အခန်း(၉)

9K 861 135
                                    

{ Unicode }

မောင်ငိုမှာနော်

"သားလေး အဆင်ရောပြေရဲ့လား"

ဖုန်းကိုင်ထားရင်းပဲဝမ်ရိပေါ်ကပြုံးလိုက်တယ် ။ အသက်နဲ့သူ့အကြောင်းသိချင်နေတဲ့ဖွားကို တစ်ချိန်မှာအမှန်ဖြစ်လာမဲ့မုသားနည်းနည်းသုံးရင်း အဖြေပြန်ပေးလိုက်မိသည် ။

"သူကသားကိုချစ်ပါတယ် သားတို့အဆင်လည်းပြေတယ် မောင်လို့တောင်ခေါ်သေးတာ သူက"

"တယ် ဒီကလေး အဆင်ပြေတယ်ဆိုရပြီပေါ့"

တစ်ဖက်ကဖွားကသူ့ရဲ့အကဲပိုမှုကြောင့် ဆူပူသလိုလေးပြောလာတယ် ။ သဘောကျစွာရယ်လိုက်ရင်း ဝမ်ရိပေါ်က ရေချိုးခန်းတံခါးကိုဖွင့်ပြီး အခန်းထဲဝင်လိုက်သည် ။

"ဖွားဆီဘယ်တော့လာလည်မှာလဲ သားကိုလွမ်းလှပြီ ၊ အလုပ်တွေအားရင် လာခဲ့ပါဦးသားရယ်"

"သားထုတ်ကုန်တစ်ခုစီစဉ်နေတာဖွားရဲ့ အဲ့တာပြီးရင်အားပြီ အသက်နဲ့အတူတူဖွားဆီလာခဲ့မယ်နော်အဲ့တော့မှ"

"အေးပါကွယ် ဖွားကအခုတလောသားကိုအရမ်းတွေ့ချင်နေလို့ပါ"

"ဟုတ်ကဲ့ပါဖွားရယ် သားအားတာနဲ့လာခဲ့ပါ့မယ် အခုတော့သားရေချိုးပြီးကာစမို့ ဖုန်းချလိုက်မယ်နော် နောက်မှအေးဆေးပြန်ဆက်မယ်"

"အော် အေးအေး ရေပြောင်သုတ်ဦးသား အအေးပက်မယ်"

"ဟုတ်ကဲ့ပါဖွား ချစ်တယ်နော်"

ဖွားဆီချွဲတော့ရယ်သံတိုးတိုးကြားရပြီးနောက် ဖုန်းကျသွားခဲ့သည် ။ ဝမ်ရိပေါ်ဆီမှာ ချစ်စရာဆိုလို့ ဖွားရယ်အသက်ရယ် နှစ်ယောက်ပဲရှိတာ ။ ဖုန်းကိုမှန်တင်ခုံပေါ်တင်လိုက်ပြီး အသက်ကိုကြည့်တော့ နေ့လည်ကစားသောက်ဆိုင်မှာ ပြဿနာတက်ခဲ့တာမို့ မောင့်ကိုဆိုဘယ်တုန်းကမှမချိုသာဖူးတဲ့အသက်ကလေးမျက်နှာက ခပ်တင်းတင်း ။ နှုတ်ခမ်းပါးတွေကိုတင်းအောင်စေ့ ၊ မျက်မှောင်လေးကျုံ့ထားရင်း မောင့်ကိုလျစ်လျူရှုတယ် ။ ကုတင်ပေါ်မှာထိုင်ရင်း Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့အသက်က အလုပ်ထဲအာရုံရောက်ပုံလည်းမပေါ်ပါဘူး ။ မောင့်ကိုမသိမသာခိုးကြည့်နေတာဟုတ်တယ်မလား မောင်သိပါတယ် ။

Wang's (မောင့်အပိုင်)Where stories live. Discover now