လူကြီးအမေက ထမင်းစားဖိတ်ထားပေမဲ့လည်း သူမသွားချင်...
မသွားချင်တာထက်မသွားရဲတာဆို
ပိုမှန်မယ်...
ဘယ်လိုပဲ လူကြီးအမေကိုယ်တိုင်က
ဖိတ်တယ်ပဲပြောပြော
လူကြီးတို့လို ဂုဏ်သရေရှိမျိုးရိုးမြင့်တဲ့
မိသားစုကိုတော့ ဘာပဲဖြစ်ဖြစ်ရှိန်တာကရှိန်တာပါပဲလေ...အလုပ်တွေအမြန်အပြီးသတ်ပြီး
စီနီယာတွေကိုပြောကာ ရုံးအစော
ဆင်းလာခဲ့တယ်...
သူ့ကိုဝင်ခေါ်လောက်မဲ့လူကြီးကို
ရှောင်ပြီးတော့လေ...
ဒါပေမဲ့လည်း ဒုံရင်းကဒုံရင်းပါပဲ..
အပြင်ကပြန်လာတဲ့လူကြီးနဲ့
ကုမ္ပဏီLobbyမှာထိပ်တိုက်တိုးပြီး
ငြင်းမရပဲလူကြီးနောက်
ယက်ကန်ယက်ကန်နဲ့ပါသွားရတယ်အဲ့အချိန် ကုမ္ပဏီကြော်ငြာဘုတ်ရဲ့
ခေါင်းစီးပိုင်းမှာ ပါလာတဲ့သတင်းက* ထွက်ပြေးသွားတဲ့ကြက်ပေါက်ကို ကြောင်ကြီးပြန်ဖမ်းမိသွားပြီ *
❣️
.
.
.
.
.
.
.
"သားတို့ရောက်လာပြီလား..ထိုင်ကြ"သူ့လက်ကိုကိုင်ပေးထားတဲ့
လူကြီးလက်ကိုမှ ကြောက်ကြောက်နဲ့
ပိုဆုပ်ကိုင်ထားမိတော့ လက်ဖျားက
ထွက်နေတဲ့ချွေးကိုမှအားမနာ
ပိုအေးစက်နေတယ်သူ့ကိုတွေ့ချင်လို့ မြင်ချင်လို့
ဒါမှမဟုတ် သဘောကျလို့
အယ်...မဟုတ်ဘူး..သူ့ကိုသဘောမကျလောက်သေးဘူး...
ဘာကြောင့်နဲ့ပဲထမင်းစားဖိတ်ပါစေ
အခုလို အိမ်ကြီးအိမ်ကောင်းကို
ရောက်လာရတော့ အနည်းနဲ့အများ
ကြောက်စိတ်တော့ဝင်မိမှာပဲလေဧည့်ခန်းထဲရောက်တာနဲ့
လူကြီးနဲ့အတူ ဆိုဖာမှာဝင်ထိုင်လိုက်ကြတယ်
ကြီးမားလှတဲ့အိမ်..ကျယ်ဝန်းလှတဲ့အိမ်ခန်းတွေကသူ့ကိုမျက်စိတစ်ဆုံးကြည့်မဝနိုင်အောင် ညှို့လိုက်သလိုပဲ
ဒီလိုအိမ်ပုံစံမျိုးတွေမြင်ဖူးပေမဲ့လည်း
တစ်ခါမှအတွင်းပိုင်းပုံစံတွေကိုမမြင်ဖူးတဲ့
ဂျီမင်းအဖို့ အားလုံးကအံ့အားသင့်စရာ..
လူကြီးတို့အိမ်က သူမြင်ဖူးတဲ့အိမ်တွေထက်တောင်မှပိုကြီးနေသလိုပဲ..."ဂျီမင်း.."
"ဟင်.."
"ဘာတွေအဲ့လောက်တောင်ကြည့်နေတာလဲ"
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )