အခန်း(၈)

9.8K 951 70
                                    

{ Unicode }

ပျားရည်ကချိုပေမဲ့ အဆိပ်ပြင်းတယ်
မောင်ဆိုတဲ့ကောင်ရဲ့!

"အသက်ကသိပ်‌ဆိုးတယ်"

နားထဲရေးရေးလေးကြားနေရတဲ့အသံကြောင့် မောင်ကြိုက်တဲ့ပျားရည်လေးက လှုပ်စိလှုပ်စိ ။ ညအိပ်ဝတ်စုံ အနီရောင် ဝမ်းဆက်လေးနဲ့ ကုတင်ပေါ်မှာ အသက်ကကွေးကွေးလေးအိပ်နေတယ် ။ မောင်ကအသက်ကလေးရဲ့အနောက်မှာ.. ခါးလေးကိုသိမ်းဖက် ၊ ပုခုံးပေါ်မျက်နှာအပ်ရင်း မောင်က အသက်ကလေးဆိုးတဲ့အကြောင်း တဖွဖွပြောနေတယ် ။

ပျားရည်လေး condo ထဲဝင်ဖို့ကလွယ်လွယ်ကလေးရယ် ၊ ခက်ခဲလွန်းတဲ့ password ‌‌တွေမထားပါနဲ့လို့ မောင်ကပြောချင်တယ် ။ ဟန်ဟွားရဲ့မွေးနေ့ကို မောင်သိနေတာကခက်တာပါပဲ.. ဆိုင်သူပိုင်သူရဲ့ အမှတ်အသားကိုပဲ ထားသင့်တယ်မလား!

Password ကို မောင့်‌မွေးနေ့ပြောင်းထားတယ် အသက်ကလေးသိပါစေကွယ်..

မောင့်အနမ်းတွေက တဖြေးဖြေးကြမ်းလာတော့ အသက်ကလေးနိုးရလေပြီ ။ တုန်ယင်သွားတဲ့ခန္ဓာကိုယ်လေးနဲ့အတူ ကြောက်လန့်သွားတဲ့ အသက်ကလေးက မောင်မှန်းတန်းသိသွားပုံပါပဲ ။ နောက်ကိုမျက်ရည်တွေဝဲရင်း လှည့်ကြည့်လာတယ် ။ မောင်ပြုံးပြလိုက်တော့ အသက်ကမဲ့တယ် ။

"မင်း.."

"အင်း မောင်လေ"

ဘာမှဆက်မပြောနိုင်ဘဲ အလန့်ကြီးလန့်နေတဲ့အသက်ကလေးက လုပ်ချင်တာတွေလုပ်ပြီးတိုင်း ကြုံလာရမဲ့ပြစ်ဒဏ်တွေကိုတော့ သေမတတ်ကြောက်ပါသည် ။ ဒါလည်းသူမဆင်မခြင်နဲ့ မောင်က မလုပ်ပါနဲ့လို့ တားမြစ်ထားတဲ့အရာတွေကို သူလုပ်နေဆဲပါပဲ ။

"မကောင်း.."

"အင်း မကောင်းတဲ့ကောင်က အသက်ရဲ့ယောက်ျားလေ ပါးစပ်ကလေးပိတ်ထားတာက အခုချိန်မှာ အသက်အတွက်ပိုအဆင်ပြေမယ်နော်"

ကျိန်ဆဲချင်နေတဲ့နှုတ်ခမ်းလေးက သာသာကလေးဟပြီးမှ ပြန်ပိတ်သွားတယ် ။ မောင်က သက်ပြင်းရှည်ရှည်တစ်ချက်ချပြီး အသက်ကလေးကို မောင့်ဘက်သေချာလှည့်လိုက်ကာ နေရာချပေးတယ် ။ ခါးလေးကိုသိမ်းဖက်ရင်း အသက်ရင်ခွင်ထဲတိုးကာအိပ်စက်လေတော့ ငြိမ်နေတဲ့ပျားရည်လေးက ရင်ခုန်သံတွေတော့တဒိန်းဒိန်းရယ် ။ ရင်ခုန်တာထက် ရင်တွေတုန်နေတာဆိုပိုမှန်လောက်တယ် ။

Wang's (မောင့်အပိုင်)Where stories live. Discover now