"မုန့်တွေအတွက်ကျေးဇူးပါ သားလေး"
" မလိုပါဘူး စစ္စတာ ကလေးတွေကိုဝအောင်ကျွေးပေးပါ စစ္စတာတို့လိုအပ်တာရှိရင်ကျွန်တော့်ကိုပြောနော် "
"ဘာမှမလိုအပ်တော့ပါဘူး ဂျီမင်းရယ် မင်းစစ္စတာတို့အတွက်လုပ်ပေးတာတော်တော်များပြီ ကိုယ်တိုင်သာအဆင်ပြေအောင်နေ ဟုတ်ပြီလား"
"ကျွန်တော့်ကိုဂရုတစိုက်စောင့်ရှောက်ပေးခဲ့တာ စစ္စတာတို့ပါ ကျွန်တော်ဒီလောက်တော့လုပ်ပေးရမှာပေါ့"
အလုပ်အားတဲ့အချိန်
ပိတ်ရက်လည်းဖြစ်တော့
ဂျီမင်းမုန့်တွေဝယ်ပြီး
ဂေဟာကကလေးတွေအတွက်
လာပို့ပေးတယ်အရင်ကလည်း မရှိရှိတဲ့ကြားက
အချိန်ပိုင်းလုပ်ရင်းရတဲ့ပိုက်ဆံလေးတွေကို
တဝက်ခွဲပြီး ဂေဟာအတွက်လိုအပ်တာ
တွေဖြည့်ဆည်းပေးနေကျဒါပေမဲ့ အလုပ်အတည်တကျ
ရသွားတော့ အလုပ်ဆင်းနေတာနဲ့
ဂေဟာလေးဘက်မလာဖြစ်တာကြာပြီလေ
ဒါကြောင့် ပိတ်ရက်လေးမှာ
ဂေဟာကစစ္စတာတွေနဲ့ကလေးတွေကို
တွေ့ရင်း အချိန်ပေးဖြစ်တယ်ညနေလောက်ကျမှအားလုံးကို
နှုတ်ဆက်ပြီးပြန်လာလိုက်တယ်လူကြီးရဲ့ဖုန်းကတန်းဝင်လာပါပြီ
"Hel..."
"ဂျီမင်း..ဂျီမင်းဘယ်ရောက်နေတာလဲ...ကိုယ့်မှာလိုက်ရှာနေရတာ..ဖုန်းကိုလည်းစက်ပိတ်ထားတယ်..ဘာဖြစ်လို့လဲ..အဆင်ပြေရဲ့လား..ကိုယ့်ကိုပြောပါဦးကွာ..ကိုယ်စိတ်ပူလိုက်တာ"
ဂေဟာမှာစစ္စတာတို့နဲ့
အေးအေးဆေးဆေးစကားပြောချင်
တာကြောင့်ဂျီမင်းဖုန်းကိုပိတ်ထားလိုက်မိတာတစ်ခုခုဖြစ်နေတယ်ထင်ပြီး
စိတ်ပူနေတဲ့လူကြီးအသံကြားတော့မှ
သူအမှားလုပ်မိမှန်းသိတော့တယ်"ဂျီမင်း..ကလေး..ပြန်ဖြေပါဦး...ကိုယ့်ကိုလန့်အောင်မလုပ်ပါနဲ့ကွာ.."
"အာ...လူကြီး ကျွန်တော်အဆင်ပြေပါတယ်..ဂေဟာရောက်နေလို့ ဖုန်းကိုခဏပိတ်ထားလိုက်မိတာ...တောင်းပန်ပါတယ် လူကြီး"
"ဟူး...တော်ပါသေးရဲ့...နောက်ဆိုတစ်နေရာရာသွားရင်ကိုယ့်ကိုအသိပေးပါ...တစ်နေကုန်ဖုန်းလည်းဆက်မရပဲပျောက်နေတာ..ဘာဖြစ်လို့ဖြစ်မှန်းမသိနဲ့...
YOU ARE READING
//❣️𝙻𝚘𝚟𝚎 𝚊𝚝 𝙵𝚒𝚛𝚜𝚝 𝚂𝚒𝚐𝚑𝚝❣️// ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )