"Jimin nah.""nae?"
"ချစ်တယ်"
"အာ..."
"ဂျီမင်းလေး..အရမ်းချစ်တယ်လို့"
"သိတယ်လို့"
"ပတ်ခ်ဂျီမင်းကိုအရမ်းချစ်ပါတယ်ဆိုကွာ.."
"လူကြီး..ခနခနပြောနေတာမရိုးဘူးလား..အခုထိမယုံနိုင်သေးတာလား"
"အွန်း..မယုံနိုင်သေးဘူး..အရမ်းတွေပျော်နေတာ.."
အဖြေပြန်ပေးလိုက်တဲ့အချိန်တည်းက
အခုထိ အဲ့စကားကိုပဲခနခနပြောနေတာ
လူကြီးကပျော်လို့ပြောနေတယ်ဆိုတာ
သိပေမဲ့ ချစ်တယ်လို့အပြောခံနေရတဲ့
သူက တော်တော်ရှက်နေပြီ
အခုလည်း အလုပ်များနေတဲ့သူ့ကို
ရုံးခန်းထဲခေါ်လာတယ်
ခုံမှာငြိမ်ငြိမ်ထိုင်ခိုင်းပြီး
လူကြီးက သူ့မျက်နှာကိုသေချာကြည့်ပြီး ချစ်တယ်ပဲပြောနေတာ
တကယ်ဘုရားစူး တစ်နာရီလောက်ရှိနေပြီ
လူကြီး အဲ့လောက်တောင်အားနေလားလို့မေးလိုက်ချင်တယ် မဟုတ်လည်း လွှတ်ပေးပါတော့ အလုပ်လုပ်ရဦးမှာပါဆို..."လူကြီး..ကြည့်လို့မဝသေးဘူးလား..ကျွန်တော်အလုပ်လုပ်ရဦးမယ်လေ"
"မလုပ်နဲ့..ထားလိုက် ကိုယ့်နားမှာပဲနေ"
"လူကြီး.."
ပြောမနိုင်တာနဲ့
ဆိုဖာပေါ်ကနေထကာ
ခြေဆောင့်ပြီး စိတ်ဆိုးချင်ယောင်ဆောင်
လိုက်သည်...."ဂျီမင်း.."
"ကလေး"
"ပုလုံးလေး.."
"အယ်..စိတ်ဆိုးသွားတာလား"
စကားပြန်မပြောပဲ
တခြားနေရာကိုသာမျက်နှာမူကြည့်နေ
လိုက်တယ်..အဲ့တော့မှလူကြီးက"ဂျီ..ဂျီမင်း တကယ်ကြီး စိတ်ဆိုးသွားတာလား..အင်း ဟုတ်ပြီ..ဟုတ်ပြီ..အလုပ်သွားလုပ်တော့နော်..ကိုယ့်ကိုစိတ်မဆိုးပါနဲ့..သွားလို့ရတယ်..."
စိတ်ဆိုးတယ်လို့ထင်သွားတော့
ယွန်းဂီတစ်ယောက် ယောက်ယက်ခတ်
သွားလေသည်...ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိ...သူအဲ့လောက်ထိကိုဂျီမင်းစိတ်ဆိုးမှာ
ကြောက်ပါသည်..။
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )