❣️Final❣️

2K 130 66
                                    


"အင်း..ဟုတ်ပြီ..အကောင်းဆုံးဖြစ်ပါစေနော်"

"လူကြီး..ဘာလုပ်နေတာလဲ"

"အင်း..ဒါပဲ.."

ဘေဘီ့ရဲ့အသံကြားလိုက်တာနဲ့
ဖုန်း‌ကို အမြန်ချလိုက်မိသည်

"အာ..အလုပ်ကိစ္စပါ ဘေဘီရဲ့"

"အော် မသိပါဘူး..ဘယ်သူနဲ့များပြောနေတာလဲလို့..အလုပ်တွေအရမ်းများနေလား လူကြီး"

"အရမ်းကြီးမဟုတ်ပါဘူး...ရှင်းရတာလေးတွေတော့ရှိတာပေါ့"

"‌အားနာပါတယ်...ကျွန်တော်ဘာမှကူညီမပေးနိုင်လို့...အဲ့ဒါကြောင့် အလုပ်ပြန်လုပ်ပါမယ်ဆို..."

မျက်နှာငယ်လေးနဲ့
ခေါင်းကိုငုံ့ပြီးပြောနေတဲ့
ဂျီမင်းရဲ့မေးစေ့လေးကို
ကိုင်လိုက်ကာ

"ကိုယ့်ဘေဘီကကွာ...အဲ့လိုအတွေးတွေမဝင်ရဘူးလေ...ကိုယ်ကိုယ်တိုင်ကမင်းလေးကိုစိတ်မချလို့ အလုပ်တောင်မလုပ်ခိုင်းပဲ အနားမှာခေါ်ထားတာကို"

"ဒါပေမဲ့.."

စကားများတဲ့ ဘေဘီ့ရဲ့
နှုတ်ခမ်း‌လေးအပေါ် သူ့လက်ညိုးကို
တင်လိုက်သည်

"ရှူး..တော်ပြီ...ကိုယ့်အနားမှာ မင်းရှိနေရင်ပြည့်စုံပြီ..ဘာမှမလိုဘူး..မင်းရှိနေဖို့ပဲလိုတယ်..ကျန်တာအကုန်ကိုယ့်တာဝန်ထား...ဘာကိုမှစိုးရိမ်ကြောင့်ကျနေစရာလည်းမလိုဘူး...ဟုတ်ပြီလား"

လူကြီးကသေချာဖျောင်းဖျပြီး
နားလည်အောင်ပြောပြတာမို့
ဂျီမင်းလည်း ဘာမှဆက်မပြော
နိုင်တော့ပေ။

"ဟုတ်ကဲ့...နားလည်ပါပြီ..."

လူကြီးကဂျီမင်းကို
ဖက်ပေးလာတော့
ဂျီမင်းလည်း လူကြီးရဲ့
ခါးကို ပြန်လည်ဖက်တွယ်
ထားမိတယ်... 

လူကြီးရဲ့ရင်ခွင်ကသာ ဂျီမင်းအတွက်
အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံး ဖြစ်နေတာမို့။

"ခေါင်းလေးမော့ပါဦး..နမ်းချင်လို့"

လူကြီးရဲ့အလိုကျ
ခေါင်းမော့ပေးလိုက်တော့
နှုတ်ခမ်းပါးပေါ်ကျရောက်လာတဲ့
အနမ်းတစ်ချက်

မေးစေ့က ရင်ဘတ်ကို
ထောက်သလိုဖြစ်နေတော့
အသည်းယားလို့ ထင်ပါရဲ့
ယွန်းဂီက ဂျီမင်းရဲ့မျက်နှာကို
လက်နှစ်ဖက်နဲ့ယူလိုက်ပြီး
ဆူထွက်လာတဲ့နှုတ်ခမ်းလေးအစား
လုံးနေတဲ့နှာခေါင်းကို
အသည်းတယားယားနဲ့
ကိုက်လိုက်တယ်

🎉 You've finished reading //❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ) 🎉
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now