Unicode//
လူကြီးပေးထားတဲ့ Cardလေးကို
ကြည့်ပြီး ဂျီမင်းစဉ်းစားနေမိတယ်
နာမည်ကြီးကုမ္ပဏီတစ်ခုမှာ
အလုပ်ရဖို့ဆိုတာလွယ်တဲ့ကိစ္စမှ
မဟုတ်ပဲ.....
ဒါပေမဲ့ ဒီအခွင့်အရေးကသူ့ဆီ
ရောက်လာခဲ့တယ်
သူသွားလိုက်ရမလား
သူတွေးထားတဲ့အတိုင်း
ပုံမှန်လစာလေးနဲ့နေလို့ရနေပြီ
ပိတ်ရက်မှာ ဘေးဝင်ငွေရှာပြီး
အဆင်ပြေအောင်နေလို့ရတယ်
ကျောင်းလခအတွက်လည်း
ပူစရာမလိုတော့ဘူးဂျီမင်း သွားရန်ဆုံးဖြတ်လိုက်သည်။
လိပ်စာအတိုင်းလာလိုက်တော့
မျက်စိရှေ့မှာမြင်လိုက်ရတာက
အဆောက်အအုံအကြီးကြီး
အပြင်မှာတွေ့လိုက်ရတော့
ဒီလောက်ကြီးမယ်လို့မထင်မိခဲ့"ညီလေး ဘာကိစ္စရှိလို့လဲ"
အဆောက်အဦဝင်ပေါက်မှ
အစောင့်တစ်ယောက်က
မေးတော့ လူကြီးပေးထားတဲ့ကဒ်
ကိုထုတ်ပြလိုက်သည်"အာ...ဒီမှာပါ ကျွန်တော့်ကိုဒုဥက္ကဌမင် ဆိုလား အဲ့လူကလာခိုင်းလို့ပါ"
"ဟင်? ခနနော်"
အစောင့်က သူ့နားကြပ်ကနေတစ်ခုခုကိုပြောနေတာမို့လို့ စောင့်နေလိုက်တယ်
"ရပြီ ညီလေး ဒုဥက္ကဌရုံးခန်းကိုသွားလိုက်နော်"
"အော် ဟုတ်ကဲ့ဗျ"
ဂျီမင်း အထဲကိုဝင်လာတော့
အလုပ်ချိန်ဖြစ်နေတာကြောင့်လားမသိ
ဝန်ထမ်းတစ်ယောက်စနှစ်ယောက်စပဲ
သွားလာနေကြတာတွေ့တယ်"အစ်မ ဒုဥက္ကဌရုံးခန်းကဘယ်မှာလဲဗျ"
"ငါးထပ်ကိုတက်သွားပြီး ဘယ်ချိုးလိုက်ရင် တွေ့ရတဲ့အခန်းပဲနော်"
"အာ ဟုတ်ကဲ့ ကျေးဇူးပါ"
ဂျီမင်းညွှန်တဲ့အတိုင်း
ဓာတ်လှေကားနဲ့ ငါးထပ်ကို
တက်သွားလိုက်တယ်
အခန်းရှေ့ရောက်တော့
ထိုနေရာမှာထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်
ကဂျီမင်းကိုမေးသည်"ညီလေး ဘာကိစ္စရှိလို့လဲ"
"ဒုဥက္ကဌနဲ့တွေ့ချင်လို့ပါ"
"အခုတော့Boss meetingသွားတယ် ကြိုချိန်းထားတာရှိလား"
"ချိန်းတော့မချိန်းထားဘူး"
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )