❣️Part 17❣️

1.2K 109 17
                                    

"ဒီကပြန်ရင် အရင်တိုက်ခန်းဆီပဲပြန်ပို့ပေး..ကျွန်တော်ခင်ဗျားနဲ့မနေချင်တော့ဘူး"

"မင်း!!!ဟာကွာ!!!"

ယွန်းဂီအရမ်းစိတ်ဒုက္ခရောက်သွားရတယ်
ဒီလိုပြောလာလိမ့်မယ်လို့
ထင်မထားတဲ့သူ့အတွက်
နွေခေါင်ခေါင်မှာ
မိုးကြိုးပစ်ချလိုက်သလိုပဲ

"ဘာဖြစ်နေတာလဲ...မင်းရဲ့စိတ်ကို ကိုယ်လုံးဝနားမလည်တော့ဘူး..ဘာတွေများဖြစ်သွားလို့ ဒီလောက်ထိပြောရက်ရတာလဲ!?"

".........."

"ကိုယ့်ဘက်ကမင်းအပေါ်အမှားကြီးကြီးလုပ်ခဲ့လို့ ဒီလိုဖြစ်သွားတယ်ဆိုရင် ထားပါတော့ကိုယ်လက်ခံနိုင်သေးတယ် အခုက...

အခုကဘာအကြောင်းပြချက်မှရေရေရာရာမရှိဘဲ ကိုယ့်ကိုဒီလိုလုပ်တာတော့...မင်းမဟုတ်သေးဘူးနော်"

"ဟာ...ချီးပဲ"

စိတ်ပျက်‌သလို
ခေါင်းကိုလက်ဖြင့်ဖွလိုက်ကာ
ငြီးငြူလိုက်တာကိုမြင်လိုက်တော့
သူ့စိတ်တွေက ဟိုးးးးအောက်ဆုံးထိကို
ပြုတ်ကျသွားတဲ့အတိုင်း...

ဂျီမင်းရဲ့ပုခုံးနှစ်ဖက်ကို
ဆုပ်ကိုင်ထားလိုက်တယ်

"ဂျီမင်း..ကလေးပြောတော့ ကိုယ့်ကိုချစ်တယ်ဆို အချစ်ဆုံးဆို..ကိုယ်လည်းမင်းကိုချစ်တယ်လေ ဘာလို့ကိုယ်နဲ့မနေချင်ရတော့တာလဲ....တစ်ခုခုများဖြစ်ခဲ့လို့လား"

"ဘာမှမဖြစ်ဘူး...ခင်ဗျားနဲ့မနေချင်တော့လို့ ခင်ဗျားနဲ့နေရတာ စိတ်ရှုပ်လို့ ရှင်းပြီလား!"

ဂျီမင်းပြောတဲ့စကားကို
ကြားလိုက်ရတဲ့အခိုက်အတန့်
နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်သွားအောင်နာကျင်သွားရတာ
ထိန်းထားတဲ့ကြားက
စီးကျလာတဲ့ပူနွေးတဲ့မျက်ရည်တွေက
သက်သေပါ..

ယွန်းဂီမျက်ရည်ကျတာကို
မြင်လိုက်ရတဲ့ ဂျီမင်းလည်း
စိတ်မကောင်း သူလည်း
အခုလိုဘယ်လုပ်ချင်ပါ့မလဲ...
.
.
.
.
.
.
.
.
.ညီမလေးခိုင်းလို့လုပ်ရတာ
အဲ့ကောင်မလေးက တစ်မျိုးပြီး
တစ်မျိုးလုပ်ခိုင်းတယ်
အဲ့ဒါမှ လူကြီးကသူ့ကို
ဘယ်လောက်ချစ်ကြောင်း
သိရမှာတဲ့

//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now