အခန်း(၃)

12.2K 1.1K 96
                                    

{ Unicode }


အသက်ကမူနေတာ

တုန်လှုပ်စွာပင် ဇောချွေးပျံနေသော သူ၏လက်အားမြဲမြံစွာဆုပ်ကိုင်လို့ ထိုမုန်းစရာကောင်းသောသူသည် အပြုံးခပ်ကြီးကြီးဖြင့်ပျော်မြူးနေခဲ့ပါသည် ။ အမုန်းမျက်ဝန်းတွေကို မမြင်နိုင်လောက်အောင် ရူးသွပ်နေခဲ့ပြီလား!

ငါ့အမုန်းတွေကို မမြင်နိုင်ရတဲ့အထိ မင်းစုံကန်းနေပြီလား ဝမ်ရိပေါ်!

"ငါ့ကိုသွားခွင့်ပေး"

"ဖာသာရဲ့အရှေ့ထိရောက်နေပြီးခါမှ သွားခွင့်ပေး‌ဆိုတော့ ဘယ်သွားမှာလဲ မောင့်ရင်ခွင်ထဲကိုလား အသက်ရဲ့"

ရှက်စိတ် ၊ ဒေါသနဲ့ မခံမရပ်နိုင်ဖြစ်ပြီးစွေ့စွေ့ခုန်နေတဲ့ မာနတွေက မျက်လုံးထဲမှာလာပေါ်တယ် ။ အနီရောင်လှိုင်းတွန့်တွေ တဖိတ်ဖိတ်တောက်နေသော အမုန်းမျက်ဝန်းများသည်လည်း တစ်မျိုးချစ်စရာကောင်းနေတာပါပဲ ။ ချစ်သောမျက်စိဖြင့်သာကြည့်လို့ ဘာနေနေ ချစ်နေရတာလဲ ဝဠ်တစ်မျိုးပဲ ။

"ငါမင်းကိုမယူနိုင်ဘူး စောက်ရူးထတာအခုရပ် ဝမ်ရိပေါ်!"

ခပ်ကြိတ်ကြိတ်ပြောသံကို အာရုံမထားသည့်အလား ပြုံး၍သာနေနေသော အရှေ့ကလူနှင့် ဘယ်ဘဝကရေစက်ဆိုးတွေလဲမပြောတတ်တော့ပါပေ ။ ချစ်သူကိုပစ်ပြီး ဒီယောက်ျားကိုလက်ထပ်ရမယ်တဲ့လား! ဘယ်လိုတောင် အဓိပ္ပာယ်မဲ့လိုက်ပါလိမ့်နော်!

ဝမ်ရိပေါ်ကလက်ထဲကို ခလုတ်လေးတစ်ခုလူမသိအောင်ထိုးထည့်ပေးလာတယ် ။ ပြီးတော့ဖာသာရဲ့အနောက်က ပိတ်ကားအကြီးကြီးကို မျက်စိညွှန်လေသည် ။ တုန်လှုပ်နေ‌ပြီဖြစ်သော ရှောင်းကျန့်သည် မျက်ဝန်းများသာပြူးကျယ်နေပြီး ရင်အစုံကလည်းတဒုန်းဒုန်းခုန်နေခဲ့မှာသေချာသည် ။

"အမောင်ဝမ်ရိပေါ်က အမောင်ရှောင်းကျန့်ကို အကြင်လင်မယားအဖြစ်သတ်မှတ်ပေါင်းသင်းပါမည်လား"

"ပေါင်းသင်းပါမည်"

ဝမ်ရိပေါ်က ကတိသစ္စာစကားကို ပျော်ပျော်ကြီးပြုတယ် ။ ကျန်နေတာက ရှောင်းကျန့် ၊ ရှောင်းကျန့်ကရော လက်ခံမည်လား?

Wang's (မောင့်အပိုင်)Where stories live. Discover now