
"အော် ဟုတ် ဒီမှာပါ"
"ကျေးဇူး"
"ဂျီမင်း!"
"ဗျာ!"
"နေ့လည်စာစားချိန်မရောက်ခင်လောက်ကျ ဒီငွေစာရင်းတွေကို Accounting ဌာနဆီသွားပို့လိုက်ဦး"
"ဟုတ်ကဲ့ပါ အဖွဲ့မှူး"
ပြီးတာနဲ့ တဖန်အလုပ်ထဲခေါင်းစိုက်ရပြန်တယ်
တောင်!📲
ဖုန်းကmassageဝင်လာတာနဲ့ ဖွင့်ကြည့်လိုက်တော့ လူကြီးဆီကဝင်လာတဲ့စာကြောင့် ကြောင်သွားတယ်
📩နေ့လည်စာစားချိန်ရောက်ရင် ကိုယ့်ရုံးခန်းကိုလာခဲ့📩
.ငါ့ကိုရုံးခန်းခေါ်ပြီး ဘာခိုင်းဦးမလို့လဲ
ပြီးရင် ဘာမှလည်းဟုတ်တာမဟုတ်ဘူး
သူ့ရုံးခန်းထဲမှာငြိမ်ငြိမ်လေး
သွားထိုင်နေရတယ်
ဒါမဲ့ နေ့လည်စာစားချိန်ခေါ်တာဆိုတော့ တစ်ခုခုရှိလို့နေမှာပါ
ရပါတယ် အဖွဲ့မှူးခိုင်းတဲ့စာရင်းတွေ
သွားပို့ပြီး အပြန်ဝင်လိုက်လို့ရတာပဲ📩ဟုတ်ကဲ့ လူကြီး📩
ဂျီမင်း ယွန်းဂီကိုစာပြန်ပို့လိုက်သည်
ဒီလိုနဲ့ ဂျီမင်းအလုပ်တွေလုပ်ရင်း
နေ့လည်စာစားချိန်သို့ရောက်လာခဲ့သည်
အလုပ်လုပ်တာအနည်းငယ်ကြာသွားတော့ နားချိန်ရောက်မှပြီးတော့တယ်
အဖွဲ့မှူးပေးတဲ့ဖိုင်တွဲတစ်ခုကိုဆွဲယူပြီး
Accountingဌာနဆီသို့.....ဂျီမင်းတို့ဌာနက သုံးထပ်...
Accountingဌာနက ပထမထပ်မှာ
ဒါ့ကြောင့် ဓာတ်လှေကားနဲ့ဆင်းရတယ်ဌာနကိုရောက်တော့
နေ့လည်စာစားချိန်ဆိုတော့ ဝန်ထမ်းတွေက
ဌာနမှာမရှိကြ..
ကံကောင်းပြီး အဲ့ဌာနရဲ့ဌာနမှူးက
ဒီဘက်လာနေတာကိုတွေ့လိုက်ရတော့
ဝမ်းသာသွားတယ် မဟုတ်ရင် လိုက်ရှာနေတာနဲ့ကြာနေမှာ
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )