အခန်း(၁၁)

8.8K 781 48
                                    

{ Unicode }

မောင်ဟာ ပန်းဆိပ်စူးနေတဲ့
ပန်းသီးစိမ်းတစ်လုံး

Bus ပေါ်ကနေဆင်းပြီးပြီးချင်း အကိုရောက်နေပြီအထင်နဲ့ cafeဆိုင်ကိုရောက်အောင် အမြန်ပြေးရတယ် ။ အကိုကမြင်ရခဲတယ်‌ အရိပ်ကလေးပဲဖြစ်ဖြစ် ဒီနေ့တော့ဖမ်းမိမှဖြစ်မယ် မဟုတ်ရင် ဝမ်ရိပေါ်လွမ်းရလွန်းလို့ သေတော့မှာ ။

"စောလှချည်လား"

ဆိုင်ထဲရောက်တော့ အကြောင်းသိနေတဲ့ waiter သူငယ်ချင်းက ဆိုင်ကိုသန့်ရှင်းရေးလုပ်နေရင်း ဝမ်ရိပေါ်ကိုလှည့်ကြည့်ပြီးပြောလာတယ် ။ ရယ်ကျဲကျဲနဲ့သွားဖြီးပြလိုက်ပြီး အကိုထိုင်နေကြခုံကို ကောင်းကောင်းမြင်ရတဲ့ နေရာမှာဝင်ထိုင်လိုက်တယ် ။ ဖွားပြင်ပေးတဲ့မနက်စာကိုတောင်မစားနိုင်ဘဲ ဟန်ဟွားရဲ့ IG မှာတင်ထားတဲ့ To Cafe ဆိုတဲ့ပိုစ့်ကြောင့် ဝမ်ရိပေါ်ဒီကို အမြန်ဆုံးရောက်လာခဲ့ခြင်း ။ အကိုကအမြဲတမ်း ဟန်ဟွားနဲ့တပူးပူးတတွဲတွဲ ။ တွဲနေတာလား သူငယ်ချင်းဆက်ဆံရေးလားတော့ ဝမ်ရိပေါ်မသိဘူး ။ ဒါပေမဲ့ ဟန်ဟွားရှိတဲ့နေရာမှာ အကိုလည်းရှိတယ်ဆိုတာတော့ ဝမ်ရိပေါ်သိတယ် ။

"ဘာစားပြီးပြီးလဲ ရိပေါ်"

မဖြေခင် ဝမ်ရိပေါ်ကနာရီကိုတစ်ချက်လှမ်းကြည့်လိုက်သေးတယ် ။

"မစားတော့ဘူး အကိုကခဏပဲနေမှာလား ကြာကြာနေမှာလားငါမသိဘူး မှာပြီးမှအကိုကရောက်လာပြီးခဏလေးနဲ့ပြန်ထွက်သွားရင် မစားရဘဲနေမယ်"

"မင်းမလည်း ငါစိတ်ဆင်းရဲတယ်"

သူငယ်ချင်းရဲ့ ဝမ်ရိပေါ်အပေါ် ငြီးငြူသံကိုနားထောင်ပြီး ထုံးစံအတိုင်း ဝမ်ရိပေါ်ကရယ်ကျဲကျဲလုပ်နေတော့တာပါပဲ ။

"ကလင် ကလင်"

ဆိုင်ရဲ့ခေါင်းလောင်းသံလေးနဲ့အတူ စကားသံလေးတွေ ဝင်လာတယ် ။ စကားသံလေးတွေနဲ့အတူ အကိုရော..

"နင်ဒီဆိုင်မှာထိုင်တတ်တာငါအခုမှသိတယ် လျှိုထားတာကြည့်ဦး"

"အင်း"

အကိုကမယုတ်မလွန် အင်း တစ်ခွန်းတုန့်ပြန်ပြီး သူထိုင်နေကြနေရာမှာဝင်ထိုင်တယ် ။ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဝမ်ရိပေါ်ဆီ မျက်လုံးဝေ့ရင်းကြည့်လာတော့ ဝမ်ရိပေါ် အသက်ရှုအောင့်လိုက်မိတယ် ။

Wang's (မောင့်အပိုင်)Where stories live. Discover now