❣️Part 14❣️

1.3K 123 14
                                    


ပြတင်းပေါက်မှနေရောင်က
မျက်နှာပေါ်ကျရောက်နေတာကြောင့်
ဂျီမင်း မျက်လုံးအားပွတ်ကာ
အိပ်ရာကနိုးလာခဲ့တယ်...

သူဒီကုတင်ပေါ်ဘယ်လိုတောင်
ရောက်သွားခဲ့တာပါလိမ့်.??..

ညကလူကြီးရောက်လာတာနဲ့
အရမ်းငိုမိသွားတယ်

လူကြီး...လူကြီးရော..??

"လူကြီး..."

"လူကြီးရေ!!!!"

"လူကြီး ဘယ်မှာလဲ"

"အဟင့်..လူကြီးရေ"

ခေါ်ပေမဲ့ ဘာသံမှမကြားရတာကြောင့်
ဂျီမင်းထိတ်လန့်သွားမိတယ်

ဝမ်းနည်းစိတ်ကသူ့အလိုလို
ဝင်လာပြီး မျက်ရည်တွေဝဲတက်လာတယ်
ချက်ချင်းပဲ အခန်းထဲကအလျင်အမြန်
ထွက်ပြီး လူကြီးကိုရှာနေမိတယ်

ထားခဲ့ပြီလား....
လူကြီး ကျွန်တော့်ကိုထားခဲ့ပြီးထွက်သွားပြီလား.....

"လူကြီး...ဘယ်မှာ..အ့"

"ဂျီမင်း!! ကလေး ရရဲ့လား..ကလေး!"

မီးဖိုချောင်မှာ မနက်စာလုပ်ပေးနေတဲ့
ယွန်းဂီကဂျီမင်းအသံကြားတာနဲ့
ပြေးထွက်လာခဲ့တာ

အနားရောက်တော့
ဂျီမင်းက ခြေထောက်ခွေကာ
လဲကျသွားတာမို့ ဆွဲထူပေးရသည်

"ရရဲ့လား..ဘယ်နားနာသွားသေးလဲ..အဆင်ပြေ...."

"ဖက်ထားပေးပါ..ကျွန်တော့်ကိုဖက်ထားပေးပါ...အထီးကျန်သလိုကြီးခံစားနေရလို့"

ဂျီမင်းစကားအတိုင်း
ဖက်ထားပေးလိုက်သည်

သူ့ရင်ခွင်ထဲမှာငြိမ်သက်နေတဲ့ ဂျီမင်း....

"ကလေး..မနက်စာစားရအောင်လေ..လာ..ထနိုင်လား.."

"အ့!.."

"ဖြည်းဖြည်းထနော်"

"ရ ရတယ် လူကြီး"

ယွန်းဂီလည်း ဂျီမင်းကိုတွဲပြီး
မနက်စာစားခိုင်းလိုက်တယ်

ယွန်းဂီ ညကဒီအိမ်မှာပဲ အိပ်ဖြစ်သွားတယ်
ယွန်းဂီမှာ ဂျီမင်းမနိုးခင် ထပြီး
မနက်စာပြင်ဆင်ပေးထားတာ..

"အေးဆေးစားနော်.."

ဂျီမင်း နုံးနေတဲ့ပုံပေါ်နေတာကြောင့်
ကြက်သားစွပ်ပြုတ်လေးလုပ်ပြီး
ကျွေးလိုက်တယ်

//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now