❣️Part 18❣️

1.2K 105 27
                                    


"ကျေး...ကျေးဇူးပါ~~အ့!...ခွင့်လွှတ်ပေးလို့....ချစ်တယ်  လူကြီး~~~"

"ဂျီမင်း...ဘေဘီ!! ဘေဘီ!!"

ပျော့ခွေနေတဲ့ကိုယ်လေးကို
ပွေ့ချီပြီး ဆေးရုံကိုအမြန်
ပြေးရတယ်

ဒဏ်ရာကမကြီးပေမဲ့
နက်တော့နက်တယ် ဒါပေမဲ့
ဆိုးဆိုးဝါးဝါးကြီးဖြစ်မသွား
တာမို့ ကံကောင်းတယ်ပြောရမယ်
ဒဏ်ရာကိုဆေးထည့်ပြီး
ရိုးရိုးလူနာခန်းကိုပဲ ပြန်ရွှေ့ထားတယ်

"ဒေါက်တာ...ဂျီမင်း ဘာလို့သတိမရသေးတာလဲ..အဆင်ပြေရဲ့လား"

"မစိုးရိမ်ပါနဲ့...အားလုံးအဆင်ပြေပါတယ်..လူနာကပင်ပန်းနေတော့ စိတ်ကနိုးထမလာချင်သေးလို့ပါ...စိတ်မပူပါနဲ့ မကြာခင်နိုးလာပါလိမ့်မယ်"

"ကောင်းပါပြီ.."

ယွန်းဂီလည်းအခန်းပြင်ထွက်ကာ ဂျီမင်းအတွက်လိုအပ်တာတွေပြင်ဆင်နေသည်

နိုးလာရင် စားလို့ရအောင်
လိုရမည်ရစွပ်ပြုတ်လေးဝယ်ပြီး
အခန်းထဲပြန်ဝင်လာတယ်

ဂျီမင်းကိုကြည့်နေရင်း
လှုပ်လာတာကိုမြင်လိုက်ရတော့
သူအရမ်းပျော်သွားခဲ့တာ

"ဘေဘီ...နိုးပြီလား..နိုးရင်...မျက်လုံးလေးဖွင့်ကြည့်လိုက်ပါဦး"

"လူ..လူကြီး~~~"

"အင်း...ကိုယ်ရှိတယ်.."

ဖြည်းဖြည်းချင်းဖွင့်လာတဲ့
မျက်လုံးလေးကိုမြင်တော့
စိုးရိမ်စိတ်တွေက မြူမှုန်လိုပဲ
လေထဲမှာတင်ပျောက်ကွယ်သွားတယ်
စိတ်အေးသွားပြီလေ

"လူကြီး...ကျွန်..ကျွန်တော်"

ယွန်းဂီရဲ့လက်ကိုဆွဲလာတာမို့
ထိုလက်ကလေးကိုဆုပ်ကိုင်ပေး
ထားလိုက်သည်...

"အဆင်ပြေရဲ့လား..ကလေးလေး"

သူမေးလိုက်တော့
မျက်ဝန်းကနေမျက်ရည်များ
စီးကျလာကာ ခေါင်းငြိမ့်ပြသည်

ယွန်းဂီပြုံးလိုက်ပြီး
မျက်ရည်တွေကိုသုတ်ပေးကာ
ခေါင်းလေးကိုဖွဖွလေးပုတ်ပေးမိတယ်

"မငိုနဲ့လေ..ဘေဘီရဲ့....ခဏနော်...ကိုယ်ဒေါက်တာ့ကိုသွားခေါ်လိုက်ဦးမယ်"

//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now