ယွန်းဂီ သူ့ရှေ့ကဆန်ပြုတ်ကို
မျက်နှာရှုံ့မဲ့ကာသောက်နေတဲ့
ဂျီမင်းကိုထိုင်ကြည့်နေတယ်ဒီဆန်ပြုတ်သောက်ဖို့အရေး
ယွန်းဂီတော်တော်ကြိုးစား
ယူလိုက်ရတာ
ကလေးပေါက်က
စားချင်စိတ်မရှိဘူး
ဆိုပြီး မစားပဲနေတော့
ဆေးသောက်ရမှာနဲ့
အစာဝင်အောင် မနည်းချော့ကျွေးထားရတယ် ဒါတောင်သူထိုင်ကြည့်နေပေလို့
မဟုတ်ရင် သူမသိအောင်
ဆန်ပြုတ်ကိုသွန်ပစ်မဲ့ ကောင်ဆိုးလေး..."တော်ပြီ..မစားနိုင်တော့ဘူး အများကြီးစားပြီးပြီ..ဗိုက်လည်းတင်းသွားပြီ.."
"မရဘူး!..နည်းနည်းထပ်စားဦး..အခုမှဘယ်လောက်ရှိသေးလို့လဲ"
ထိုင်ကြည့်နေတာအကောင်းမှတ်နေလား
ဆန်ပြုတ်ဘယ်နှစ်ဇွန်းဝင်လဲ
ရေနေတာ...
ခြောက်ဇွန်း..
ခြောက်ဇွန်းထဲစားပြီး ဗိုက်တင်းတယ်ပြော
နေပြီ..."ဟင့်! မစားချင်တော့ပါဘူးဆိုနေမှ.."
ယွန်းဂီရဲ့အကြည့်စူးစူးအောက်မှာ
ဂျီမင်းတစ်ယောက်ငိုမဲ့မဲ့နဲ့
ကမ္ဘာပေါ်မှာအမုန်းဆုံးဆန်ပြုတ်ကို
စိတ်ထဲမှာမေတ္တာပို့ရင်း
နောက်တစ်ဇွန်းခပ်စားလိုက်ရတယ်"တော်ပြီ..ဒီ့ထက်တော့ပိုမစားနိုင်တော့ဘူး"
"ဒါဆိုဆေးသောက်ရအောင်.."
"ခါးလားဟင်.."
ဒီကလေးပေါက်ဘယ်လိုဖြစ်နေတာလဲ
သူ့ကိုစိတ်မထိန်းနိုင်အောင်
လုပ်နေတာပဲ
တစ်ခုလောက်မေးပါဦးမယ်...
လူတိုင်းဖျားရင်အဲ့လိုပဲကလေးဆန်ပြီး
ချစ်စရာကောင်းသွားတတ်တာလား....တခြားသူတော့မသိဘူး
ယွန်းဂီရှေ့ကကလေးလေးကတော့
နှာဖျားလေးတွေကနီရဲပြီး
အရမ်းချစ်စရာကောင်းနေတယ်"ဆေးပါဆို.ခါးမှာပေါ့..ခါးမှလည်းရောဂါပျောက်တာပေါ့"
"မသောက်ချင်ဘူး.."
"မသောက်ချင်လို့မရဘူးလေ..ဖျားတာပျောက်သွားအောင်ဆေးသောက်မှရမယ်..ဆေးမသောက်လို့မင်းလေးတစ်ခုခုဖြစ်သွားရင်ကိုယ့်မှာရင်ကျိုးရချည်ရဲ့.."
ယွန်းဂီပြောလိုက်တော့
ပါးလေးတွေရဲလာပြီး
ခေါင်းကအောက်ငုံ့သွားသည် ပြီးမှ
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )