အသက်မောင့်လက်ကမလွတ်ပါဘူး
စာချုပ်လေးတစ်ခုပဲလေ ဘာအရေးလဲ?
ဟုတ်တယ် စာချုပ်လေးပဲ ။မောင်စောင့်နေမယ်ဆိုတဲ့ စကားကိုနားထဲကမထွက် ၊ ပေါက်ထားပြဲထားတဲ့ နှုတ်ခမ်းလွှာတွေက အိမ်ပြန်ဖို့ကို သတိကြီးကြီးပေးနေသလိုပဲ ။
ဝမ်ရိပေါ်က တကယ်ကိုဆိုးတဲ့ကောင်
ရှောင်းကျန့်မှာ နေမရ ထိုင်မရ ရင်တလှပ်လှပ်တုန်လို့ အိမ်ပြန်လမ်းကိုသွေဖယ်လို့ ဘယ်ချောင်ဝင်ခိုရမလဲ တွေးနေမိပြီ ။"Ring! Ring!"
တုန်ခါလာတဲ့ဖုန်းကလေးရဲ့ ခေါ်ဆိုသူက အလွတ်ရနေတဲ့နာပါတ်ပိုင်ရှင် ။ လည်ဇလုတ်လေးအထက်အောက် ရွေ့သွားတဲ့အသက်က မကိုင်ဖို့ကိုရွေးချယ်လိုက်တယ် ။
သူ့ဘဝသူပိုင်တယ် ၊ သူ့နှလုံးသားကိုသူပိုင်တယ် ၊ ဘယ်သူ့ဘယ်သူရဲ့လွှမ်းမိုးမှုအောက်ကိုမှ သူအရောက်မခံနိုင်ဘူး ။ အသက်ကိုခပ်ပြင်းပြင်းရှူထုတ် ရှူသွင်းလို့ဝမှ မတ်တပ်ထရပ်လိုက်ပြီး ကားသော့ဆွဲကာ ရုံးဆင်းလိုက်တယ် ။ မနက်ဖြန် Laptop အသစ်တစ်လုံး စားပွဲပေါ်ရောက်နေဖို့ အတွင်းရေးမှူးကိုပြောထားသည် ။ မောင်ဆိုတဲ့ကောင်ကြောင့် Laptopကြီးလည်း ကြမ်းနဲ့ထိပြီး တစ်စစီဖြစ်သွားတယ်မလား ၊ Laptop နေရာမှာ အဲဒီ့မောင်ဆိုတဲ့ ဝမ်ရိပေါ်သာဖြစ်လိုက်ပါတော့..ကြေမွသွားအောင် တစ်စစီနင်းခြေပစ်လိုက်ချင်လို့...
"အာ..ပြုတ်ကျကုန်ပြီ"
ဓာတ်လှေကားကနေထွက်တော့ ဝင်တိုက်မိတာက ဝန်ထမ်းကောင်မလေးတစ်ယောက်ကို ၊ ပြန့်ကျဲကုန်တဲ့ စာရွက်တွေကိုကြည့်ရင်းပဲ ရှောင်းကျန့်က မျက်မှောင်ကျုံ့သည် ။
ငါတစ်ယောက်လုံးကိုတောင် မမြင်ဘူးလား!
ကူကောက်ပေးမလားဆိုပြီး မော့ကြည့်မော့ကြည့်လုပ်နေတဲ့ကောင်မလေးက ရှောင်းကျန့်အကြောင်းကိုမသိဟန်တူသည် ။ ခြေလှမ်းတွေကိုပြင်တော့ ထိုကောင်မလေးက လှမ်းပြောတော့သည် ။
"နည်းနည်းပါးပါး တောင်းပန်ဖို့စိတ်ကူးမရှိဘူးလားရှင့်! ရှင်ဝင်တိုက်တာလေ"