❣️Part 20❣️

1.2K 114 49
                                    


နောက်တစ်နေ့ကျ
ကုမ္ပဏီကို လိုက်ချင်တယ်ဆိုပြီး
အတင်းပူဆာနေတဲ့ ကလေးကြောင့်
ယွန်းဂီခေါ်ခဲ့ရသည်

အင်းပေါ့လေ သူလည်း
အရင်ကလုပ်ဖော်ကိုင်ဖက်တွေကို
တွေ့ချင်လောက်မှာပေါ့...

အဲ့ဒါနဲ့ပဲ နှစ်ယောက်သား
ကုမ္ပဏီရောက်လာကြတယ်

"မင်္ဂလာပါ..ဒုဥက္ကဌ အယ် ဂျီမင်း..ဘယ်လိုလုပ်.."

အသိအစ်မတစ်ယောက်က
လူကြီးကိုနှုတ်ဆက်ရင်း
သူ့ကိုတွေ့သွားတော့
မထင်ထားလို့ထင်ပါရဲ့
အထူးအဆန်းဖြစ်သွားတယ်

ပြန်နှုတ်ဆက်မယ်လုပ်တော့
လူကြီးကအတင်းဆွဲခေါ်သွားတာနဲ့
ရယ်ပဲရယ်ပြလိုက်ရတယ်

ရုံးခန်းကိုသွားနေတဲ့
လမ်းတစ်လျှောက်
ဂျီမင်းကိုမြင်တဲ့သူတွေက
အံ့ဩခြင်းများစွာနဲ့
ဒါကိုသိတဲ့ဂျီမင်းက
နှုတ်ဆက်ချင်ပေမဲ့
အရမ်းတွေရုံးခန်းရောက်ချင်နေတဲ့
လူကြီးကြောင့် တွေ့သမျှလူ
အကုန်ရယ်ပြနေရတာ
ပါးစပ်တွေတောင်ညောင်းနေပြီ
.
.
.
.
"ဟဲ့..အဲ့ဒါ ဂျီမင်း မဟုတ်လား"

"အေးနော်..တူသလိုလိုတော့ရှိတယ်"

"တကယ် ဂျီမင်း ဟ..ပတ်ခ်ဂျီမင်းမှပတ်ခ်ဂျီမင်းအစစ်..ငါ့ကိုနှုတ်ဆက်မလို့ထင်ပါတယ်..ဒုဥက္ကဌကအတင်းဆွဲခေါ်သွားတာနဲ့ မနှုတ်ဆက်လိုက်ရဘူး ပြုံးတော့ပြုံးပြသွားတယ်"

ဝန်ထမ်းနှစ်ယောက်ပြောနေတာ
ကြားတာနဲ့ ခုနကဂျီမင်းနဲ့တွေ့ခဲ့တဲ့
ကောင်မလေးက ဝင်ထောက်ခံလိုက်သည်

"သူကအလုပ်ထွက်သွားပြီမှတ်လား.."

"ထွက်တယ်လို့တော့ထင်ဝာာပဲ...ဒါပေမဲ့ အလုပ်ထွက်တဲ့အကြောင်းတော့ မကြားမိဘူး..ဒီတိုင်းကြီး ပျောက်သွားတာ..အခုမှပဲပေါ်လာတော့တယ်"

"အင်း...ဒုဥက္ကဌနဲ့‌တောင်အနီးကပ် ပြန်ပေါ်လာတယ်ဆိုတော့ နှစ်ယောက်ကအရင်တုန်းကငါတို့ထင်တဲ့အတိုင်းများဖြစ်နေကြပြီလား..."

"ဘယ်လိုလဲ.."

"ဟာ..နင်ကလည်း..ဘာညာ..ဘာညာလေ..အမ်း..အဲ့ဒါ..အဲ့ဒါ"

သူမ ကလည်း နားမလည်တဲ့
သူငယ်ချင်းအား ဘယ်ဘက်လက်ညိုးနဲ့
ညာဘက်လက်ညိုးကို ပူးကာ
ရှင်းပြလိုက်တယ်

//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now