အခန်း(၁၇)

9.5K 856 49
                                    

{ Unicode }

လိမ္မာရင် မောင့်အတွက်ချည်းပဲ

အသက်ဟာ ကိုယ်ဝန်ရှ်ိနေသည်တဲ့ ။ ‌ယောကျာ်းလေးတစ်ယောက်ဟာ တခြားယောက်ျားလေးတစ်ယောက်ကြောင့် ကိုယ်ဝန်ရှိသည်တဲ့ ။ အသက်ပြောတာဟုတ်သော်ရှိ မဟုတ်သော်ရှိ မောင့်အချစ်တွေမှန်ရင် တကယ်ဖြစ်လိုက်စမ်းချင်တယ် ။

"မောင်ဘာလုပ်ပေးရမလဲ အသက်လေး"

အနားကနေကိုမခွာတော့တဲ့ ဝမ်ရိပေါ်ကြောင့် ခေါင်းပိုစားလာရတော့သည် ။ ဘာလို့များအဲ့လိုပေါက်ကရတွေပြောလိုက်မိတာပါလိမ့် ။

"ဘာမှမလိုဘူး မင်းအိမ်ပြန်တော့"

"မပြန်ချင်ပါဘူး မောင့်ကိုယ်ပွားလေး အသက်ဗိုက်ထဲမှာရှ်ိတယ်ဆို"

ရင်ထဲမှာလှုပ်စိလှုပ်စိ ၊ မဖြစ်နိုင်ဘူးလို့ ဦးနှောက်က သတိပေးနေသော်ငြား မောင့်နှလုံးသားကတော့ ဇွတ်ကိုဟုတ်ချင်နေတော့တာပဲ ။ အသက်ကတော့ဘာကိုလိုလို့ ဒီလိုပြောလိုက်သလဲမသိပေမဲ့ မောင်ကတော့လိုချင်ရာအကုန် ဖြည့်ဆည်းပေးဖို့အသင့်ဖြစ်နေခဲ့ပြီ ။

"ငါတစ်ယောက်ထဲလည်းဖြစ်တာမို့လို့ မင်းပြန်တော့"

"မပြန်ချင်ဘူး"

နှုတ်ခမ်းကြီးဆူပြီး ပေကပ်ကပ်နဲ့ခုံပေါ်ထိုင်နေတဲ့မောင်က ကလေးဆိုးကြီးလိုပဲ ။ ဘယ်လိုမှခွာထုတ်မရတဲ့အဆုံး အသက်လေးက ဒေါသသံပါလာတော့သည် ။

"ဝမ်ရိပေါ်! မင်းပြန်မှာလား မပြန်ဘူးလား!"

"ပြန် ပြန်မယ် ပြန်မှာမို့လို့ဒေါသမထွက်နဲ့ ကလေးအတွက်‌မကောင်းဘူး အသက်လေးရဲ့"

"အေး မကောင်းတာသိရင် မင်းပြန်လိုက်တော့ မင်းကလေးကိုငါဘာမှမလုပ်ချင်ဘူးနော်"

မျက်နှာလေးပေါ်မှာ သွေးရောင်ပျောက်သွားပြီး လန့်သွားတဲ့ဝမ်ရိပေါ်က သူ့သွေးသားဖြစ်တည်မှုဆိုတာကြီးကို မစဉ်းစားမဆင်ခြင်တော့ဘဲ ယုံချလိုက်ဟန်ရှိသည် ။ တုံးတာလား အတာလား ရူးချင်ယောင်ဆောင်တာလားမသိတော့ပေမဲ့ ပျားရည်လေးတော့ ပျားအကြီးကြီးတုပ်တာပါပဲ ။

Wang's (မောင့်အပိုင်)Where stories live. Discover now