❣️Part 3❣️

1.5K 143 27
                                    

Unicode//

ယွန်းဂီတစ်ယောက်
ရုံးခန်းထဲမှာနာရီတကြည့်ကြည့်နှင့်
အလုပ်လုပ်နေရတယ်
ညီမဖြစ်သူကိုတွေ့ချင်နေပီဆိုတော့
အချိန်ကိုသာ မြန်မြန်ကုန်ပါစေ
ဆုတောင်းနေရတယ်

ညနေ4:30လောက်ကျတော့
ယွန်းဂီမနေနိုင်တော့ပဲ
အလုပ်ဆင်းလာလိုက်သည်
ကားကိုလေဆိပ်‌အမြန်ရောက်အောင်
မောင်းပြီး ညီမလေးကိုစောင့်နေလိုက်တယ်

သူထွက်လာတာပဲ
စောနေတာလား
လေယာဉ်ကပဲနောက်ကျတာလား
တွေ့ချင်စိတ်ကများနေတော့
စောင့်နေရတာအချိန်ကြာသလိုပဲ

နာရီဝက်ကျော်လောက်
ထွက်လာမဲ့ဝင်ပေါက်ကိုပဲ
မျှော်ကြည့်နေရင်း
ခနကြာတော့ တွေ့ပါပြီ
အစ်ကိုတူ ညီမလို့မပြောရဘူး
All blackနဲ့ခရီးဆောင်အိတ်ကို
ဆွဲပြီးထွက်လာတာ
ယွန်းဂီခမျာ သေချာကြည့်ယူလိုက်ရတယ်

" ကိုကိုကြီးးးး!!! "

" အင့်...ဖြည်းဖြည်းလုပ်ပါဟ "

သူ့ကိုမြင်တော့
တပ်ထားတဲ့Maskကိုမေးစေ့မှာ
လျှောချလိုက်ပြီး
ပြေးဖက်တာ ယိုင်တောင်ယိုင်သွားတယ်

" ဟီးဟီး စောင့်နေတာကြာသွားပြီလား "

" ဟင့်အင်း မေ့နေတာလေ မနည်းပြေးလာရတယ် "

" ဘာရယ်!! Yarrrr "

" အားး မင်ယွန်းဂျီ နင်လက်မပါနဲ့နော် "

" ဘာဖြစ်လဲရိုက်တော့ ဒီလောက်အတန်တန်မှာထားတာတောင် မေ့သေးတယ်ပေါ့ "

" မမေ့ဘူးဟေ့ တစ်နာရီလောက်စောင့်လိုက်ရတယ် ကျေနပ်ပြီလား ခြေထောက်တွေညောင်းကိုက်သွားတာပဲ "

" ဟင် တကယ်လား "

" အေး ငါကမေ့စရာလား ဘာမှတောင်မပြောရသေးဘူး ‌ရိုက်ဖို့လောက်ပဲ နောက်လာမကြိုဘူး သွားမယ် "

ပြောလည်းပြော
ခရီးဆောင်အိတ်ကိုဆွဲပြီး
ထွက်သွားလိုက်တော့
ချက်ချင်းလက်ကိုလာဆွဲတဲ့ ယွန်းဂျီမ

" ကိုကိုကြီး အုံဖွ ဒီကညီမလေးကချစ်လို့ရိုက်မိတာ အုံဖွ အုံဖွ "

" ကားပေါ်တက် ပြန်မယ် "

" ဟုတ်ကဲ့ပါ ကိုကိုကြီး "

//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now